Monday, February 1, 2016

အရောင်းအဝယ် သွက်လာသော ဟော်လန်သံပရာ



နေပြည်တော် ဇန်နဝါရီ ၃၁

နေပြည်တော်ကောင်စီနယ်မြေ ဇေယျာသီရိမြို့နယ် ဆည်လမ်းဆုံ အနီးဈေးကွက် ဝင် ဟော်လန်သံပရာ အရောင်းအဝယ်ဖြစ်ကြောင်းနှင့် ပျိုးပင် များကိုလည်း ပြန်လည်ရောင်းချပေး နေကြောင်း သိရသည်။
ဈေးကွက်တွင် သံပရာသီးအစစ်များ ဈေးများသဖြင့် မရှိမဖြစ်ဆေးဖက်ဝင် အသီးအဖြစ်သာတည်ရှိနေပြီး စားသုံး သူများအနေဖြင့် သံပရိုသီးခေါ် ဟော်လန်သံပရာသီးကို အစားထိုး သုံးစွဲမှုများပြားလာပြီး ဈေးကွက်၌ သံပရိုသီးသည် နေရာဝင်ရောက်ယူနေပြီဖြစ်သည်။

“ဒီဟော်လန်သံပရိုသီးက ဈေး လည်းသက်သာတယ်၊ အလုံးလည်း ကြီးတယ်၊ အရည်လည်းရွှမ်းတယ်၊ ဒါကြောင့် ရောင်းအားကောင်းတယ်” ဟု ဟော်လန်သံပရာခြံပိုင်ရှင် ဦးကြည်အောင်က ပြောသည်။

အဆိုပါ ဟော်လန်သံပရာသီးကို တစ်လမျိုးထားပြီး ရှစ်လနှင့် တစ်နှစ် အတွင်းခူးဆွတ်၍ ဈေးကွက်သို့ တင်ကာ အရောင်းအဝယ်ဖြစ်ကြောင်း၊ ပွဲစားများက ခြံသို့လာရောက် ဝယ်ယူ ခြင်းကြောင့် ကိုယ်တိုင်တင်ပို့ ရောင်းဝယ်ချိန်ပင် မရှိကြောင်း၊ ယင်းအသီးကို တပ်ကုန်း၊ ပျဉ်းမနား၊ အာဟာရသုခဈေးနှင့် ရေဆင်းဈေး ကွက်သို့ တင်ပို့ရောင်း ချနေကြောင်း သိရသည်။ ယခုလောလောဆယ် တွင် နှစ်တင်းတစ်အိတ်လျှင် ခြံပေါက်ဈေး ကျပ် ၁၂၀၀၀ ရှိပြီး တပ်ကုန်းသို့ ကိုယ်တိုင် တင်ပို့ပါက ကျပ် ၁၄၀၀၀ အထက်ရှိကြောင်း၊ ရွာအနီးအနားမှလည်းလက်လီ ဝယ်ယူမှုများကြောင်း၊ ဧပြီလတွင် ဈေးပိုရကြောင်း၊ တစ်အိတ်လျှင် ကျပ် ၃၀၀၀၀ အထိ ရနိုင်ကြောင်းနှင့် ကိုယ်တိုင်စိုက်ပျိုးသူရှိပါက နည်းစနစ်များပြသပေးကာ ကိုယ်တိုင်လိုက်စိုက် ပေးကြောင်း သိရသည်။ ပျိုးပင်တစ်ထုပ် လျှင် ကျပ် ၈၀၀ နှင့် ရောင်းချပေးသည့် ပွဲစားများ တိုက်ရိုက်လာယူမှုများသော ကြောင့် ဟော်လန်သံပရာသည် အရောင်းအဝယ် သွက်ကြောင်း သိရသည်။

(အေးအေးမိုးလှိုင်)

No comments:

Post a Comment