Sunday, February 28, 2016

ဒေသ၏ ကျန်းမာရေးစောင့်ရှောက်မှုအဆင့်အတန်းကို မြှင့်တင်နိုင်ရန် သူနာပြုနှင့်သားဖွားသင်တန်းကျောင်း


Myanmaalinn's photo.
 နေပြည်တော် ဖေဖော်ဝါရီ ၂၇

ကျန်းမာရေးဝန်ကြီးဌာန ဆေး ဘက်ဆိုင်ရာ လူ့စွမ်းအားအရင်း အမြစ်ဖွံ့ဖြိုးတိုးတက်ရေးနှင့် စီမံခန့်ခွဲ ရေးဦးစီးဌာန သူနာပြုနှင့်သားဖွား သင်တန်းကျောင်း ဖွင့်ပွဲအခမ်းအနား ကို ယနေ့ ညနေပိုင်းတွင် စစ်ကိုင်း တိုင်းဒေသကြီး ကလေးမြို့ရှိ အဆိုပါ သင်တန်းကျောင်း ရှေ့မျက်နှာစာ၌ ကျင်းပရာ နိုင်ငံတော်သမ္မတ ဦးသိန်းစိန် တက်ရောက်၍ ကမ္ပည်း ကျောက်စာတိုင်ကို စက်ခလုတ်နှိပ် ဖွင့်လှစ်ပေးသည်။
အဆိုပါ အခမ်းအနားသို့ ပြည်ထောင်စုဝန်ကြီးများ၊ တိုင်းဒေသ ကြီးဝန်ကြီးချုပ်၊ တပ်မတော်အရာရှိ ကြီးများ၊ ဒုတိယဝန်ကြီးများ၊ တိုင်းဒေသကြီး ဝန်ကြီးများ၊ ခရိုင်နှင့် မြို့နယ်အဆင့် ဌာနဆိုင်ရာများ၊ သင်တန်းနည်းပြ ဆရာ ဆရာမများ၊ သင်တန်းသား သင်တန်းသူများနှင့် တာဝန်ရှိသူများ တက်ရောက်ကြ သည်။
ဖွင့်ပွဲ ပထမပိုင်းတွင် ပြည်ထောင်စုဝန်ကြီး ဒေါက်တာ သန်းအောင်၊ တိုင်းဒေသကြီးဝန်ကြီး ချုပ် ဦးသာအေး၊ သင်တန်းကျောင်း အုပ် ဒေါက်တာဝေဝေလွင်၊ ချင်း တိုင်းရင်းသူလေးတစ်ဦးနှင့် မြန်မာ တိုင်းရင်းသူလေး တစ်ဦးတို့က သင်တန်းကျောင်းကို ဖဲကြိုးဖြတ်၍ ဖွင့်လှစ်ပေးကြသည်။
ယင်းနောက် နိုင်ငံတော်သမ္မတ က သင်တန်းကျောင်း ကမ္ပည်း မော်ကွန်းကို စက်ခလုတ်နှိပ်ဖွင့်လှစ် ပေးပြီး အမွှေးနံ့သာရည်ဖြင့် ပက်ဖျန်း ပေးကာ အခမ်းအနားသို့ တက်ရောက် လာကြသူများနှင့်အတူ စုပေါင်း၍ မှတ်တမ်းတင်ဓာတ်ပုံ ရိုက်ကြသည်။
ထို့နောက် နိုင်ငံတော်သမ္မတ နှင့် အဖွဲ့ဝင်များသည် သူနာပြုနှင့် သားဖွားသင်တန်းကျောင်း အဆောက် အအုံအတွင်း လှည့်လည်ကြည့်ရှု စစ်ဆေးရာ တာဝန်ရှိသူများက လိုက်လံရှင်းလင်းပြသကြသည်။
ဆက်လက်၍ နိုင်ငံတော်သမ္မတ နှင့် အဖွဲ့ဝင်များသည် သူနာပြုနှင့် သားဖွားသင်တန်းကျောင်း အစည်း အဝေးခန်းမ၌ ကျင်းပသည့် သူနာပြု နှင့်သားဖွားသင်တန်းကျောင်းဖွင့်ပွဲ ဒုတိယပိုင်းအခမ်းအနားသို့ တက် ရောက်သည်။
အခမ်းအနားတွင် ပြည်ထောင်စု ဝန်ကြီး ဒေါက်တာသန်းအောင်က သူနာပြုနှင့် သားဖွားသင်တန်း ကျောင်း တည်ဆောက်ဖွင့်လှစ်ရခြင်း နှင့်ပတ်သက်၍ ရှင်းလင်းတင်ပြ သည်။
ယင်းနောက် နိုင်ငံတော်သမ္မတက ၂ဝ၁၁ ခုနှစ်မှ စတင်ပြီး ပြည်သူ့ဆန္ဒ နှစ်ရပ်ဖြစ်သည့် တည်ငြိမ်အေးချမ်း မှုနှင့် ဖွံ့ဖြိုးတိုးတက်မှုကို အကောင် အထည်ဖော်နိုင်ရန်အတွက် နိုင်ငံရေး၊ စီးပွားရေး၊ အုပ်ချုပ်ရေးနှင့် ပုဂ္ဂလိက ကဏ္ဍပြုပြင်ပြောင်းလဲရေး လုပ်ငန်း စဉ်(၄)ရပ်ကို အကောင်အထည်ဖော် ဆောင်ရွက်မှု၊ ပြည်သူလူထု ကျန်းမာ ရေး အဆင့်အတန်းမြင့်မားရေး အတွက် ကုသရေး၊ ကာကွယ်ရေး အမြင်၊ ကျန်းမာရေးအသိပညာပေး ရေးကိုပါ ပူးတွဲဆောင်ရွက်ရန် လိုအပ်မှု၊ ကလေးဒေသဖွံ့ဖြိုး တိုးတက်ရန်အတွက် လိုအပ်သော လမ်းပန်းဆက်သွယ်ရေး၊ ပညာရေး၊ လျှပ်စစ်ကဏ္ဍများ ပြည့်စုံအောင် ဆောင်ရွက်ပေးပြီးဖြစ်၍ ဒေသဖွံ့ဖြိုး ရေးအတွက် ပြည်သူအားလုံး ကြိုးပမ်း ဆောင်ရွက်ရန် လိုအပ်မှုအခြေအနေ များကို ရှင်းလင်းပြောကြားသည်။
ထို့နောက် သင်တန်းကျောင်းအုပ် ဒေါက်တာဝေဝေလွင်က နိုင်ငံတော် သမ္မတ ဦးသိန်းစိန်၊ ပြည်ထောင်စု ဝန်ကြီး ဒေါက်တာသန်းအောင်နှင့် တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးသာအေး တို့ထံ ဖွင့်ပွဲအထိမ်းအမှတ် လက်ဆောင်များကို ပေးအပ်ပြီး မြို့မိမြို့ဖ ဦးပုမ်းဇကမ်းက ဒေသခံ ပြည်သူများကိုယ်စား ကျေးဇူးတင် စကား ပြန်လည်ပြောကြားသည်။
ယနေ့ဖွင့်လှစ်လိုက်သည့် သူနာ ပြုနှင့် သားဖွားသင်တန်းကျောင်း သည် ဒေသ၏ သူနာပြုနှင့်သားဖွား များ လိုအပ်ချက်ဖြည့်ဆည်းပေးနိုင် ရန်၊ ဒေသ၏ကျန်းမာရေးစောင့်ရှောက် မှုအဆင့်အတန်းကို မြှင့်တင်နိုင်ရန် နှင့် ဒေသခံများ ပညာဆည်းပူးနိုင် မည့် အခွင့်အလမ်းနှင့် အလုပ်အကိုင် အခွင့်အလမ်းများ ပိုမိုရရှိနိုင်ရန် စသည့် ရည်ရွယ်ချက်များဖြင့် ၂ဝ၁၄-၂ဝ၁၅ ဘဏ္ဍာရေးနှစ် ခွင့်ပြု ရန်ပုံငွေ ကျပ်သန်း ၂၉၈၄ ဒသမ ၃၃ဝ အကုန်အကျခံကာ အကောင် အထည်ဖော် ဆောင်ရွက်ခြင်းဖြစ် ကြောင်း သိရသည်။
(သတင်းစဉ်)

No comments:

Post a Comment