Monday, February 29, 2016

ရီးယဲလ်အသင်းဖော်များကိုစီရိုနယ်လ်ဒိုဝေဖန်




ရီးယဲလ်မက်ဒရစ်အသင်းသည် မြို့ခံပြိုင်ဘက် အက်သလက်တီကို မက်ဒရစ်အသင်းအား အိမ်ကွင်းမှာပင် တစ်ဂိုး-ဂိုးမရှိဖြင့် အရေးနိမ့်ခဲ့ပြီးနောက် စီရိုနယ်လ်ဒိုက ရီးယဲလ်အသင်းဖော် ကစားသမားများမှာ အရည်အသွေး ပြည့်ဝမှုမရှိခြင်းကြောင့် ယခုကဲ့သို့ ရလဒ်မျိုးပေါ်ထွက်လာရခြင်းဖြစ် ကြောင်း ဝေဖန်ပြောကြားလိုက်သည်။စီရိုနယ်လ်ဒိုက '' ရီးယဲလ်အသင်းဖော် တွေအားလုံးသာ ကျွန်တော့်လို ကစား နိုင်ရင် ကျွန်တော်တို့အသင်းက အမှတ်ပေးဇယားကို ဦးဆောင်နိုင်သူ ဖြစ်နေမှာပါ'' ဟု မာကာသတင်း စာသို့ ပြောကြားလိုက်သည်။
အက်သလက်တီကိုအသင်း၏ တစ်လုံးတည်းသောအနိုင်ဂိုးကို ပွဲချိန် ၅၃ မိနစ်တွင် ဂရစ်ဇ်မန်းက သွင်းယူ ပေးခဲ့ခြင်းဖြစ်ပြီး ရီးယဲလ်မက်ဒရစ်မှာ ဇီဒန်းလက်အောက် ပထမဆုံးအကြိမ် ရှုံးပွဲ ကြုံခဲ့ရခြင်းဖြစ်သည်။ ယင်းသို့ ရှုံးနိမ့်ခဲ့ခြင်းကြောင့် ရီးယဲလ်မှာ ဘာစီ လိုနာအသင်းထက် တစ်ပွဲပိုကစား ကိုးမှတ်လျော့အနေအထားသို့ရောက် ရှိခဲ့သလို အက်သလက်တီကိုအသင်း အောက် လေးမှတ်လျော့ကာ လာလီဂါချန်ပီယံဆုကို မျှော်မှန်းနိုင် ခွင့် ပိုမိုဝေဝါးခဲ့ပြီဖြစ်သည်။


စီရိုနယ်လ်ဒိုက ''ကျွန်တော့် အနေနဲ့ ဘယ်သူတစ်ဦးတစ်ယောက် ကိုမှ မလေးမစားမပြောချင်ပါဘူး။ ဒါပေမယ့် ကစားသမားကောင်းတွေ ဝင်ရောက်မကစားနိုင်တဲ့အခါ အနိုင် ရလဒ်ဖော်ဆောင်ဖို့ ခက်ခဲပါတယ်။ကျွန်တော့်အနေနဲ့ ကာရင်(ဘင်ဇီမာ)၊ ဂါရတ်ဘေးလ်၊ မာဆယ်လ်လိုတို့လို ကစားသမားတွေနဲ့ တွဲဖက်ကစားချင် ပါတယ်။ ဒါက လူးကပ်စ်(ဘက်စကွတ်ဇ်)၊ ဂျက်ဇ်၊ ကိုဗာဆစ်တို့ဟာ ကစား သမားကောင်းတွေမဟုတ်ဘူးလို့ဆိုလို တာမဟုတ်ပါဘူး။ ဒါပေမယ့် ကစား သမားတစ်ယောက်နဲ့ တစ်ယောက် စွမ်းဆောင်ရည်ချင်း မတူကြပါဘူး။ ဒါက ကစားနိုင်တဲ့အဆင့်ကို ပြောတာ မဟုတ်ပါဘူး။ ကြံ့ခိုင်မှုသတ်မှတ်နှုန်း ထားကိုသာ ရည်ညွှန်းတာပါ။ ဒါပေမယ့် ဘယ်ကစားသမားထက်မဆို ကျွန်တော် က ပိုပြီးသာလွန်တယ်လို့ ဆိုလိုတာ မဟုတ်ပါဘူး'' ဟု ပြောကြားလိုက်သည်။


ရီးယဲလ်မက်ဒရစ်အသင်းသည် အက်သလက်တီကိုကဲ့သို့ ကြားရက် ချန်ပီယံလိဂ်ပွဲစဉ်ကစားရခြင်းမရှိသော်လည်း ရလဒ်ကောင်းအောင်ဖော် ဆောင်နိုင်ခြင်းမရှိပေ။ ရီးယဲလ်နည်းပြ ဇီဒန်းက ယင်းကဲ့သို့ ရလဒ်ဆိုးကို ချေဖျက်ရန် သူ့တွင်တိကျသောအဖြေ ရှိထားပြီးဖြစ်ကြောင်း၊ ကစားသမား များမှာ အစီအစဉ်ချမှတ်ထားသည့် အတိုင်း မကစားနိုင်ခဲ့ကြောင်း၊ကစား သမားများ၏ ကြံ့ခိုင်မှုအပိုင်းမှာ ပြောစရာရှိသော်လည်း အရာအား လုံးတွင် လိုအပ်ချက်များရှိနေခဲ့ ကြောင်း တုံ့ပြန်ပြောကြားလိုက် သည်။ ယင်းပွဲစဉ်တွင် ဂါရတ်ဘေးလ် နှင့်မာဆယ်လ်လိုတို့မှာ ဒဏ်ရာ ပြဿနာကြောင့် ဝင်ရောက်ကစားနိုင် ခဲ့ခြင်းမရှိခဲ့သလို ဘင်ဇီမာကိုလည်း ကြံ့ခိုင်မှုမပြည့်ဝခြင်းကြောင့် ပထမ ပိုင်းအပြီးတွင် လူစားလဲခဲ့ရသည်။


မေလဲ့သင်း-စုစည်းရေးသားသည်

No comments:

Post a Comment