Monday, February 1, 2016

ဆီးရီးယားငြိမ်းချမ်းရေးဆွေးနွေးပွဲ ဂျီနီဗာ၌စတင်




Myanmaalinn's photo.
ဂျီနီဗာ ဇန်နဝါရီ ၃၁

ဆီးရီးယားအဓိက အတိုက်အခံကိုယ်စားလှယ်အဖွဲ့သည် ကုလသမဂ္ဂ ကြားဝင်စေ့စပ်မှုဖြင့် ငြိမ်းချမ်းရေးဆွေးနွေးပွဲတက်ရောက်ရန် စနေနေ့က ဂျီနီဗာသို့ရောက်ရှိခဲ့ရာ သမ္မတဘတ်ရှာအယ်လ်အာဆတ်အစိုးရအနေဖြင့် ကုလသမဂ္ဂ လူသားချင်းစာနာမှုဆိုင်ရာ အကူအညီနှင့် လူ့အခွင့်အရေးတို့ကို လေးစားလိုက်နာရန် တောင်းဆိုလိုက်သည်။
''ကျွန်တော်တို့ကတော့ ဒီစေ့စပ်ဆွေးနွေးပွဲ အောင်မြင်မှုရရှိဖို့ စိတ်အား ထက်သန်နေတာပါ''ဟု ရီယာ့ဒ်မြို့မှ ရောက်ရှိလာသော အဆိုပါအတိုက် အခံအုပ်စုမှ ပြောရေးဆိုခွင့်ရှိသူ ဆလင်အယ်လ်မူဆလက်က သတင်း ထောက်များအား ပြောသည်။
ငါးနှစ်ကြာ ပြည်တွင်းစစ်အတွင်း အာဆတ်၏ နိုင်ငံရေးနှင့် စစ်ရေးပြိုင် ဘက်များအပါအဝင် ဆော်ဒီကျောထောက်နောက်ခံ အဆင့်မြင့်ညှိနှိုင်းရေး ကော်မတီ(အိတ်ခ်ျအင်န်စီ)မှ ၁၇ ဦးပါဝင်သော ကိုယ်စားလှယ်အဖွဲ့သည် ကုလသမဂ္ဂညှိနှိုင်းရေးမှူး စတီဖန်ဒီမစ်စတူရာနှင့်အတူ ပထမဆုံးအစည်း အဝေးပြုလုပ်ကာ နှစ်နှစ်အတွင်း ပထမဆုံးငြိမ်းချမ်းရေးဆွေးနွေးပွဲ ပြုလုပ်ခြင်း ဖြစ်သည်။
အိတ်ခ်ျအင်န်စီအနေဖြင့် အဖွဲ့အစည်းအားလုံးက အကူအညီပေးရေးအဖွဲ့ များဝင်ရောက်ခွင့်ပြုရေး၊ ဖမ်းဆီးထားသူများလွှတ်ပေးရေး၊ ဝိုင်းရံပိတ်ဆို့ ထားမှုများ အဆုံးသတ်ရေးနှင့် အရပ်သားနေရာများကို ပစ်မှတ်ထား တိုက်ခိုက်မှုများ ရပ်တန့်ရေးတို့အတွက် ကုလသမဂ္ဂဆုံးဖြတ်ချက်ကို အကောင် အထည်ဖော်သွားရန်ဖြစ်ကြောင်း မူဆလက်က ပြောသည်။

(ရိုက်တာ)

No comments:

Post a Comment