Sunday, February 28, 2016

ဖိလစ်ပိုင်နိုင်ငံတွင် လှေငယ်တစ်စင်းတိမ်းမှောက်၊ လူသုံးဦးသေဆုံး




The Mirror Daily's photo.


မနီလာ ဖေဖော်ဝါရီ ၂၇

ဖိလစ်ပိုင်နိုင်ငံမြောက်ပိုင်း ကေဇွန်ပြည်နယ်တွင် ဖေဖော်ဝါရီ ၂၆ ရက်က ခရီးသည်များ တင်ဆောင်လာသည့် လှေတစ်စင်း တိမ်းမှောက်ခဲ့ရာ လူသုံးဦးသေဆုံးပြီး ကျန် ၆၂ ဦးကို ကယ်တင်နိုင်ခဲ့ကြောင်း ဖိလစ်ပိုင်ကမ်းခြေစောင့်တပ်က ယနေ့ပြောကြားသည်။

M/V Lady Aimme ဟုအမည်ပေးထားသည့် အဆိုပါလှေမှာ ကေဇွန်မြို့သို့ဦးတည်ပြီး ခုတ်မောင်းနေစဉ် ဂူမာကာမြို့၏ကမ်းခြေမှ ရေမိုင်တစ်မိုင်ခန့်အကွာရှိ ရေပြင်တစ်နေရာတွင် ဖေဖော်ဝါရီ ၂၆ ရက် ဒေသစံတော် ချိန် ညနေ ၃ နာရီ ၄၅ မိနစ်ခန့်က နစ်မြုပ်သွားခဲ့ ခြင်းဖြစ်သည်။

လှေနစ်မြုပ်မှုဖြစ်ပွားခဲ့ပြီးနောက် ကမ်းခြေစောင့် တပ်ဖွဲ့က ရှာဖွေကယ်ဆယ်ရေးအဖွဲ့ကို အခင်းဖြစ်ပွား ရာနေရာသို့ ချက်ချင်းစေလွှတ်ခဲ့ရာ အခင်းဖြစ်ရာနေရာတွင် သက်ကြီးပိုင်းအမျိုးသမီး အလောင်းသုံးလောင်းကို ဆယ်ယူခဲ့ကြောင်း သိရသည်။

ခရီးသည်များနှင့် လှေအမှုထမ်းများဖြင့် ပေါင်းစပ် ဖွဲ့စည်းထားသည့် အဆိုပါအသက်ရှင်ကျန်ရစ်သူ ၆၂ ဦး ကို လိုအပ်သည့် ဆေးကုသမှုများခံယူရန်အတွက် တာဝန်ရှိသူများက ဂူမာကာပြည်သူ့ဆေးရုံသို့ ချက်ချင်း ပို့ဆောင်ခဲ့ကြောင်း သိရသည်။

လှိုင်းလုံးကြီးများရိုက်ခတ်မှုကြောင့် လှေနစ်မြုပ်ခဲ့ ခြင်းဖြစ်သည်ဟုဆိုကြသော်လည်း အဆိုပါလှေနစ်မြုပ်မှု နှင့်ပတ်သက်ပြီး သတင်းအတိအကျမသိရသေးကြောင်း ကမ်းခြေစောင့်တပ်က ပြောကြားသည်။
ဆင်ဟွာ။

No comments:

Post a Comment