Sunday, February 28, 2016

ဘီလျံနာအများဆုံးနိုင်ငံ တရုတ်နိုင်ငံဖြစ်လာ



Myanmaalinn's photo.
 ပေကျင်း ဖေဖော်ဝါရီ ၂၇

တရုတ်နိုင်ငံတွင် ဘီလျံနာသန်းကြွယ်သူဌေးအရေအတွက် ၅၆၈ ဦး ရှိလာပြီဖြစ်၍ ကမ္ဘာပေါ်တွင် ဘီလျံနာအများဆုံးရှိသည့် အမေရိကန် နိုင်ငံ၏ သန်းကြွယ်သူဌေး ၅၃၅ ဦးထက် ကျော်လွန်သွားပြီဖြစ်ကြောင်း တရုတ်ဟူရန်းမဂ္ဂဇင်းက ရေးသားထားသည်။
အဆိုပါ ဟူရန်းမဂ္ဂဇင်းသည် လစဉ်ထုတ်စာစောင်ဖြစ်ပြီး တရုတ်နိုင်ငံ၏ ချမ်းသာသူများစာရင်းနှင့်အတူ လူပုဂ္ဂိုလ်တစ်ဦးချင်း ချမ်းသာကြွယ်ဝမှုကို ဖော်ပြလျက်ရှိသည်။
တရုတ်နိုင်ငံ၏ ဘီလျံနာအရေအတွက်သည် သြဂုတ်လအတွင်းက အမေရိကန်အရေအတွက်ကို ကျော်ဖြတ်ခဲ့ကြောင်း၊ ပြီးခဲ့သောနှစ်က ၉ဝ ကျော်တိုးတက်ခဲ့ကြောင်း ၄င်းမဂ္ဂဇင်းက ဖော်ပြသည်။
ဒါလီယံဝမ်ဒါအုပ်စု ဥက္ကဋ္ဌ ဝမ်ကျန်လင်းသည် အမေရိကန်ဒေါ်လာ ၂၆ ဘီလီယံဖြင့် တရုတ်နိုင်ငံတွင် အချမ်းသာဆုံးအမျိုးသားဖြစ်လာသည်။ တရုတ်နိုင်ငံ၏ ချမ်းသာမှုအများဆုံး သူဌေးများသည် အိမ်ရာလုပ်ငန်းရှင် များဖြစ်ပြီး ဘီလျံနာ ၁၁၇ ဦးရှိသည်။ ထုတ်လုပ်မှုမှာ ဘီလျံနာအားလုံး၏ ၉၄ ရာခိုင်နှုန်းရှိကာ နည်းပညာဖြင့်ချမ်းသာသူမှာ ၆၈ ရာခိုင်နှုန်းရှိသည် ဟု ဆိုသည်။

(ဆင်ဟွာ)

No comments:

Post a Comment