Monday, February 1, 2016

တူရကီကမ်းလွန်၌ လှေစီးဒုက္ခသည်များ ရေနစ်သေဆုံး



Myanmaalinn's photo.
အစ္စတန်ဘူလ် ဇန်နဝါရီ ၃၁

ရွှေ့ပြောင်းဒုက္ခသည်များတင်ဆောင်ပြီး ဂရိနိုင်ငံသို့ထွက်ခွာလာသော စက်လှေတစ်စင်းသည် စနေနေ့က တူရကီအနောက်ပိုင်းကမ်းလွန်တွင် နစ်မြုပ် ခဲ့ပြီးလူပေါင်း ၄ဝ နီးပါးရေနစ်သေဆုံးကာ ၇၅ ဦးကို ကယ်တင်နိုင်ခဲ့ကြောင်း တူရကီဒိုးဂန်းသတင်းအေဂျင်စီက ပြောသည်။
ပြီးခဲ့သည့်နှစ်က ဥရောပသမဂ္ဂသို့ ဒုက္ခသည်နှင့် ရွှေ့ပြောင်းနေထိုင်သူ တစ်သန်းကျော်တို့ရောက်ရှိခဲ့ရာ လူပေါင်း ၃၆ဝဝ ခန့်မှာ သေဆုံးခြင်း သို့မဟုတ် ပျောက်ဆုံးခြင်းများ ရှိခဲ့ကြောင်း အီးယူအနေဖြင့် ၄င်း၏ စချန်ဂန် နယ်စပ်ဂိတ်များ ဖွင့်ထားခြင်းကို ဆိုင်းငံ့ထားရန် စဉ်းစားနေကြောင်း အီးယူတာဝန်ရှိသူများက ပြော သည်။
တူရကီ ကမ်းခြေစောင့်တပ်ဖွဲ့ အနေဖြင့် ဂရိနိုင်ငံလက်ပေါ့မ်ကျွန်း မှ အလှမ်းဝေးသည့် အေဝါဆစ် မြို့ကမ်းလွန်၌ အနည်းဆုံးလူပေါင်း ၁၂ဝ တင်ဆောင်လာသော ၁၇ မီတာရှိ လှေငယ်တစ်စင်းနစ်မြုပ်ခဲ့ ပြီးနောက် ကယ်ဆယ်မှုနှင့် ရှာဖွေ ရေးကို ဆက်လက်ပြုလုပ်နေဆဲဖြစ် ကြောင်း အဆိုပါ သတင်းဌာနက ထုတ်ပြန်သည်။

(ရိုက်တာ)

No comments:

Post a Comment