Sunday, February 28, 2016

ဆီးရီးယားအပစ်ရပ်စဲရေး ထိရောက်မှုရှိဟုဆို


Myanmaalinn's photo.
 ဘေရွတ် ဖေဖော်ဝါရီ ၂၇

အမေရိကန်-ရုရှားတို့၏ အစီအစဉ်အောက်တွင် ငါးနှစ်ကြာ ပြည်တွင်းစစ်အဆုံးသတ်ရေး အပစ်အခတ်ရပ်စဲရန် ကြိုးပမ်းခဲ့ပြီးနောက် စနေနေ့တွင် ဆီးရီးယားအနောက်ပိုင်းဒေသအများစု၌ တိုက်ပွဲများ ရပ်နားလျက်ရှိသည်။
အင်အားကြီးနိုင်ငံများ၏ စေ့စပ်ညှိနှိုင်းမှုအရ ပြည်တွင်းစစ်အဆုံးသတ်ရန် ကြိုးပမ်းမှုမှာ မအောင်မြင်ဘဲ ရှိသည်။ ဆီးရီးယားအစိုးရနှင့် သူပုန်များ ယာယီ အပစ်အခတ်ရပ်စဲပြီး အရပ်သားများထံ အကူအညီရရှိ စေရန်နှင့် ငြိမ်းချမ်းရေးဆွေးနွေး ပွဲ ပြန်စရန် ကြိုးပမ်းခဲ့ကြသည်။
စနေနေ့ည သန်းခေါင်ယံမှ စတင်သည့် ယာယီအပစ်အခတ် ရပ်စဲရေးကြောင့် ဆီးရီးယား အနောက်ပိုင်း ဒေသအများစု အပစ် အခတ်ရပ်စဲခဲ့ကြောင်း စောင့်ကြည့် လေ့လာရေးနှင့် ကုလသမဂ္ဂက ပြောသည်။ ယာယီအပစ်ရပ်စဲမှု သည် ထိရောက်မှုရှိပြီး တိုက်ခိုက် ရေး လမ်းကြောင်းသစ်များကို ရှောင်ကြဉ်ရန် မျှော်လင့်ထား ကြောင်း ကုလသမဂ္ဂက ပြောသည်။
ဒမတ်စကတ်နှင့် မဟာမိတ် ရုရှားတို့ကအဆိုပါ အပစ်ရပ်စဲမှုကို အတိုက်အခံများအား ပါဝင်ကြရန် တိုက်တွန်းလိုက်သည်။
ယာယီ အပစ်ရပ်စဲမှုသည် အိုင်အက်စ်နှင့် အယ်လ်ခိုင်ဒါတို့နှင့် သက်ဆိုင်လိမ့်မည် မဟုတ်ဟု ဆို သည်။

(ရိုက်တာ)

No comments:

Post a Comment