မိုးမြင့်လင်းလက်
ဂျာမနီမြေမှာတော့ ဒီတစ်ပတ် စနေ၊ တနင်္ဂနွေဖြစ်တဲ့ ဖေဖော်ဝါရီ ၂၇ရက်နဲ့ ၂၈
ရက်တွေမှာ ဘွန်ဒက်စ်လီဂါပွဲစဉ်(၂၃)ကို ယှဉ်ပြိုင်ဖို့ရှိနေပါတယ်။
ဒီပွဲစဉ်မှာ ဘိုင်ယန်မြူးနစ်တို့က အဝေး ကွင်းမှာ ဝုဖ်ဘတ်နဲ့
ရင်ဆိုင်တွေ့ဆုံရမှာဖြစ်ပြီး ဟာသာဘာလင်တို့လည်း ကိုလုံးကွင်းမှာ
သွားရောက်ကစားရမှာ ဖြစ်ပါတယ်။ တန်းစီဇယားကို ဦးဆောင်နေတဲ့
ဘိုင်ယန်မြူးနစ်တို့ပဲ အမှတ်ပြည့် ယူပြီး ဦးဆောင်သူအဖြစ်
ဆက်လက်ရပ်တည်သွားမှာဖြစ်ပါတယ်။
ဝုဖ်ဘတ်နှင့် ဘိုင်ယန်မြူးနစ်
ဝုဖ်ဘတ်ရဲ့ ခြေစွမ်းက အရင်တုန်းက ဘိုင်ယန်မြူးနစ်ကို ခြေရည်တူ ကစားနိုင်ခဲ့ပေမယ့် အခုနောက်ပိုင်းပွဲတွေမှာတော့ ဘိုင်ယန်မြူးနစ်ကို အရှုံး ပေးရတာများပါတယ်။ နောက်ဆုံးသုံးပွဲတွေ့ဆုံခဲ့တဲ့ ရလဒ်ကိုကြည့်ရင် ဘိုင် ယန်မြူးနစ်တို့ပဲ နိုင်ပွဲရခဲ့တာများတာမို့ အခုပွဲ ဝုဖ်ဘတ်ကွင်းမှာ ဆိုပေမယ့် ရလဒ်ကောင်းဖို့ မလွယ်ပါဘူး။ အခုတလော နိုင်ပွဲတွေချည်း ဆက်တိုက်ရယူ နေတဲ့ ဘိုင်ယန်မြူးနစ်ဟာဘွန်ဒက်စ်လီဂါဖလားကိုလက်လှမ်းယူနိုင်ဖို့ အတိမ်း အစောင်းမခံ အောင်ပွဲတိုင်းအားထုတ်နေပြီဖြစ်ပါတယ်။ ဒါကြောင့် ဒီပွဲဟာ အိမ်ရှင်ဝုဖ်ဘတ်တို့ အမှတ်ရဖို့ မလွယ်ပါဘူး။ ဘိုင်ယန်မြူးနစ်ရဲ့ တိုက်စစ်ကို ဟန့်တားရင်းနဲ့ အချိန်ကုန်သွားမယ့် ပွဲပါပဲ။
ကိုလုံးနှင့် ဟာသာဘာလင်
ဟာသာဘာလင်တို့က ပုံမှန်ခြေစွမ်းပြန်ရနေပြီး ပွဲတိုင်းလည်း အမှတ်ဆုံး ရှုံးမှုမရှိအောင် အားထုတ်နိုင်တာတွေ့ရပါတယ်။ ကိုလုံးတို့ကတော့ ပုံမှန်ခြေ စွမ်းပြန်ရဖို့တောင် ကြိုးစားနေရတဲ့အသင်းဖြစ်ပြီး အခုပွဲအိမ်ကွင်းဖြစ်ပေမယ့် ခြေကုန်ထုတ်တာတောင် ခက်ခဲမယ့်ပွဲဖြစ်နေပါတယ်။ ဒီနှစ်သင်းရဲ့ နောက် ဆုံးသုံးပွဲကစားခဲ့တဲ့ရလဒ်တွေကိုကြည့်ရင် ကိုလုံးတို့ တစ်ပွဲမှနိုင်ပွဲမရခဲ့ပါဘူး။ အဝေးကွင်းမှာ ရလဒ်ဆိုးရွားတတ်တဲ့ ဟာသာဘာလင်တို့လည်း ဒီပွဲမှာ တစ် မှတ်ရရင်ကျေနပ်စရာအဖြစ် သတ်မှတ်ရမှာပါ။
ဟမ်းဘတ်နှင့် အင်ဂိုစတက်
အင်ဂိုစတက်ရဲ့ ခံစစ်ပိုင်းမှားယွင်းတတ်မှုတွေက ရလဒ်ကိုဆိုးရွားနေစေ တာမို့ အချိန်မီမပြုပြင်ရင် အိမ်ရှင်ဟမ်းဘတ်တိုက်စစ်မှူးတွေ အကြိုက်တွေ့ သွားနိုင်ပါတယ်။ ဟမ်းဘတ်တို့က အင်ဂိုစတက်နဲ့ဆုံတိုင်း နိုင်ပွဲရယူခဲ့တဲ့ မှတ် တမ်းကောင်းတွေရှိနေတာမို့ အခုပွဲဟာ ဟမ်းဘတ်ရဲ့ပွဲလို့ပဲ ကမ္ပည်းထိုးရဦး မှာပါ။
စတုဂတ်နှင့် ဟန်နိုဗာ
စတုဂတ်တို့က ဒီနှစ်ဘွန်ဒက်စ်လီဂါမှာ အခုတလော နိုင်ပွဲတွေချည်း ဆက် တိုက်ရယူထားပါတယ်။ တန်းစီဇယားအောက်ဆုံးရောက်နေတဲ့ ဟန်နိုဗာတို့ ကတော့ တန်းဆင်းဇုန်က ရုန်းထွက်ဖို့ဆိုတာ ဒီပွဲမှာလည်း ခက်ခဲနေဦးမှာပါ။ တိုက်စစ်ရော၊ ခံစစ်ပိုင်းပါ ဟန်ချက်ညီအောင် စွမ်းဆောင်နိုင်နေတဲ့ စတုဂတ် တို့ပဲ ဒီပွဲရဲ့ အောင်ပွဲခံသူအဖြစ် ရပ်တည်သွားပါလိမ့်မယ်။
ဝါဒါဘရီမင်နှင့် ဒမ်စတက်
အခက်အခဲတွေကြားက ရုန်းကန်နေရတဲ့ ဝါဒါဘရီမင်တို့အနေနဲ့ အခုပွဲမှာ ဒမ်စတက်ကိုကျော်ဖြတ်ဖို့ဆိုတာ တော်ရုံအားထုတ်လို့မရနိုင်ပါဘူး။ ဒမ်စတက် ရဲ့ စွမ်းဆောင်မှုကလည်း နောက်ဆုံးတွေ့ဆုံခဲ့တဲ့ ဝါဒါဘရီမင်နဲ့ ပွဲမှာ နှစ်ဂိုး- တစ်ဂိုးနဲ့ အနိုင်ရခဲ့တာမို့ အခုပွဲမှာ အဲဒီစိတ်ဓာတ်မျိုးနဲ့ ယှဉ်ပြိုင်လာမလားကြည့် ရမှာပါ။ အကြိုက်က ဝါဒါဘရီမင်ဖြစ်ပေမယ့် ဒမ်စတက်တို့လည်း ဒီပွဲမှာ တစ်မှတ်တော့ မျှော်လင့်နိုင်ပါတယ်။။

No comments:
Post a Comment