Monday, February 29, 2016

တောင်ကာရိုလိုင်းနားမဲဆန္ဒနယ်တစ်ခု လုံးတွင် ကလင်တန်အနိုင်ရကြောင်းကြေညာ


Myanmaalinn's photo.
ဝါရှင်တန် ဖေဖော်ဝါရီ ၂၈

ဒီမိုကရက်တစ်ပါတီကိုယ်စားပြု ဝင်ရောက်ယှဉ်ပြိုင် သူ ဟီလာရီကလင်တန်သည် စနေနေ့က တောင်ကာရို လိုင်းနားမဲဆန္ဒနယ်တစ်ခုလုံးတွင် တစ်ခဲနက်ထောက်ခံ မှုဖြင့် အနိုင်ရရှိခဲ့ပြီဖြစ်ကြောင်း အမေရိကန်ရုပ်မြင်သံကြား ကွန်ရက်မှ ထုတ်လွှင့်ပြသခဲ့ကြောင်း သိရသည်။
တောင်ကာရိုလိုင်းနားဒေသရှိ အာဖရိကလူမျိုး အမေ ရိကန်နိုင်ငံသား မဲဆန္ဒရှင်များ၏ တစ်ခဲနက်ထောက်ခံ အားပေးမှုကို ရယူနိုင်ခဲ့ခြင်းသည် တောင်ကာရိုလိုင်းနား တွင် ကလင်တန်၏ကြီးကျယ်သော အောင်ပွဲတစ်ခုဖြစ် ပြီး ရွေးကောက်ပွဲစက်ဝန်းအတွင်း လူမည်း မဲဆန္ဒရှင်များ အလုံးအရင်း ပါဝင်လာမှုကို ထင်ဟပ်ပြလျက်ရှိ သည်။
အဆိုပါအခြင်းအရာသည် ပြည်နယ် ၁၁ ခုတို့တွင် တစ်ပြိုင်နက်မဲပေးကြမည့် မတ်လ ၁ ရက် (Super Tuesday) နေ့အတွက် အတားအဆီးများကို တိုက်ခိုက် မည့် အမည်တင်သွင်းယှဉ်ပြိုင်မှုဖြစ်သလို ဆီးနိတ် လွှတ်တော်အမတ် ဘာနီဆန်းဒါးအား အထိနာစေခဲ့သည့် ယှဉ်ပြိုင်မှုလည်းဖြစ်သည်။
ရွေးကောက်ယှဉ်ပြိုင်မှုအပြီးတွင် ကလင်တန်အနိုင် ရရှိသွားကြောင်း အမေရိကန်ရုပ်သံဌာနအားလုံးနီးပါးက ထုတ်လွှင့်ကြေညာခဲ့သည်။ စနေနေ့မတိုင်မီ ကြိုတင် ခန့်မှန်းထားသည့် ရလဒ်အတိုင်းပင် ကလင်တန်သည် ဘာနီဆန်းဒါးအား မဲအရေအတွက် ၅ဝ ရာခိုင်နှုန်းကျော် ဖြင့် အသာစီးရခဲ့ကြောင်း သိရသည်။

(ရိုက်တာ)

No comments:

Post a Comment