Tuesday, February 2, 2016

ရွှေပြည်သာမှ လူဆိုးလူမိုက်များအား ပစ်ခတ်ဖမ်းဆီး




The Mirror Daily's photo.


ရန်ကုန် ဖေဖော်ဝါရီ ၁

ရန်ကုန် မြောက်ပိုင်းခရိုင် ရွှေပြည်သာမြို့နယ်တွင် လူဆိုး လူမိုက်သတင်း ကျော်ဇောရှိသူ ခေါလေး (ခ) ခင်မောင်သန်း(ခ) သန်းထိုက်နှင့်အဖွဲ့အား သေနတ်ဖြင့် ပစ်ခတ်ဖမ်းဆီးရမိကြောင်း သတင်းရရှိသည်။

ဖြစ်စဉ်မှာ ဇန်နဝါရီ ၃၁ရက် မွန်းလွဲပိုင်းက လူဆိုးလူမိုက်ဟု သတင်းရရှိထားသော ခေါလေး(ခ) ခင်မောင်သန်း(ခ) သန်းထိုက်၊ သာဂိ (ခ) ဆုအောင်(ခ)ဇွဲဆုအောင်(ခ)အသေးလေးနှင့် နားပိတ်(ခ)ဖိုးဇော် တို့သည် ရွှေပြည်သာမြို့နယ် စိန်ပန်း (၄)လမ်းရှိ ခေါလေး၏ နေအိမ်တွင် ရောက်ရှိနေကြောင်း သတင်းအရ ရွှေပြည်သာရဲတပ်ဖွဲ့မှူး ဦးစီးသည့် ရွှေပြည်သာမြို့နယ်ရဲတပ်ဖွဲ့ဝင်များ၊ သက်သေအဖြစ် ရပ်ကွက်အုပ်ချုပ်ရေးမှူးတို့နှင့်အတူ ဝိုင်းဝန်းပိတ်ဆို့ ဖမ်းဆီးခဲ့ရာ ခေါလေးမှာ နေအိမ် အပေါ်ထပ်သို့ ပြေးတက်သွားသဖြင့် တပ်ဖွဲ့ဝင်များက လိုက်လံဖမ်းဆီးစဉ် ၎င်းက တပ်ဖွဲ့ဝင်များကို ပြန်လည်ခုခံသဖြင့် လုံးထွေးဖမ်းဆီးခဲ့သည်။ သာဂိနှင့် နားပိတ်တို့မှာလည်း ဓားများကိုင်ဆောင်၍ နေအိမ် နောက်ဘက်ရှိ မြေကွက်လပ်သို့ ထွက်ပြေးသွားစဉ် တပ်ဖွဲ့ဝင်များက အဖမ်းခံရန် သတိပေးပြောဆိုခဲ့သော်လည်း အဖမ်းမခံဘဲ ဆက်လက်ထွက်ပြေးသဖြင့် (PUMPACTION) သေနတ်ဖြင့် ပစ်ခတ်မှသာ ၎င်းတို့ ကိုင်ဆောင်ထားသော ဓားများချ၍အဖမ်းခံခဲ့သည်။ ခေါလေး(ခ)ခင်မောင်သန်း(ခ)သန်းထိုက်ပါ သုံးဦးတို့၏ ကိုယ်ပေါ်နှင့် အိမ်အတွင်းမှ ဓားမြှောင်မျိုးစုံ ငါးလက်၊ လေးခွတစ်လက်၊ လက်ကိုင်ဖုန်းမျိုးစုံ လေးလုံး၊ WY စာတန်းပါ လိမ္မော်ရောင် စိတ်ကြွရူးသွပ်ဆေးပြား ၁၅၇ပြား၊ ဆေးခြောက်ဟုယူဆရသည့် အရွက်ခြောက် ၉ ဒသမ ၅ ဂရမ်နှင့် 2J/- ပရိုဘောက် ကားတစ်စီးတို့အား သိမ်းဆည်းရမိသည်။

ခေါလေး(ခ)ခင်မောင်သန်း(ခ)သန်းထိုက်ပါ သုံးဦးတို့အား ရွှေပြည်သာ မြို့မရဲစခန်းက မယ(ပ)၃/၂ဝ၁၆၊ မူး/စိတ်ပုဒ်မ ၁၅/၁၉(က)/ ၂ဝ(က)/ ၂၁နှင့် (ပ)၉ဝ/၂ဝ၁၆၊ လက်နက်ပုဒ်မ ၁၉(င)ဖြင့် လည်းကောင်း သာဂိ(ခ) ဆုအောင်(ခ) ဇွဲဆုအောင်(ခ)အသေးလေးအား (ပ)၉၂/၂ဝ၁၆၊ လက်နက်ပုဒ်မ ၁၉(င)ဖြင့် လည်းကောင်း အမှုဖွင့်ထားပြီး ခေါလေးပါ သုံးဦးတို့အား အခြားပြစ်မှုများ ကျူးလွန်ထားခြင်းရှိ /မရှိ စစ်ဆေးလျက်ရှိပြီး အထူးစီမံချက်အား အရှိန်အဟုန်မြှင့် ဆောင်ရွက်ကာ လူဆိုးလူမိုက်သတင်းကျော်ဇောရှိသူများအား ဆက်လက်ဖော်ထုတ် ဖမ်းဆီးအရေးယူသွားမည် ဖြစ်ကြောင်း သိရသည်။
(ကိုရဲ)

No comments:

Post a Comment