Sunday, February 28, 2016

နီပေါတွင်လေယာဉ်ပျက်ကျ၊ လေယာဉ်မှူးနှစ်ဦးသေဆုံး



Myanmaalinn's photo.
ကလိုင်ကော့တ်(နီပေါ) ဖေဖော်ဝါရီ ၂၇

နိပါဝန်မှ ဂျစ်လာသို့ဦးတည်သွားသော ကဲ့စ်သာမန်ဒပ်လေကြောင်းလိုင်းမှ 9N-AJB လေယာဉ်သည် သောကြာနေ့က နီပေါအနောက်ဘက် ကလိုင် ကော့တ် ဒေသ၌ပျက်ကျခဲ့ရာ လေယာဉ်မှူးများသေဆုံးခဲ့ပြီး လေယာဉ် ပေါ်ပါခရီးသည် ကိုးဦးစလုံး ဒဏ်ရာရခဲ့ကြကြောင်း ခိုင်မာသောသတင်း ရင်းမြစ်များကို ကိုးကား၍ ဆင်ဟွာသတင်းဌာနက ဖော်ပြခဲ့သည်။
လေယာဉ်မှူး နဲယူပိန်းကလေယာဉ်မပျက်ကျခင် ခရီးသည်များကို သိသိသာသာ သတိပေးမှုများပြုလုပ်ခဲ့သည်ဟု လေယာဉ်ပေါ်တွင်လိုက်ပါစီး နင်းလာသော ဒဏ်ရာရ ခရီးသည်များက ဆိုသည်။ လေယာဉ်တစ်ခုခု ချွတ်ယွင်းနေပုံရှိကြောင်း၊ သို့ရာတွင် အထိတ်တလန့်ဖြစ်စရာမလိုကြောင်း၊ အန္တရာယ်ကင်းသော နေရာတွင်ဆင်းသက်မည်ဖြစ်ကြောင်း၊ အကယ်၍ မိမိတို့၏အသက်ကို စွန့်လွှတ်ခဲ့လျှင်တောင်မှ ခရီးသည်များကို မည်သည့် ထိခိုက်မှုမျှမရှိစေလိုကြောင်း လေယာဉ်ပေါ်ပါဒဏ်ရာရ ခရီးသည်များ၏ပြောကြားချက်ကို ကိုးကား၍ လက်ထောက်ကျန်းမာရေးလုပ်သား ဂျန်ကာ ဘဟာဒါရာဝယ်က ပြောခဲ့သည်။
သတိပေးချက်ထုတ်ပြန်ပြီး မိနစ်အနည်းငယ်ကြာပြီးနောက် လေယာဉ် ပျက်ကျခဲ့သည်။ လေယာဉ်မှူး နဲယူပိန်းလည်း လေယာဉ်ပျက်ကျမှုတွင် သေဆုံး ခဲ့သည်။ ၄င်းသေဆုံးပြီး တစ်နာရီအကြာတွင် အကူလေယာဉ်မှူးဖြစ်သူ ဆန်တို့စ် ရာနာလည်း သေဆုံးခဲ့သည်။
ယခုလေယာဉ်မတော်တဆဖြစ်ပွားမှုသည် ယခုအပတ်တွင် ဒုတိယ အဆိုးရွားဆုံး လေယာဉ်ပျက်ကျမှုဖြစ်သည်။

(ဆင်ဟွာ)

No comments:

Post a Comment