Monday, February 1, 2016

အမေရိကန်စစ်သင်္ဘော တရုတ်ပိုင်ကျွန်းအနီးဝင်ရောက်



Myanmaalinn's photo.
ဝါရှင်တန် ဇန်နဝါရီ ၃၁

အမေရိကန်ရေတပ်ဖျက်သင်္ဘောတစ်စင်းသည်တရုတ်နှင့် အခြားနိုင်ငံ နှစ်နိုင်ငံတို့က ပိုင်ဆိုင်ကြောင်း ပြောဆိုလျက်ရှိသည့် ကျွန်းတစ်ကျွန်း၏ရေမိုင် ၁၂ မိုင်အတွင်း စနေနေ့က ဝင်ရောက်ခဲ့ရာ တောင်တရုတ်ပင်လယ် အတွင်း ရေကြောင်းသွားလာမှု ကန့်သတ်ချက်ကို တုံ့ပြန်ရန်ကြိုးပမ်းမှု ဖြစ်ကြောင်း ပင်တဂွန်က ထုတ်ဖော်ပြောကြားလိုက်ပြီးနောက် ပေကျင်း ရှိ တရုတ်အစိုးရကလည်း ဒေါသတကြီးဖြင့် ချက်ချင်းတုံ့ပြန်လိုက်သည်။
နှစ်စဉ်ကမ္ဘာ့ရေကြောင်း ကုန်သွယ်မှု၏ အမေရိကန်ဒေါ်လာ ၅ ထရီလီယံကျော်တန်ဖိုးရှိ ကုန်သွယ်မှုလမ်းကြောင်းဖြစ်သည့် တောင် တရုတ်ပင်လယ်တစ်ခုလုံးကို တရုတ်တို့က ၄င်းတို့ပိုင်ဟု ပြောဆိုလျက် ရှိသည်။ ဗီယက်နမ်၊ မလေးရှား၊ ဘရူနိုင်း၊ ဖိလစ်ပိုင်နှင့်ထိုင်ဝမ်တို့ကလည်း ၄င်းတို့ပိုင်ဆိုင်မှုရှိကြောင်း ပြောဆိုလျက်ရှိသည်။ အမေရိကန် ဖျက် သင်္ဘော USS Curtis Wilbur ပါရာဆယ်ကျွန်းစု ထရီတန်ကျွန်းအနီး ဖြတ်သန်းသွားချိန် တရုတ်စစ်သင်္ဘောများမရှိကြောင်း ပင်တဂွန် ပြောရေး ဆိုခွင့်ရှိသူ ဗိုလ်ကြီးဂျက်ဒေးဗစ်က ပြောသည်။
အောက်တိုဘာလအတွင်းကလည်း အမေရိကန်ရေတပ်မှ ပဲ့ထိန်း ဒုံးကျည်ပါ လက်ဆင်အမည်ရှိ ဖျက် သင်္ဘောသည် တရုတ်နိုင်ငံ၏ လူလုပ်ကျွန်းတုအနီးမှ ဖြတ်သန်းသွားခဲ့ရာ တရုတ်အစိုးရ အမျက်ထွက် ခဲ့ရသည်။

(ရိုက်တာ)

No comments:

Post a Comment