တိုကျို ဖေဖော်ဝါရီ ၂၆
တိုကျို လျှပ်စစ်စွမ်းအား ကုမ္ပဏီ မှ ယခင် အမှုဆောင်အရာရှိ
သုံးဦးတို့သည် ဖူကူရှီးမားဒိုင်အီချီ စက်ရုံ၌ ၂ဝ၁၁ ခုနှစ် မတ်လက
ဖြစ်ပွားခဲ့သော နျူကလီးယား မတော်တဆမှုဖြင့် တရား
ရင်ဆိုင်ရနိုင်ဖွယ်ရှိကြောင်း အင်န် အိတ်ခ်ျကေ သတင်းတစ်ရပ်တွင်
ဖော်ပြသည်။
ရှေ့နေများက ယခင် (တပ်ကို) ဥက္ကဋ္ဌ ဆုနီဟိစာ ကတ်ဆုမာတာ၊ ယခင် ဒုဥက္ကဋ္ဌဟောင်း နှစ်ဦးဖြစ်သူ ဆာကေးမူတိုနှင့် အီချီရီတာကဲ ကုရိုတို့ကို တရားစွဲဆိုမည်ဟုကြား သိရကြောင်း အင်န်အိတ်ခ်ျကေ သတင်း ရပ်ဝန်းက ပြောသည်။
နျူကလီးယား မတော်တဆမှု နှင့်ပတ်သက်ပြီး သေဆုံး၊ ဒဏ်ရာ ရသူများအပေါ် လျစ်လျူရှုမှုဖြင့် ၄င်းတို့သုံးဦးသည် အမှုရင်ဆိုင်ရ မည်ဖြစ်ကြောင်း သိရသည်။
ဆူနာမီကြောင့် ဖူကူရှီးမားစက်ရုံရေလွှမ်းမိုးသည်ကို သိရှိခဲ့သော် လည်း ၄င်းတို့သုံးဦးသည် လိုအပ် သောအစီအစဉ်များ ပြုလုပ်ရန် ပျက်ကွက်သည်ဟု ရှေ့နေများက ယူဆခဲ့ကြသည်။
နျူကလီးယား မတော်တဆမှု ကြောင့် ဖူတာဘာဆေးရုံသို့ ပို့ဆောင် ခဲ့ရသော လူနာများသည် ယင်းဆေးရုံ မှ ပြောင်းရွှေ့ပြီးနောက် သေဆုံးခဲ့ ကြောင်း ရှေ့နေများက ဖော်ပြ သည်။ တရားခံဖြစ်ဖွယ်ရှိသော ၄င်းတို့သုံးဦးသည် ကြီးမားသော ဆူနာမီဝင်ရောက်မည်ဟု ခန့်မှန်း မထားကြောင်းပြောဆိုကာ အပြစ် မရှိဟု ထုချေချက်ပေးမည်ဖြစ် ကြောင်း သိရသည်။ ဂျပန်နိုင်ငံ၏ အဆိုးရွားဆုံး နျူကလီးယား မတော်တဆမှုနှင့် ပတ်သက်ပြီး မည်သူ့ကိုမျှ ပြစ်မှုဆိုင်ရာ ဥပဒေ အရ ဖမ်းဆီးချုပ်နှောင်ထားခြင်း မရှိသေးကြောင်း သိရသည်။

(အင်န်အိတ်ခ်ျကေ)
No comments:
Post a Comment