Sunday, February 28, 2016

နိုင်ငံ၏အဓိက၀င်ငွေရရှိနေသည့် ကမ်းနီး၊ကမ်းဝေး ရေနံနှင့်သဘာဝဓာတ်ငွေ့များ၊ငါးနှင့်ရေထွက်ပစ္စည်းများကိုကာကွယ်နိုင်ရန်အတွက် တပ်မတော်(ရေ)အနေဖြင့် စွမ်းအားအပြည့်အ၀ရှိရန်လိုအပ်



Myanmaalinn's photo.
 နေပြည်တော် ဖေဖော်ဝါရီ ၂၇

မြန်မာနိုင်ငံသည် အာဆီယံ နိုင်ငံများတွင် အနောက်ဘက် အစွန်ဆုံး၌ရှိပြီး အိန္ဒိယနိုင်ငံနှင့် တရုတ်နိုင်ငံအကြား တည်ရှိနေသဖြင့် မြေအနေအထားအရ မဟာဗျူဟာ မြောက် အရေးပါကြောင်း၊ ရေပြင် အနေအထားအရ ကြည့်ပါကလည်း ဘင်္ဂလားပင်လယ်အော်၊ အိန္ဒိယ သမုဒ္ဒရာတို့နှင့် ဆက်စပ်နေသည့် ရေပြင်ကို ပိုင်ဆိုင်ထားကြောင်း၊ ယင်းသို့မြေအနေအထား၊ ရေပြင် အနေအထားများကြောင့် အရေးပါ သောနိုင်ငံတစ်ခုဖြစ်၍ နိုင်ငံ ကာကွယ်ရေးအတွက် အမြဲသတိ ရှိရန်၊ ပြင်ဆင်ထားရန်လိုကြောင်းဖြင့် တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က ယနေ့တွင် လေ့ကျင့်ပြုလုပ်သော မြန်မာ့ရေပိုင်နက် (ကိုကိုးကျွန်းဒေသ)၌ တပ်မတော်(ရေ)မှ စစ်ရေယာဉ် တပ်ပေါင်းစု ပင်လယ်ပြင်စစ်ဆင်မှု လေ့ကျင့်ခန်း (Combined Fleet Exercise-Sea Shield 2016) တွင် ပါဝင်ခဲ့ကြသည့် စစ်ရေယာဉ်မှူးများ နှင့် အရာရှိ၊ စစ်သည်များကို အမှာ စကားပြောကြားစဉ် ထည့်သွင်း ပြောကြားသည်။
တပ်မတော် ကာကွယ်ရေး ဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်သည် တပ်မတော် (ရေ)ဝတ်စုံအား ဂုဏ်ပြုဝတ်ဆင်၍ ယနေ့နံနက်ပိုင်းတွင် မြန်မာ့ရေပိုင် နက်(ကိုကိုးကျွန်းဒေသ)၌ ပြုလုပ် သည့် စစ်ရေယာဉ်တပ်ပေါင်းစု ပင်လယ်ပြင်စစ်ဆင်မှု လေ့ကျင့်ခန်း(Combined Fleet Exercise-Sea Shield 2016)ကို ညှိနှိုင်းကွပ်ကဲ ရေးမှူး (ကြည်း၊ရေ၊လေ) ပူးတွဲတာဝန် ကာကွယ်ရေးဦးစီးချုပ်(လေ) ဗိုလ်ချုပ် ကြီး ခင်အောင်မြင့်၊ ကာကွယ်ရေး ဦးစီးချုပ်(ရေ) ‘ဒုတိယဗိုလ်ချုပ်ကြီး တင်အောင်စန်း၊ ကာကွယ်ရေး ဦးစီးချုပ်ရုံး(ကြည်း)မှ တပ်မတော် အရာရှိကြီးများ၊ ရန်ကုန်တိုင်းစစ် ဌာနချုပ်တိုင်းမှူး၊ အနောက်တောင် တိုင်းစစ်ဌာနချုပ် တိုင်းမှူးတို့နှင့်အတူ အကဲကြည့် စစ်ရေယာဉ်-အောင်ဇေယျပေါ်မှ လိုက်ပါကြည့်ရှု အားပေးသည်။
စစ်ရေယာဉ်-အောင်ဇေယျပေါ် တွင် တာဝန်ကျတပ်ဖွဲ့က တပ်မတော် ကာကွယ်ရေးဦးစီးချုပ်ကို အလေးပြု ပြီး လေ့ကျင့်ခန်းကိုဦးဆောင်မည့် တာဝန်ရေတပ်မမှူးက လေ့ကျင့်ခန်း နှင့်ပတ်သက်၍ ဖြစ်စဉ်အကြောင်း အရာကို ရှင်းလင်းတင်ပြ၍ တိုက်စစ် နှုတ်မိန့်ပေးသည်။
ယင်းနောက် တာဝန်ရေတပ်မ မှူးနှင့် စစ်ရေယာဉ်မှူးများသည် သက်ဆိုင်ရာ စစ်ရေယာဉ်များသို့ ပြန်လည်ထွက်ခွာပြီး စစ်ရေယာဉ် တပ်ပေါင်းစု ပင်လယ်ပြင်စစ်ဆင်မှု လေ့ကျင့်ခန်းကို အစီအစဉ်အတိုင်း လုပ်ဆောင်ကြသည်။
ရှေးဦးစွာ တပ်မတော်(ရေ)အထူးစစ်ဆင်ရေးတပ်ဖွဲ့ (NAVY SEALs)က ချေမှုန်းရေးစက်တပ် ရော်ဘာလှေလေးစင်း၊ ရဟတ် ယာဉ်နှစ်စင်းတို့ဖြင့် ရန်သူ့ရေယာဉ် တစ်စင်းအား ဝင်ရောက်စီးနင်း၍ ဖမ်းဆီးခံ ဓားစာခံနှစ်ဦးကို ကယ်ဆယ်ခြင်း၊ ရန်သူ့စစ်ရေယာဉ် ကို ဖောက်ခွဲနှစ်မြှုပ်ခြင်းတို့အား သရုပ်ပြဆောင်ရွက်ကြသည်။
ယင်းနောက် ရန်သူ့ပစ်ခတ်မှု ကြောင့် မီးလောင်နေသော ကုန်သွယ် ရေယာဉ်တစ်စင်းကို ဘက်စုံသုံး တွဲဆွဲ စစ်ရေယာဉ်နှစ်စင်းဖြင့် ပင်လယ်ပြင် မီးငြှိမ်းသတ်ခြင်း လေ့ကျင့်ခန်းကို ဆောင်ရွက်သည်။
လေ့ကျင့်ခန်းများ အပြီးတွင် လေ့ကျင့်ခန်း၌ပါဝင်ကြသော ရဟတ် ယာဉ်နှင့် တပ်မတော်(ရေ) အထူး စစ်ဆင်ရေး တပ်ဖွဲ့ဝင်များက တပ်မတော်ကာကွယ်ရေးဦးစီးချုပ်ကို ချီတက်အလေးပြုကြသည်။
ထို့နောက် လေ့ကျင့်ခန်းအစီ အစဉ်အရ စစ်ရေယာဉ်များသည် သတ်မှတ်ပုံပြု Formation 5 ပုံစံဖြင့် မောင်းနှင်ချီတက်ကြသည်။ ချီတက် စဉ် Circular Formation ပုံစံ ပြောင်းလဲချီတက်ပြီး ရေအောက်ရန် ကာကွယ်ရေး စစ်ဆင်မှုလေ့ကျင့်ခန်း ကိုလည်းကောင်း၊ Diamond For- mation ပုံစံပြောင်းလဲ၍ ရန်သူ့ လေယာဉ်များအား လေကြောင်းရန် ကာကွယ်ရေး လက်နက်များဖြင့် လက်တွေ့လေ့ကျင့်ပစ်ခတ်မှုကို လည်း ကောင်း၊ ဆက်လက်ပြီး Arrow Head Formation ပုံစံသို့ပြောင်းလဲ၍ အီလက်ထရွန်နစ် စစ်ဆင်မှုလေ့ကျင့် ခန်းနှင့် လေကြောင်းရန်ကာကွယ်ရေး လက်နက်များ ပစ်ခတ်မှုလေ့ကျင့်ခန်း ကိုလည်းကောင်း အသီးသီးဆောင် ရွက်ခဲ့ကြပြီး ရည်မှန်းချက်ဖြစ် သည့် ရန်သူ့ပင်မစစ်ရေယာဉ်အုပ် ကို တိုက်ခိုက်ချေမှုန်းရန်အတွက် Cruising Formation ESifh Battle Line Formation ပုံစံများသို့ အဆင့် ဆင့်ပြောင်းလဲ၍ မိမိစစ်ရေယာဉ်များ ရှိ အမြောက်ကြီးများ၊ ဒုံးပျံများဖြင့် ပစ်ခတ်ချေမှုန်းသည့် လေ့ကျင့်ခန်း များကို ဆောင်ရွက်ခဲ့ကြ သည်။
လေ့ကျင့်ခန်း ပြီးဆုံးချိန်တွင် စစ်ရေယာဉ်-အောင်ဇေယျပေါ်တွင် စီးနင်းလိုက်ပါလာသည့် တပ်မတော် ကာကွယ်ရေးဦးစီးချုပ်အား လေ့ကျင့် ခန်းတွင်ပါဝင်ခဲ့ကြသည့် စစ်ရေယာဉ် များကFleet Review ဖြင့် ချီတက် အလေးပြုကြသည်။
ထို့နောက် ကာကွယ်ရေး ဦးစီးချုပ်(ရေ)က တပ်မတော် ကာကွယ်ရေးဦးစီးချုပ်နှင့် ကာကွယ် ရေးဦးစီးချုပ်(လေ)တို့ထံ လေ့ကျင့်ခန်း အထိမ်းအမှတ် လက်ဆောင်ပစ္စည်းကို ပေးအပ်သည်။
တပ်မတော် ကာကွယ်ရေး ဦးစီးချုပ်သည် စစ်ရေယာဉ်-အောင်ဇေယျ၏ ဧည့်သည်တော် မှတ်တမ်းတွင် လေ့ကျင့်ခန်းအထိမ်း အမှတ် အမှတ်တရလက်မှတ်ရေးထိုး ပြီး စစ်ရေယာဉ်တပ်ပေါင်းစုပင်လယ် ပြင်စစ်ဆင်မှုလေ့ကျင့်ခန်း(Combi- ned Fleet Exercise-Sea Shield 2016) တွင်ပါဝင်ခဲ့ကြသော စစ်ရေ ယာဉ်မှူးများနှင့် အရာရှိ၊ စစ်သည် များကို လေ့ကျင့်ခန်းနှင့်ပတ်သက်၍ ပြန်လည်သုံးသပ် အမှာစကား ပြောကြားသည်။
တပ်မတော် ကာကွယ်ရေး ဦးစီးချုပ်က ပြောကြားရာတွင် လုပ်ငန်းတာဝန်များ အောင်မြင် ပြီးမြောက်မှုအတွက် ချီးကျူး ဂုဏ်ပြုကြောင်း၊ လေ့ကျင့်ခန်းဆိုသည် မှာ စွမ်းရည်ထက်မြက်စေရန် လုပ် ဆောင်ခြင်းဖြစ်ကြောင်း၊ အထူးသဖြင့် စစ်ရေးပိုင်းတွင် ချက်ချင်းလက်ငင်း လုပ်ဆောင်၍မရကြောင်း၊ လူ၊ လက်နက်၊ စစ်အတတ်ပညာများ အကျွမ်းတဝင် ဖြစ်နေအောင် လေ့ကျင့်ရမည်ဖြစ်ကြောင်း၊ ကာကွယ် ရေးလုပ်ငန်းများသည် အမြဲတမ်း လေ့ကျင့်နေရန် ပြင်ဆင်နေရန်လိုအပ် ကြောင်း၊ ကြိုတင်စီစဉ်သော တိုက်စစ် လေ့ကျင့်ခန်းများအပြင် အချိန်မရွေး ဖြစ်ပေါ်လာနိုင်သည်များကို ရင်ဆိုင် နိုင်စွမ်းရှိစေရန် ရုတ်ခြည်းတိုက်စစ် လေ့ကျင့်ခန်းများကိုလည်း လေ့ကျင့် ကြရမည်ဖြစ်ကြောင်း။
ရေတပ်စွမ်းအားမြှင့်တင်ရေးနှင့် ပတ်သက်၍ မြန်မာ့ကမ်းရိုးတန်း အရှည်သည် ရေမိုင် ၁၂၆ဝ နှင့် ကုန်းမိုင် ၁၄၅ဝ ရှိကြောင်း၊ ဘင်္ဂလား ဒေ့ရှ်နိုင်ငံနှင့် ရေမိုင် ၃ဝ၄ ဒသမ ၂၈ မိုင်၊ အိန္ဒိယနိုင်ငံနှင့် ရေမိုင် ၅၉၂ ဒသမ ဝ၃ မိုင်၊ ထိုင်းနိုင်ငံနှင့် ရေမိုင် ၁၉၅ ဒသမ ၃၂ မိုင် နယ်နိမိတ်ထိစပ် နေကြောင်း၊ ¤င်းအပြင် မြန်မာနိုင်ငံ၏ အဓိကပို့ကုန် သွင်းကုန်များ၏ ၈၇ ရာခိုင်နှုန်းခန့်မှာလည်း ဘင်္ဂလား ပင်လယ်အော်နှင့် အိန္ဒိယသမုဒ္ဒရာ ဆက်စပ်ရေပြင်ကို အသုံးပြုသွားလာ နေရကြောင်း၊ နိုင်ငံ၏အဓိကဝင်ငွေ ရရှိနေသည့် ကမ်းနီး၊ ကမ်းဝေးရေနံ နှင့် သဘာဝဓာတ်ငွေ့များ၊ ရေ အောက်သယံဇာတဖြစ်သည့် ငါးနှင့် ရေထွက်ပစ္စည်းများလည်း များစွာ ထွက်ရှိကြောင်း၊ ယင်းလုပ်ငန်း များကို လုံခြုံစွာ ထိန်းသိမ်း ကာကွယ်စောင့်ရှောက်နိုင်ရန်အတွက် တပ်မတော်(ရေ)အနေဖြင့် စွမ်းအား အပြည့်အဝရှိရန်လိုအပ်သဖြင့် ရေတပ် စွမ်းအားမြှင့်တင်ရေးလုပ်ငန်းများကို ဆောင်ရွက်ပေးလျက်ရှိကြောင်း၊ ယခင်ပြင်ပနိုင်ငံများမှ ဝယ်ယူရသည် များရှိသကဲ့သို့ ကိုယ်တိုင်ဆောက်လုပ် နိုင်အောင် ကြိုးစားလုပ်ဆောင်ခြင်း ဖြင့် တည်ဆောက်ခဲ့သည့် စစ်ရေ ယာဉ်များစွာရှိကြောင်း၊ ဆက်လက်၍ ယခုထက်ပိုမိုခေတ်မီသည့် အဆင့်မြင့် စစ်ရေယာဉ်များ တည်ဆောက်သွားရ မည်ဖြစ်ကြောင်း။
ကာကွယ်ရေးစွမ်းအား မြင့်မား ရေးနှင့်ပတ်သက်၍ မိမိနိုင်ငံတွင် သစ္စာမဲ့သည့် လုပ်ရပ်များကြောင့် လွတ်လပ်ရေး ဆုံးရှုံးခဲ့ရကြောင်း၊ လွတ်လပ်ရေးဆိုသည်မှာ မျက်စိ တစ်မှိတ်လျှပ်တစ်ပြက်အတွင်း ဆုံးရှုံး သွားနိုင်သော်လည်း ယင်းကို ပြန် လည်ရရှိရန်အတွက် နှစ်ပေါင်း များစွာ ပေးဆပ်မှုပေါင်းများစွာ ဖြင့် ကြိုးပမ်းလုပ်ဆောင်ရကြောင်း၊ သို့ဖြစ်၍ ကာကွယ်ရေးစွမ်းအား၊ ကာကွယ်ရေးစွမ်းပကားမြင့်မားရန် အရေးကြီးကြောင်း၊ နိုင်ငံတစ်ခု ရပ်တည်မှုအတွက် နိုင်ငံရေး စွမ်းပကား၊ စီးပွားရေးစွမ်းပကားနှင့် ကာကွယ်ရေးစွမ်းပကားသုံးခု မြင့်မား နေရန်လိုအပ်ကြောင်း၊ နိုင်ငံတော် အနေဖြင့် ၂ဝ၁၁ ခုနှစ်မှ ၂ဝ၁၅ ခုနှစ်ထိ ပါတီစုံဒီမိုကရေစီစနစ် ၏ ပထမခြေလှမ်းလျှောက်လှမ်းခဲ့ရာ တပ်မတော်အနေဖြင့် ယင်းလမ်း ကြောင်းတွင် ခိုင်ခိုင်မာမာဖြင့် မယိမ်း မယိုင် လျှောက်လှမ်းနိုင်ရေး ဝိုင်းဝန်းထိန်းသိမ်း လုပ်ဆောင်ခဲ့ ကြောင်း၊ အလားတူ ဒုတိယ သက်တမ်းတွင်လည်း ဆက်လက် ထိန်းသိမ်း လုပ်ဆောင်သွားမည်ဖြစ် ကြောင်း၊ ယင်းသို့ ဆောင်ရွက်ရာ တွင် တည်ငြိမ်အေးချမ်းမှုရရှိအောင် ကာကွယ် စောင့်ရှောက်ရမည်ဖြစ် သကဲ့သို့ လက်နက်ကိုင်ပဋိပက္ခများ ချုပ်ငြိမ်းစေရန်လည်း လုပ်ဆောင်ရ မည်ဖြစ်ကြောင်း၊ သို့ဖြစ်၍ Military Might မြင့်မားရန် လိုအပ်ကြောင်း၊ နောင်တွင်လည်း နှစ်စဉ် လေ့ကျင့်မည် ဖြစ်၍ ယခုထက် ပိုမိုကောင်းမွန်ပြည့်စုံ အောင် ကြိုးပမ်းဆောင်ရွက်ရန် တိုက်တွန်းကြောင်း ပြောကြားသည်။
တပ်မတော်(ရေ)မှ နိုင်ငံတော်ပိုင် ပင်လယ်ပြင် ရေထု၊ လေထုအတွင်း အချုပ်အခြာအာဏာခိုင်မာစေရန်နှင့် တပ်မတော်(ရေ)ရှိ စစ်ရေယာဉ်များကို အသင့်ဖြစ်မှုသုံးရပ်ဖြင့် စစ်ဆင်မှု နယ်ပယ်လေးရပ်တွင် ကျွမ်းကျင် ပိုင်နိုင်စွာ တိုက်ပွဲဝင်နိုင်စေရန် ရည်ရွယ်၍ စစ်ရေယာဉ်တပ်ပေါင်းစု ပင်လယ်ပြင် စစ်ဆင်မှုလေ့ကျင့်ခန်းကို ၂ဝ၁၄ ခုနှစ်မှစ၍ နှစ်စဉ်ပြုလုပ် ခဲ့သည်။ ယနေ့ပြုလုပ်ခဲ့သည့် စစ် ရေယာဉ်တပ်ပေါင်းစု ပင်လယ်ပြင် စစ်ဆင်မှုလေ့ကျင့်ခန်း(Combined Fleet Exercise-Sea Shield 2016) သည် သုံးကြိမ်မြောက်ဖြစ်ပြီး စစ်ရေယာဉ်မျိုးစုံ ၂ဝ ကျော်ပါဝင်၍ ပစ်ခတ်မှုနှင့် လက်တွေ့စစ်ကစား လှုပ်ရှားမှုကို ပေါင်းစပ်လေ့ကျင့်ခဲ့ ခြင်းဖြစ်ရာ စစ်ရေယာဉ်များနှင့် စစ်သည်များ၏ စွမ်းရည်တိုးတက် လာစေမည်ဖြစ်ကြောင်း၊ တပ်မတော် အနေဖြင့် နိုင်ငံတော်၏အချုပ်အခြာ အာဏာနှင့် ပိုင်နက်နယ်မြေကို လုံခြုံ စွာ ကာကွယ်စောင့်ရှောက်ရန်အတွက် စွမ်းရည်ထက်မြက် မြင့်မားသော တပ်မတော်ဖြစ်စေရေး တည်ဆောက် လျက်ရှိပြီး ကာကွယ်ရေးစွမ်းအား မြှင့်တင်ရေးအတွက် တပ်မတော် (ကြည်း၊ ရေ၊ လေ) လေ့ကျင့်ခန်းများကို အမြဲမပြတ် လေ့ကျင့်ဆောင်ရွက် လျက်ရှိကြောင်း သိရသည်။

(မြဝတီ)

No comments:

Post a Comment