Monday, February 29, 2016

ဘိန်းစိမ်းများ ဖြန့်ဖြူးရောင်းချသူနှင့် သယ်ယူလာသူတို့အား ဖမ်းဆီးရမိ




မြဝတီ ဖေဖော်ဝါရီ ၂၈


ရှမ်းပြည်နယ် ပင်လောင်းဒေသမှ သယ်ဆောင်လာပြီး ကရင်ပြည်နယ် မြဝတီနယ်စပ်မြို့တွင် ရောင်းချနေသည့်ဘိန်းစိမ်းများနှင့်အတူ ဖြန့်ဖြူးရောင်းချ သူနှင့် သယ်ယူလာသူတို့အား ဖေဖော်ဝါရီ ၂၇ ရက်က ကရင်ပြည်နယ် မြဝတီမြို့တွင် ဖမ်းဆီးရမိခဲ့ကြောင်း မြဝတီမြို့မစခန်းမှ သိရသည်။


ဖြစ်စဉ်မှာ မြဝတီခရိုင် မှုခင်းနှိမ်နင်းရေးအဖွဲ့ခေါင်းဆောင် ရဲအုပ်မျိုးကျော် နှင့် နယ်ထိန်းအဖွဲ့တို့သည် မြဝတီမြို့အမှတ်(၄)ရပ်ကွက် မေတ္တာ(၉)လမ်း၌ မူးယစ်ဆေးဝါးရောင်းချနေကြောင်း သတင်းအရ ဇော်မင်းသန်း၏နေအိမ်အား ဝင်ရောက်ရှာဖွေရာ ကော့ကရိတ်မြို့နယ် ကောင်းမှုရွာနေ မုန်တိုင်းဆိုသူကို တွေ့ရှိရပြီး ဘိန်းစိမ်းတစ်ထုပ်(အလေးချိန် တစ်ကီလိုဂရမ်)ခန့်မှန်းတန်ဖိုး ငွေကျပ် သိန်း ၂ဝ နှင့် ဘိန်းစိမ်းများထည့်ပြီး မီးမြှိုက်ထားသည့် စတီးဇွန်းတို့ အား သိမ်းဆည်းရမိခဲ့သည်၊။


ထို့နောက် မုန်တိုင်းအားစစ်ဆေးရာတွင် ၄င်းဘိန်းစိမ်းထုပ်အား မြဝတီမြို့အမှတ်(၅)ရပ်ကွက်နေ မတင်မာဝင်းနှင့် မအေးသန်းတို့ လာရောက် ပို့ပေးခဲ့ကြောင်း သိရ၍ ¤င်းတို့အားစုံစမ်းရှာဖွေရာ မွန်းလွဲ ၂ နာရီခန့်တွင် ဘုရင့်နောင်ဈေးကြီးအတွင်း၌ တွေ့ရှိဖမ်းဆီးရမိခဲ့သည်။ ယင်းနောက်၎င်းအမျိုးသမီးနှစ်ဦးအားစစ်မေးရာ အဆိုပါ ဘိန်းစိမ်းထုပ်အား မြဝတီမြို့ အမှတ်(၅)ရပ်ကွက် ကျွန်းတစ်ပင်ရပ် ယာဉ်စစ်ကွင်းဟောင်းအနောက်လမ်းနေ အိုက်စံဆိုသူထံမှ ဝယ်ယူခဲ့ခြင်းဖြစ်ကြောင်း သိရသဖြင့် အိုက်စံနေအိမ်အား သွားရောက်ရှာဖွေစစ်ဆေးရာ အိုက်စံနှင့်အတူ ဘိန်းစိမ်းခြောက်ထုပ် (အလေးချိန် ၆ ကီလိုဂရမ်)ခန့်မှန်းတန်ဖိုး ငွေကျပ်သိန်း ၁၂ဝ ခန့်အား သိမ်းဆည်းရမိခဲ့သည်။


အိုက်စံအား ဆက်လက်စစ်ဆေးရာ အဆိုပါ ဘိန်းစိမ်းများအား ရှမ်းပြည်နယ် ပင်လောင်းမြို့မှ သယ်ယူလာပြီး မြဝတီမြို့တွင် တစ်ကီလိုလျှင် ငွေကျပ်သိန်း ၂ဝ ဖြင့် ရောင်းချနေခြင်းဖြစ်ကြောင်း သိရသည်။


သို့ဖြစ်၍ ဘိန်းစိမ်းသယ်ဆောင်လာသူ အိုက်စံ၊ မုန်တိုင်း၊ မတင်မာဝင်း၊ ဇော်မင်းသန်း၊ မအေးသန်းတို့အား မြဝတီရဲစခန်းက အရေးယူဆောင်ရွက်လျက် ရှိကြောင်း သိရသည်။



တင်ဝင်းလှိုင်(ကော့ကရိတ်)

No comments:

Post a Comment