Tuesday, February 2, 2016

မြင်းမူမြို့ရွှေတောင်တိုးဂိတ်အနီး လိုက်ထရပ်ယာဉ်မီးလောင်



The Mirror Daily's photo.


မြင်းမူ ဖေဖော်ဝါရီ ၁

မုံရွာဘက်မှ မန္တလေးဘက်သို့ ဖေဖော်ဝါရီ ၁ ရက် နံနက် ၉ နာရီ မိနစ် ၅ဝ ခန့်က အမရပူရမြို့ ပိန်းတန်း ရပ်နေ ယာဉ်မောင်း ဦးမိုးသူ(၄၆)နှစ် မောင်းနှင်ပြီး ဘေးတွင် တယ်လီနော ကုမ္ပဏီဝန်ထမ်းတစ်ဦးလိုက်ပါလာသည့် 8K/-------- လိုက်ထရပ်ယာဉ်သည် မြင်းမူမြို့ ရွှေတောင်တိုးဂိတ်အနီး မိုင်တိုင်အမှတ်(၄၅/၆)နှင့် (၄၅/၇)အကြားတွင် ကားနောက်ခန်းတွင် တင်ဆောင်လာသည့် ဟွန်ဒါ မီးစက်မှ ဓာတ်ဆီယိုဖိတ်ပြီး ယာဉ်၏ကိုယ်ထည်နှင့် မီးစက်ကိုယ်ထည်တို့ ပွတ်တိုက်ရာမှ မီးစတင်လောင်ကျွမ်းခဲ့သည်။ ထိုသို့ လောင်ကျွမ်းစဉ် အနီးရှိ ရွှေတောင်တိုးဂိတ်ဝန်ထမ်းများ၊ ရေဦးဆီဆိုင်မှ ဝန်ထမ်းများက မီးသတ်ဆေးဘူးများဖြင့် ဝိုင်းဝန်း ငြှိမ်းသတ်ခြင်း၊ ပြည်သူများက သဲများဖြင့်ပက်ခြင်းတို့ ဆောင်ရွက်ကြပြီး မြို့နယ်မီးသတ် ဦးစီးမှူးနှင့် မီးသတ်တပ်ဖွဲ့ဝင်များက မီးငြှိမ်းသတ် ယာဉ်သုံးစီးတို့ဖြင့် ဝိုင်းဝန်းငြှိမ်းသတ်ခဲ့ကြသည်။

မီးလောင်မှုကြောင့် ဟွန်ဒါမီးစက် (အသေး)တစ်လုံး၊ ကားအပိုဘီး တစ်လုံး၊ သုံးထပ်သား လေးချပ်၊ ကားနောက်ပိုင်းနှင့် ရှေ့ခန်းတို့ အနည်းငယ်မီးလောင်ဆုံးရှုံးခဲ့ပြီး လူ ထိခိုက်မှုမရှိကြောင်း သိရသည်။

ဖြစ်စဉ်နှင့်ပတ်သက်၍ မြင်းမူ မြို့မ ရဲစခန်းက အမှုဖွင့်အရေးယူ ထားကြောင်း သိရသည်။
(၆၂၄)

No comments:

Post a Comment