Tuesday, February 2, 2016

တရုတ်နိုင်ငံတွင် ၂ဝ၁၅ ခုနှစ်အတွင်း ကင်ဆာရောဂါကြောင့် သေဆုံးသူ ၂ ဒသမ သန်း ရှိဟုဆို


The Mirror Daily's photo.
ေေေေေ်ေေေေ ပေကျင်း ဖေဖော်ဝါရီ ၁
တရုတ်နိုင်ငံတွင် ကင်ဆာရောဂါများ ဖြစ်ပွားခြင်းကြောင့် ၂ဝ၁၅ ခုနှစ်အတွင်း လူပေါင်း ၂ ဒသမ ၈ သန်းခန့်အထိ သေဆုံး ခဲ့ရကြောင်း၊ ယင်းကိန်းဂဏန်းအရ တရုတ်နိုင်ငံတွင် အဆိုပါနှစ်အတွင်းက တစ်ရက်လျှင် နေ့စဉ် လူ ၇၅ဝဝ ကျော်မှာ ကင်ဆာရောဂါဖြင့် သေဆုံးခဲ့ရကြောင်း တရုတ်ပညာရှင်များ၏ လေ့လာချက်အရ သိရသည်။
ကင်ဆာရောဂါဖြစ်ပွားမှုနှုန်းနှင့် ယင်းရောဂါကြောင့် သေဆုံးသူအရေအတွက် မြင့်မားလာနေခြင်းသည် တရုတ်နိုင်ငံ၏ ပြည်သူ့ကျန်းမာရေး စောင့်ရှောက်မှုတွင် အဓိကရင်ဆိုင်နေရသည့် ပြဿနာဖြစ်ကြောင်း အမေရိကန်ဆေးပညာ ဂျာနယ်တစ်စောင်ဖြစ်သည့် ဆေးကုသရေးသမားတော်များအတွက် ကင်ဆာအမည်ရှိ ဂျာနယ်၌ ရေးသားဖော်ပြသည်။
လတ်တလောကာလတွင် ကင်ဆာရောဂါ လက္ခဏာတွေ့ရှိရသူ ဦးရေ ၄ ဒသမ ၃ သန်းရှိပြီး နေ့စဉ် တိုးပွားနေသည့် ဝေဒနာရှင်ဦးရေမှာ တစ်ရက်လျှင် ၁၂ဝဝဝ ခန့်ရှိနေကြောင်း လေ့လာချက်တွင် ဖော်ပြ သည်။
ရောဂါဖြစ်ပွားသူ လူနာသစ်ဦးရေ တိုးတက်နှုန်းမှာ မြင့်မားကြောင်း ပြသနေသည်။
၂ဝ၁၂ ခုနှစ်တွင် ကင်ဆာရောဂါကြောင့် လူနှစ်သန်းကျော်သေဆုံးခဲ့ပြီး ရောဂါ လက္ခဏာတွေ့ရှိသူ ၃ ဒသမ ၁၂ သန်းရှိခဲ့ ကြောင်း ၂ဝ၁၃ ခုနှစ်တွင် ထုတ်ပြန်ခဲ့သော စာရင်းဇယားများ၌ ခန့်မှန်းဖော်ပြခဲ့သည်။
အထက်ပါ ကိန်းဂဏန်းများမှာ တိကျ သေချာကြောင်း မပြောနိုင်သော်လည်း ၂ဝဝ၉ ခုနှစ်မှ ၂ဝ၁၁ ခုနှစ်အတွင်း ဒေသပေါင်း ၇၂ ခုတွင် မှတ်ပုံတင်ထားသော ကင်ဆာရောဂါ ဝေဒနာရှင်များ၏ ကိန်းဂဏန်းအချက် အလက်များအပေါ်အခြေခံကာ တွက်ချက် ထားခြင်းဖြစ်သည်။
ဆင်ဟွာ။

No comments:

Post a Comment