ရေး ဖေဖော်ဝါရီ ၂၇
မွန်ပြည်နယ် ရေးမြို့နယ်ရှိ မြန်မာ့လက်မှုပညာ မိရိုးဖလာလုပ်ငန်းတစ်ခုဖြစ်သော သစ်ကုန်ကြမ်းများကို ကုန်ချောပရိဘောဂ အိမ်သုံးပစ္စည်းများ ထုတ်လုပ်
ရောင်းချနေလျက်ရှိရာ ယခုနှစ် ပွင့်လင်း ရာသီဖြစ်သော မင်္ဂလာအခမ်းအနား
ကျင်းပသည့်ကာလများတွင် မင်္ဂလာခန်းဝင် ပစ္စည်းများက အရောင်းအဝယ်အေးလျက်ရှိနေကြောင်း သိရသည်။
ရောင်းချနေလျက်ရှိရာ ယခုနှစ် ပွင့်လင်း ရာသီဖြစ်သော မင်္ဂလာအခမ်းအနား
ကျင်းပသည့်ကာလများတွင် မင်္ဂလာခန်းဝင် ပစ္စည်းများက အရောင်းအဝယ်အေးလျက်ရှိနေကြောင်း သိရသည်။
ပြီးခဲ့သည့် သုံးနှစ်ဝန်းကျင် ကာလများကပင် သစ်အချောထည်ပစ္စည်းများမှာ
ဒီဇိုင်းရိုးသော်လည်း အရောင်းအဝယ်ဖြစ်ခဲ့သည်။ လက်ရှိကာလတွင် တစ်နှစ်ထက်တစ်နှစ်ဒီဇိုင်းများ သစ်ဆန်း လာသော်လည်း အရောင်းအဝယ်မှာ တိုးတက်လာခြင်းမရှိဘဲ အရောင်းအေးလာကြောင်း သစ်အချောထည် ရောင်းချသည့်ဆိုင်ရှင်များကပြောသည်။

''အရင်တုန်းက သစ်အချောထည်ပစ္စည်းတွေက ရိုးရိုးဒီဇိုင်းတွေသာ
အရောင်းအဝယ်ဖြစ်နေပေမယ့် အခုအခါ မှာဒီဇိုင်းဆန်းသစ်မှုကို လိုက်ဖက်ညီ
အောင် ထုတ်လုပ်ရောင်းဝယ်ရပါတယ်။အိမ်အလှဆင်နေရာများမှာတော့ စတီးလ်သံပန်း၊ အလူမီနီယံကိုသုံးစွဲသူများပေမယ့် မင်္ဂလာခန်းဝင်ပစ္စည်ကိုတော့ဒီနေ့ထိ သစ်အချောထည်တွေကိုသာကြိုက်နှစ် သက်သူများပြားနေပါတယ်။

မင်္ဂလာ ခန်းဝင် သစ်အချောထည်ပစ္စည်းစုံရဲ့ အမြင့်ဆုံးတန်ဖိုးငွေကျပ် ၁ဝ သိန်းကျော် ဝန်းကျင်လောက်အထိဈေးရှိတယ်'' ဟု ပရိဘောဂပစ္စည်းရောင်းချသူ ဦးကျော်စွာ စိုးကပြောသည်။''ငါးနှစ်လောက်မှာကတည်းက သစ်ကုန်ကြမ်းရှားပါးလာတာရယ်။ ကျွမ်းကျင် လက်သမားဆရာတွေ မရှိတာရယ်။အချောထည်များကို ထုတ်လုပ်ရတဲ့အခါ အခက်အခဲများဖြစ်တာရယ်ကြောင့် သစ်အချောထည်ပစ္စည်းမှာ တန်ဖိုးလည်းကြီး သွားခဲ့ပါတယ်'' ဟု ပရိဘောဂရောင်းချသူ
တစ်ဦးက ပြောသည်။
တစ်ဦးက ပြောသည်။
သစ်ရှားပါးလာမှုနှင့် ပညာရှင်ရှားပါး လာခြင်းတို့ကြောင့်သစ်အချောထည်ပစ္စည်းများ ဈေးနှုန်းမြင့်တက်လာရာ ရေးမြို့နယ်ရှိအိမ်အလှဆင်ပရိဘောဂ ဈေးကွက်တွင် သစ်အချောထည်အစား စတီးလ်သံပန်း၊ အလူမီနီယံပစ္စည်းများက အစားထိုးနေရာယူသုံးစွဲမှုများလာခဲ့သည်။
ထွဋ်ထွဋ် (ရေး)
No comments:
Post a Comment