Tuesday, February 2, 2016

မြန်မာအမျိုးသမီးအသင်းနိုင်ငံခြားသားနည်းပြဖြင့်ပြင်ဆင်မည်


သတင်း-ညီမြတ်သော်တာ၊ဓာတ်ပုံ-ဖိုးသော်ဇင်

ရန်ကုန် ဖေဖော်ဝါရီ ၁

မြန်မာနိုင်ငံက အိမ်ရှင်အဖြစ် လက်ခံကျင်းပမည့် ၂ဝ၁၆ အာဆီယံ အမျိုးသမီး ဘောလုံးပြိုင်ပွဲအတွက် မြန်မာအမျိုးသမီး အသင်းသည် လေ့ကျင့်ပြင်ဆင်မှုများ ပြုလုပ်လျက် ရှိသည်။

မြန်မာအမျိုးသမီးအသင်းသည် အဆိုပါပြိုင်ပွဲတွင် အောင်မြင်မှုရရှိ ရန် ပြင်ဆင်မှုများ ပြုလုပ်မည်ဖြစ် ပြီး နိုင်ငံခြားသား နည်းပြတစ်ဦး ကိုလည်း မကြာမီခန့်အပ်သွားမည်ဖြစ် သည်။ မြန်မာနိုင်ငံဘောလုံးအဖွဲ့ချုပ် သည် မြန်မာအမျိုးသမီးအသင်း နည်းပြချုပ်အဖြစ် နယ်သာလန်နိုင်ငံ သား ရော်ဂျာကို ခန့်အပ်ရန် သဘော တူညီမှုရရှိထားပြီး ဖေဖော်ဝါရီလ ဒုတိယပတ်တွင် ရန်ကုန်မြို့သို့ ရောက်ရှိလာမည်ဖြစ်သည်။ ရော်ဂျာ သည်နယ်သာလန်အမျိုးသမီး လက်ရွေးစင် အသင်းကို ကာလရှည်ကိုင်တွယ်ခဲ့ဖူး သည့် မှတ်တမ်းကောင်းရှိသည့် နည်းပြတစ်ဦးဖြစ်ပြီး မြန်မာ့လက်ရွေး စင်အမျိုးသား အသင်းနည်းပြချုပ် ဂတ်ဖရိုင်းဒရစ်၏ အဆက်အသွယ်ဖြင့် ခေါ်ယူနိုင်ခဲ့ခြင်းဖြစ်သည်။ ရော်ဂျာ ကိုင်တွယ်နေစဉ် ကာလအတွင်း နယ်သာလန် အမျိုးသမီးလက်ရွေးစင် အသင်းမှာ ဖီဖာအမျိုးသမီး ကမ္ဘာ့ ဖလားပြိုင်ပွဲနှင့် ဥရောပအမျိုးသမီး ပြိုင်ပွဲတို့ ယှဉ်ပြိုင်ခွင့်ရရှိခဲ့သည်။ ရော်ဂျာကို မြန်မာအမျိုးသမီးအသင်း နည်းပြချုပ်အဖြစ် အပြီးသတ်စာချုပ် ချုပ်ဆိုနိုင်ခဲ့ပါက ဂျပန်လူမျိုးနည်းပြ ကူမာဒါပြီး နောက်ခန့်အပ်နိုင်မည့် နိုင်ငံခြားသားနည်းပြ ဖြစ်လာမည်
ဖြစ်သည်။ မြန်မာအမျိုးသမီးအသင်း သည် ၂ဝဝ၇ ခုနှစ်နောက်ပိုင်း နိုင်ငံ တကာပြိုင်ပွဲများတွင် ချန်ပီယံဆု ရယူနိုင်ခြင်းမရှိတော့ဘဲ အောင်မြင်မှု များနှင့် ဝေးကွာလျက်ရှိသည်။ အာဆီယံဒေသတွင်း အဓိကပြိုင်ဘက် များဖြစ်သည့် ထိုင်းနှင့် ဗီယက်နမ် အသင်းတို့ကို ဆက်တိုက်အရေးနိမ့် လျက်ရှိသောကြောင့် နိုင်ငံခြားသား နည်းပြခန့်အပ်ကာ ပြင်ဆင်နေခြင်း ဖြစ်သည်။ မြန်မာနိုင်ငံ ဘောလုံးအဖွဲ့ ချုပ်အနေဖြင့် အမျိုးသမီးဘောလုံး တိုးတက်ရန်အတွက် မြန်မာ့လက်ရွေး စင် အမျိုးသမီးအသင်းကို နိုင်ငံခြားသားနည်းပြခန့်အပ်ရုံဖြင့် မရသေးဘဲ ပြည်တွင်းပြိုင်ပွဲများစွာ ကျင်းပနိုင်ရန် လိုအပ်နေသည်။

အိမ်ရှင်အဖြစ် လက်ခံကျင်းပမည့် အာဆီယံ အမျိုးသမီးဘောလုံးပြိုင်ပွဲ ကို ဇူလိုင် ၂၄ ရက်မှ သြဂုတ် ၅ ရက် အထိ မန္တလေးမြို့ရှိ မန္တလာသီရိကွင်း ၌ ကျင်းပမည်ဖြစ်သည်။ မြန်မာနိုင်ငံ ဘောလုံးအဖွဲ့ချုပ်အနေဖြင့် အဆိုပါ ပြိုင်ပွဲကို ၂ဝဝ၇ ခုနှစ်နှင့် ၂ဝ၁၃ ခုနှစ် တို့က အိမ်ရှင်အဖြစ် လက်ခံကျင်းပ ခဲ့ဖူးပြီး ယခုတတိယအကြိမ် ကျင်းပ ခွင့်ရရှိခဲ့ခြင်းဖြစ်သည်။

မြန်မာအမျိုးသမီးအသင်းသည် အာဆီယံအမျိုးသမီးပြိုင်ပွဲတွင် ၂ဝဝ၄ ခုနှစ်နှင့် ၂ဝဝ၇ ခုနှစ်ပြိုင်ပွဲတို့တွင် ချန်ပီယံဆုရရှိခဲ့ကာ ၂ဝ၁၅ ခုနှစ် ပြိုင်ပွဲတွင် ဒုတိယနေရာရရှိခဲ့ကြောင်း သိရသည်။

No comments:

Post a Comment