နေပြည်တော် ဖေဖော်ဝါရီ ၂၇
ဟိုတယ်နှင့်ခရီးသွားလာရေးလုပ်ငန်းဝန်ကြီးဌာန၏ ကြီးကြပ်မှု၊ ခရီးသွား ကုမ္ပဏီများ၏ စီစဉ်ဆောင်ရွက်မှုဖြင့် ကမ္ဘာလှည့်ခရီးသွားဧည့်သည်များသည် ချင်းတွင်းမြစ်ကြောင်းတစ်လျှောက် ပြည်တွင်းသွား အပျော်စီးသင်္ဘောများဖြင့် ခရီးစဉ်များကို သွားရောက်လည်ပတ်လျက်ရှိပါသည်။
Royal Voyage Co.,Ltd. ၏ အစီအစဉ်ဖြင့် ဗြိတိန်နိုင်ငံသား ခြောက်ဦး၊ ဂျော်ဂျီယာ နိုင်ငံသားတစ်ဦး၊ ဂျာမဏီနိုင်ငံသားတစ်ဦးနှင့် သြစတြေးလျနိုင်ငံသား နှစ်ဦး စုစုပေါင်း ၁ဝ ဦးတို့သည် ဇန်နဝါရီ ၂၉ ရက် တွင် မန္တလေးအပြည်ပြည်ဆိုင်ရာ လေဆိပ်မှတစ်ဆင့် ရောက်ရှိလာခဲ့ပြီး ဇန်နဝါရီ ၃၁ ရက်တွင် RV Kalay Pandaw ရေယာဉ်ဖြင့် မန္တလေး- မုံရွာ- ဖိုလ်ဝင်တောင်- မုံရွာ-ရွှေစာရေး- ကနီ- မောက်ကတော်- ကန်ရွာ- ကြည်တောင်ဦး- မင်းကင်း- ကလေးဝ- ဂဇက်ရွာ- မစိန်ရွာ- မော်လိုက်- ပျားစွဲဆင်စခန်း ခရီးစဉ် ဒေသများသို့ သွားရောက်လည်ပတ်ခဲ့ပြီးနောက် ဖေဖော်ဝါရီ ၇ ရက်တွင် ရန်ကုန် အပြည်ပြည်ဆိုင်ရာလေဆိပ်နှင့် မန္တလေးအပြည်ပြည်ဆိုင်ရာ လေဆိပ်မှတစ်ဆင့် ပြည်ပသို့ ပြန်လည်ထွက်ခွာသွားခဲ့ပါသည်။
ထို့အတူ Royal Voyage Co.,Ltd. ၏ အစီအစဉ်ဖြင့်ပင် ဆွစ်ဇာလန်နိုင်ငံသား လေးဦး၊ အမေရိကန်နိုင်ငံသားနှစ်ဦး၊ ဗြိတိန်နိုင်ငံသားလေးဦး စုစု ပေါင်း ၁ဝ ဦးတို့သည် ဖေဖော်ဝါရီ ၅ ရက်တွင် ရန်ကုန်အပြည်ပြည်ဆိုင်ရာ လေဆိပ်နှင့် မန္တလေးအပြည်ပြည်ဆိုင်ရာလေဆိပ်တို့မှတစ်ဆင့် ရောက်ရှိလာခဲ့ပြီး ဖေဖော်ဝါရီ ၆ ရက်တွင် RV Kalay Pandaw ရေယာဉ်ဖြင့် ကလေး-ကလေးဝ-မော်လိုက်-ပျားစွဲဆင်စခန်း-မော်လိုက်-မစိန်ရွာ-ဂဇက်ရွာ- ကလေးဝ- မင်းကင်း- ကန်ရွာ- ကြည်တောင်ဦးရွာ-ကန်နီ-ကျောက်မှော်- မုံရွာ- ဖိုလ်ဝင် တောင်- မန္တလေးခရီးစဉ်ဒေသများသို့ သွားရောက်လည်ပတ်ခဲ့ပြီး ဖေဖော်ဝါရီ ၁၄ ရက်တွင် မန္တလေးအပြည်ပြည်ဆိုင်ရာလေဆိပ်မှ ပြည်ပသို့ ပြန်လည်ထွက်ခွာသွားခဲ့ပါသည်။
ကမ္ဘာလှည့်ခရီးသွားဧည့်သည်များအနေဖြင့် မြန်မာနိုင်ငံ၏ သဘာဝအလှ အပရှုခင်းများ၊ လက်မှုပညာလုပ်ငန်းများ၊ တိုင်းရင်းသားတို့၏ ရိုးရာဓလေ့စရိုက်နှင့်နေထိုင်မှုပုံစံများ၊ မြစ်ကြောင်းတစ်လျှောက် နေထိုင်ကြသော ဒေသခံများ၏ အသက်မွေးဝမ်းကျောင်းလုပ်ကိုင်နေမှုများ၊ ယဉ်ကျေးပျူငှာ ရင်းနှီးဖော် ရွေမှုများကို စိတ်ဝင်စားလာကြသဖြင့် ကုန်းကြောင်း၊ လေကြောင်းခရီးစဉ်များသာမက ရေကြောင်းခရီးစဉ်များဖြစ်သည့် ဧရာဝတီမြစ်ကြောင်းနှင့် ချင်းတွင်း မြစ်ကြောင်းခရီးစဉ်များဖြင့် လည်ပတ်လေ့လာမှုများ တိုးတက်လျက်ရှိကြောင်း သိရသည်။
(ကြေးမုံ)
No comments:
Post a Comment