Tuesday, February 2, 2016

အက်ဖ်အေဖလားစတုတ္ထအဆင့်ချယ်လ်ဆီးတို့ ဂိုးပြတ်အနိုင်ရ

သီဟ-ရေးသည်

အင်္ဂလန်အက်ဖ်အေဖလားစတုတ္ထအဆင့်ပွဲစဉ်များကို ဒီဇင်ဘာ ၃၁ ရက် ညပိုင်းက ဆက်လက်ယှဉ်ပြိုင်ကစားခဲ့ရာ အမ်ကေဒွန်းနှင့် ချယ်လ်ဆီးပွဲစဉ်တွင် ချယ်လ်ဆီးအသင်း အဝေးကွင်း၌ ငါးဂိုး- တစ်ဂိုးဖြင့် ဂိုးပြတ်အနိုင်ရခဲ့သည်။

ချန်ပီယံရှစ်မှ အမ်ကေဒွန်း အသင်းသည် တန်းဆင်းဇုန်နားအဆင့် (၂ဝ) တွင် ရုန်းကန်နေရသည့် အသင်းဖြစ်ပြီး ပရီမီယာလိဂ်မှ ချယ်လ်ဆီးအသင်းသည် နည်းပြ ဟစ်ဒင့်ခ်လက်ထက်တွင် ပြန်လည် ဦးမော့လာကာ အဆင့်(၁၃) တွင် ရပ်တည်နေသည်။

ယင်းပွဲတွင် နှစ်သင်းစလုံး ၄-၂-၃-၁ ကစားကွက်ဖြင့် ပွဲထွက်လာခဲ့ ကြသည်။ နည်းပြရော်ဘင်ဆန်၏ အမ်ကေဒွန်းပွဲထွက် လူစာရင်းတွင် ဘိုးဒစ်ခ်ျ၊ ပေါ့တာ၊ ဂျို့မာဖီ၊ ရိုဘတ် ဟဲလ်၊ ကာရပ်သာစ်၊ ဖော်စတာ ကက်စ်ကီး၊ လီဝင်တန်၊ ဂျိုးဝက်ခ်ျ၊ ဖတ်ဇီး၊ စပန်ဆီနှင့် ဂိုး-ဒေးဗစ်မာတင် တို့ ပါဝင်ခဲ့သည်။ နည်းပြဟစ်ဒင့်ခ်၏ ချယ်လ်ဆီးအသင်းတွင် ကော်စတာ၊ မာတစ်၊ ဟာဇတ်၊ လော့ဖ်တပ် ချိခ်၊ အော်စကာ၊ ဖာဘရီဂတ်စ်၊ ဘာဘာ၊ ဂျွန်တယ်ရီ၊ ကာဟေးလ်၊ အိုင်ဗန် နိုဗစ်နှင့် ဂိုး-ကော့တွိုက်စ်တို့ ပွဲထွက် ခဲ့သည်။
ပွဲချိန် ၁၆ မိနစ်တွင် အော်စကာ ကချယ်လ်ဆီးအတွက် ဦးဆောင်ဂိုး သွင်းယူခဲ့ပြီး ၂၂ မိနစ်တွင် အမ်ကေ ဒွန်းအတွက် ချေပဂိုးကို ကွင်းလယ် ကစားသမား ပေါ့တာက သွင်းယူ ခဲ့သည်။ ပွဲချိန် ၃၂ မိနစ်နှင့် ၄၄ မိနစ် တွင် ကွင်းလယ်ကစားသမား အော်စကာက ချယ်လ်ဆီးအတွက် အနိုင်ဂိုးများသွင်းယူခဲ့သည်။
ပထမပိုင်းတွင် ချယ်လ်ဆီး အသင်းသည် အော်စကာ၏ ဟက်ထရစ်သွင်းဂိုးနှင့်အတူ သုံးဂိုး-တစ်ဂိုးဖြင့် ဦးဆောင်ထား ခဲ့သည်။

ဒုတိယပိုင်း၌ ချယ်လ်ဆီးအတွက် အနိုင်ဂိုးများကို ၅၅ မိနစ်တွင် ပယ်နယ်တီရရှိ၍ ဟာဇတ်ကသွင်းယူ ခဲ့ပြီး ၆၂ မိနစ်တွင် ဘာထရန့်ထရာ အိုရေးက သွင်းယူခဲ့သည်။
ပွဲပြီးချိန်တွင် ချယ်လ်ဆီးအသင်း ငါးဂိုး-တစ်ဂိုးဖြင့် ဂိုးပြတ်အနိုင်ရကာ အက်ဖ်အေဖလား နောက်တစ်ဆင့် သို့ တက်ရောက်သွားသည်။

အမ်ကေဒွန်း အသင်းသည် အက်ဖ်အေဖလား ဆီမီးဖိုင်နယ် ထိ တက်ရောက်နိုင်ခြင်းမရှိဘဲ ချယ်လ်ဆီးအသင်းမှာ ဗိုလ်လုပွဲသို့ ၁၁ ကြိမ် တက်ရောက်ခဲ့ပြီး ခုနစ်ကြိမ် ဖလားရရှိကာ လေးကြိမ် ဒုတိယရရှိထားသော အသင်းဖြစ် သည်။

No comments:

Post a Comment