Saturday, February 27, 2016

ဘိုးရင်း ၇၂၇ လေယာဉ် အရေးပေါ်အခြေအနေကို ကျော်ဖြတ်၍ အောင်မြင်စွာဆင်းသက်

Myanmaalinn's photo.
ဝါရှင်တန် ဖေဖော်ဝါရီ ၂၆

အာရှပစိဖိတ် လေကြောင်း လိုင်းပိုင် ဘိုးရင်း ၇၂၇ လေယာဉ် သည် သောကြာနေ့က ဂွမ်ယန်း အပြည်ပြည်ဆိုင်ရာ လေဆိပ်သို့ အဆင်းတွင် လေယာဉ်၏အဆင်းဘီး ကျမလာခဲ့သော်လည်း လေယာဉ်ကွင်း အတွင်းသို့ အောင်မြင်စွာဆင်းသက် နိုင်ခဲ့ကြောင်း သိရသည်။
လေယာဉ်ပေါ်တွင် အမှုထမ်း သုံးဦးလိုက်ပါလာပြီး အသက် အန္တရာယ် ထိခိုက်သူတစ်ဦးမျှမရှိခဲ့ ကြောင်း လေဆိပ်မှပြောရေးဆိုခွင့် ရှိသူ ရိုလန်ဒါဖာစူရမ်လီက ပြောကြား ခဲ့သည်။
လေယာဉ်သည် ဂွမ်ယန်းလေဆိပ် မှ ဒေသစံတော်ချိန် မွန်းလွဲ ၁ နာရီ ၈ မိနစ်တွင် ထွက်ခွာခဲ့ပြီး ညနေ ၃ နာရီ ၁၅ မိနစ်တွင် ကျွန်းပေါ်သို့ ပြန်လည်ရောက်ရှိရန် ချိန်ကိုက်စီစဉ် ထားခဲ့သည်။ မွန်းလွဲ ၂ နာရီ ၅၅ မိနစ်ဝန်းကျင်လောက်တွင် လေဆိပ်ရှိ ထိန်းချုပ်ရေးမျှော်စင်၌ လေယာဉ် ဆင်းသက်ရန် အခက်အခဲရှိကြောင်း သတိပေးချက်ရရှိခဲ့သည်ဟု ဖာစူ ရမ်လီက ဆိုသည်။
လေယာဉ်သည် ၄ နာရီ ၁၆ မိနစ်တွင် အန္တရာယ်ကင်းရှင်းစွာဖြင့် ပြန်လည် ဆင်းသက်နိုင်ခဲ့သည်။ မီးလောင်ခြင်းမရှိခဲ့ဟု ၎င်းက ပြောသည်။ လေဆိပ်ရဲအဖွဲ့သည် အဆိုပါနေရာတစ်ဝိုက်ရှိ ယာဉ်များသွားလာမှုကိုထိန်းချုပ်ခဲ့သည်။

(ပစိဖိတ်ဒေးလီး)

No comments:

Post a Comment