Monday, February 29, 2016

တိုင်းပြည်ဖွံ့ဖြိုးတိုးတက်ရန် အားလုံးတက်ညီလက်ညီ ပူးပေါင်းဆောင်ရွက်ကြပြီး တီထွင်ကြံဆဆောင်ရွက်ကြရမည်ဖြစ်

Myanmaalinn's photo.
တာချီလိတ် ဖေဖော်ဝါရီ ၂၈

ပြည်ထောင်စုဝန်ကြီးများ ဖြစ်ကြ သော ဦးစိုးသိန်းနှင့် ဦးအုန်းမြင့်တို့ သည် ဖေဖော်ဝါရီ ၂၆ ရက် ညနေ ၄ နာရီတွင် ရှမ်းပြည်နယ်အရှေ့ပိုင်း ကျိုင်းတုံမြို့သို့ ရောက်ရှိပြီး ကျိုင်းတုံ ဒေသရှိ နိုင်ငံရေးပါတီများ၊ မြို့နယ် စီမံခန့်ခွဲရေးကော်မတီ၊ မြို့နယ် စည်ပင်သာယာရေး ကော်မတီနှင့် မြို့နယ်ဖွံ့ဖြိုးတိုးတက်ရေးကော်မတီဝင်များ၊ ဆရာ ဆရာမများ၊ တိုင်းရင်း သားရိုးရာယဉ်ကျေးမှု အဖွဲ့ဝင်များ၊ လူမှုရေးအသင်းအဖွဲ့များ၊ မြို့မိမြို့ဖ နှင့် ဒေသခံပြည်သူများအား ကျိုင်းတုံ မြို့တော်ခန်းမ၌ တွေ့ဆုံသည်။
တွေ့ဆုံပွဲတွင် ပြည်ထောင်စု ဝန်ကြီး ဦးစိုးသိန်းက မိမိတို့အစိုးရ တာဝန်ယူစဉ်ကာလအတွင်းတိုင်းပြည် ဖွံ့ဖြိုးတိုးတက်ရန် ထောင့်စုံ၊ ဘက်စုံ ကဏ္ဍစုံမှ ကြိုးပမ်းဆောင်ရွက်ခဲ့ပါ ကြောင်း၊ တိုင်းပြည်ကို မည်သည့် အစိုးရ မည်သည့်ပါတီ ဦးဆောင် သည်ဖြစ်စေ မိမိတို့ တိုင်းရင်းသား ညီအစ်ကိုများ စည်းလုံးညီညွတ်ကြပြီး နိုင်ငံသားတစ်ဦးချင်းစီ၏ တာဝန်များ ကျေပွန်ကြရမည် ဖြစ်ပါကြောင်း၊ တိုင်းပြည်ဖွံ့ဖြိုးတိုးတက်ရန် မိမိတို့ အားလုံး တက်ညီလက်ညီ ပူးပေါင်း ဆောင်ရွက်ကြပြီး တီထွင်ကြံဆ စဉ်းစားဆောင်ရွက်ကြရမည် ဖြစ် ကြောင်း၊ ညီညွတ်ခြင်းအင်အားဖြင့် တိုင်းပြည် ဖွံ့ဖြိုးတိုးတက်အောင် ဆောင်ရွက်ကြရမည် ဖြစ်ပါကြောင်း။
မိမိတို့အစိုးရသည် နိုင်ငံရေး၊ စီးပွားရေး၊ အုပ်ချုပ်ရေးနှင့် ပုဂ္ဂလိက ကဏ္ဍ ဖွံ့ဖြိုးတိုးတက်ရေးတို့ကို တစ်ပြိုင်တည်း စတင်ပြုပြင် ပြောင်းလဲ ဆောင်ရွက်ခဲ့ပါကြောင်း၊ အထူးသဖြင့် ပညာရေးကဏ္ဍနှင့် ကျန်းမာရေးကဏ္ဍ ပြုပြင်ပြောင်းလဲ မှုများကို ထင်ရှားစွာမြင်တွေ့ကြ ရမည်ဖြစ်ပါကြောင်း၊ အခြေခံပညာ မူလတန်းအဆင့်မှ အထက်တန်း အဆင့်အထိ အခမဲ့ပညာရေးစနစ် ကို ကျင့်သုံးဆောင်ရွက်နိုင်ခဲ့ပြီး တက္ကသိုလ်များတွင်လည်း စကော လားရှစ်နှင့် စတိုင်ပင်များ လုံလောက် အောင် ထောက်ပံ့ပေးနိုင်ခဲ့ပါကြောင်း၊ ပြည်သူတို့၏ပညာရေး အရည်သွေး နှင့် အရည်အချင်းမြင့်မားမှသာ တိုင်းပြည်ဖွံ့ဖြိုးတိုးတက်မည်၊ လူ့အဖွဲ့ အစည်းတိုးတက်မည်၊ တီထွင်ကြံဆ တတ်မည်၊ ပျော်ရွှင်သည့် မိသားစုဘဝ များကို တည်ဆောက်နိုင်မည်ဖြစ်ပါ ကြောင်း၊ ထို့ကြောင့် ပညာရေးကဏ္ဍတွင် နိုင်ငံဘဏ္ဍာငွေများကို တိုးမြှင့် သုံးစွဲခဲ့ပါကြောင်း၊ စီးပွားရေးတွင် ဈေးကွက်စီးပွားရေးစနစ်ကို ပီပြင် သည်ထက် ပီပြင်အောင် ပြောင်းလဲ ကျင့်သုံးခဲ့ကြောင်း၊ မိမိတို့ တိုင်းရင်း သားညီအစ်ကိုများ၏ အရည်အချင်း အရည်အသွေးများကို မြှင့်တင်ပေး ကြရမည်ဖြစ်ပါကြောင်း၊ ကျန်းမာရေး ကဏ္ဍတွင်လည်း နိုင်ငံဘဏ္ဍာငွေများ တိုးမြှင့်သုံးစွဲခြင်း၊ အဆင့်မြှင့်တင် ဆောင်ရွက်ခဲ့ခြင်းများကို မြင်တွေ့ ကြရမည်ဖြစ်ပါကြောင်း၊ ခရီးသွား လုပ်ငန်းကဏ္ဍတွင် ယခု ငါးသန်း ကျော်အထိ တိုးတက်မြင့်မားလာပါ ကြောင်း၊ အုပ်ချုပ်ရေးကဏ္ဍတွင် ယခင်က အထက်မှပေးသည့်အမိန့် ဖြင့် ဆောင်ရွက်ခဲ့ကြသော်လည်း ယခု အထက်နှင့်အောက် ပေါင်းစပ် ဆောင်ရွက်သည့်စနစ်ကို ကျင့်သုံး ဆောင်ရွက်လျက် ရှိနေပါကြောင်း၊ ပြည်သူများ ရုံးလုပ်ငန်းဆောင်ရွက်မှု အဆင်ပြေချောမွေ့နိုင်ရန် ပြည်သူ့ ဝန်ဆောင်မှုရုံးများကို ဖွင့်လှစ်ခဲ့ပါ ကြောင်း၊ ပြည်သူများအားလုံးက တိုင်းပြည်ကို ထာဝရချစ်မြတ်နိုး သည့်စိတ်ဖြင့် တက်ညီလက်ညီ ဆက်လက်တည်ဆောက်သွားရမည် ဖြစ်ပါကြောင်း ပြောကြားသည်။
ထို့နောက် ပြည်ထောင်စုဝန်ကြီး ဦးအုန်းမြင့်က နိုင်ငံတော်အစိုးရ အနေဖြင့် လူမှုစီးပွားဘဝ ဖွံ့ဖြိုး တိုးတက်ရေးအတွက် မွေးမြူရေး ကဏ္ဍ၊ ရေလုပ်ငန်းကဏ္ဍနှင့် ကျေးလက်ဒေသများ စဉ်ဆက်မပြတ် ဖွံ့ဖြိုးတိုးတက်ရေးကို မဟာဗျူဟာ များ၊ အစီအစဉ်များ ရေးဆွဲချမှတ်၍ အကောင်အထည်ဖော် ဆောင်ရွက် ခဲ့ပါကြောင်း။
အသားကဏ္ဍဖွံ့ဖြိုးတိုးတက်ရေး နှင့် အသားထုတ်လုပ်မှု တိုးတက်ရေး ရည်မှန်းချက်များဖြင့် တိရစ္ဆာန် မျိုးကောင်းမျိုးသန့်များ အခမဲ့ဖြန့်ဝေ ခြင်း၊ အရည်အသွေးမြင့်မျိုးများကို ပြည်ပမှတင်သွင်း၍ မျိုးမြှင့်တင်ခြင်း၊ မွေးမြူရေးခြံများအဆင့်မြှင့်တင်ခြင်း၊ တိရစ္ဆာန်ဆေးဝါးနှင့် အစာဖြန့်ဖြူး ခြင်းတို့ကို ဆောင်ရွက်ခဲ့ပါကြောင်း၊ ကူးစက်ရောဂါ ထိန်းချုပ်နိုင်ရေး အတွက် အဆင့်မြင့်ဓာတ်ခွဲခန်းများတည်ဆောက်ခြင်း၊ အရည်အသွေး စစ်ဆေးခြင်း၊ ရောဂါကာကွယ်ကုသ ခြင်းများကို ဆောင်ရွက်ခဲ့ပါကြောင်း၊ မွေးမြူထုတ်လုပ်မှု ဖွံ့ဖြိုးတိုးတက်ရေး အတွက် တိုင်းရင်းသားစီးပွားရေး လုပ်ငန်းရှင်များနှင့် အကျိုးတူပူးပေါင်း ဆောင်ရွက်ခဲ့ပါကြောင်း၊ ထို့အပြင် ကျောင်းနေအရွယ် ကလေးများ နို့တိုက်ကျွေးခြင်းကို ၂ဝ၁၁- ၂ဝ၁၂ ဘဏ္ဍာရေးနှစ်မှ စတင်၍ အခြေခံ ပညာကျောင်းများ၌ ဆောင်ရွက်ခဲ့ ပါကြောင်း။
ငါးကဏ္ဍ ဖွံ့ဖြိုးတိုးတက်ရေး အတွက် ငါး၊ ပုစွန်၊ ကဏန်းကန်များ တိုးချဲ့မွေးမြူခြင်း၊ ငါးမျိုးများစိုက် ထည့်ပေးခြင်း၊ ငါးမွေးတောင်သူ များကို ငါး၊ ပုစွန်သားပေါက်များ ဖြည့်ဆည်းပေးခြင်း၊ ရင်းနှီးမတည် ငွေများ ထုတ်ချေးပေးခြင်းတို့ကို ဆောင်ရွက်ခဲ့ပါကြောင်း၊ ငါးမွေးမြူ ရေးဆိုင်ရာ ဥပဒေနှင့် ပင်လယ်ငါး လုပ်ငန်းဥပဒေများကို ပြင်ဆင်ပြဋ္ဌာန်း နိုင်ခဲ့ပါကြောင်း။
ကျေးလက်ဒေသများ စဉ်ဆက် မပြတ်ဖွံ့ဖြိုးတိုးတက်ရေး ဖော်ဆောင် နိုင်ရန် ကျေးလက်အသက်မွေးဝမ်း ကျောင်းဖွံ့ဖြိုးရေးနှင့် မိသားစုဝင်ငွေ တိုးပွားရေးအတွက် မြစိမ်းရောင် စီမံကိန်း၊ လူထုဗဟိုပြုစီမံကိန်းနှင့် ကျေးရွာဖွံ့ဖြိုးရေးစီမံချက်ရေးဆွဲခြင်း စီမံကိန်းများကို တစ်နိုင်ငံလုံးအတိုင်း အတာဖြင့် ဆောင်ရွက်အကောင် အထည်ဖော်လျက် ရှိပါကြောင်း၊ ကျေးလက်လမ်းအရှည် ၄၇၄ဝ၈/၃ မိုင်၊ ကျေးလက်တံတား ၂၂၃၃၉၅ ပေ၊ ကျေးလက်ဒေသ သန့်ရှင်းသည့် သောက်သုံးရေ ရရှိရေးလုပ်ငန်း ၂၃၃၅၃ ခု၊ ကျေးလက်မီးလင်းရေး လုပ်ငန်း ၃၅၉၅၇၈ ခုနှင့် ကျေးလက် အိမ်ရာလုပ်ငန်း ၆ဝ၃၃ ခုတို့ကို တည်ဆောက်ပေးနိုင်ခဲ့ပါကြောင်း၊ ကျေးရွာများ၏ ပကတိလိုအပ်ချက် များကို ဒေသခံ ရွာသူရွာသားများ ကိုယ်တိုင် ဆန်းစစ်ဖော်ထုတ်ရေးဆွဲဆောင်ရွက်သည့် ကျေးရွာဖွံ့ဖြိုးရေး စီမံကိန်းများကို မြို့နယ် ၃၄ မြို့နယ်ရှိ ကျေးရွာ ၁၇ဝ ၌ ဆောင်ရွက်လျက် ရှိပါကြောင်း၊ ထို့အပြင် နိုင်ငံတကာ အဖွဲ့အစည်း ၃၁ ဖွဲ့ဖြင့် စီမံကိန်း ၃၅ ခုကို နိုင်ငံအဝန်း အကောင်အထည် ဖော် ဆောင်ရွက်လျက်ရှိပါကြောင်း ပြောကြားသည်။
ထို့နောက် ဒေသခံပြည်သူများ၏ ဒေသဖွံ့ဖြိုးရေးဆိုင်ရာ မေးမြန်းချက် များကို ပြန်လည်ရှင်းလင်းဖြေကြား ပြီး ရင်းရင်းနှီးနှီးနှုတ်ဆက်သည်။
ဖေဖော်ဝါရီ ၂၇ ရက်တွင် ပြည်ထောင်စု ဝန်ကြီးများသည် မိုင်းဖြတ်မြို့ အထွေထွေအုပ်ချုပ်ရေး ဦးစီးဌာန အစည်းအဝေးခန်းမ၌ တာဝန်ရှိသူများနှင့် တွေ့ဆုံ၍ ဒေသ ဖွံ့ဖြိုးရေးဆိုင်ရာ ကိစ္စရပ်များကို မှာကြားသည်။ ယင်းနောက် ကျိုင်းလပ်မြို့နယ်ရှိ မြန်မာနိုင်ငံနှင့် လာအိုနိုင်ငံတို့ကို ဆက်သွယ်ထား သည့် ချစ်ကြည်ရေးတံတားအား ကြည့်ရှုစစ်ဆေးသည်။
ဆက်လက်၍ မဲခေါင်မြစ်ပေါ်ရှိ ဝမ်ပုံဆိပ်ကမ်း စစ်ဆေးရေးစခန်း ကို ကြည့်ရှုစစ်ဆေးပြီး ရေလမ်း ထိန်းသိမ်းရေးလုပ်ငန်းများ၊ ရေလမ်း လုံခြုံရေးဆိုင်ရာ ကိစ္စရပ်များကို တာဝန်ရှိသူများအား မှာကြားကာ ရွှေတြိဂံဒေသအား ကြည့်ရှုလေ့လာ ခဲ့ကြသည်။

(သတင်းစဉ်)

No comments:

Post a Comment