Monday, February 29, 2016

ရွန်းနီကြံ့ခိုင်မှုပြည့်ဝရေးက မန်ယူအတွက်သာဖြစ်ပြီး အင်္ဂလန်အသင်းအတွက်မဟုတ်ကြောင်း ဗန်ဟားလ်ပြောကြား




ရွန်းနီရဲ့ ဦးစားပေးပစ်မှတ်ဖြစ်တဲ့ ကြံ့ခိုင်မှုပြန်လည်ပြည့်ဝရေးကြိုးပမ်းနေခြင်းက မန်ယူအသင်းအတွက်သာ ဖြစ်ပြီး အင်္ဂလန်အသင်းရဲ့ ချစ်ကြည် ရေးခြေစမ်းပွဲများမှာ ပါဝင်နိုင်ဖို့ ကြိုးပမ်းနေတာ မဟုတ်ကြောင်း မန်ယူနည်းပြဗန်ဟားလ်က ပြောကြား လိုက်ပါတယ်။ ဗန်ဟားလ်က ရွန်းနီဟာ မန်ယူအတွက်သာ ပထမ ဦးစားပေး ကစားပေးလိုနေပြီး အင်္ဂလန်အသင်းရဲ့ မတ်လအတွင်း ကစားမယ့် ဂျာမနီနှင့် ဟော်လန် အသင်းတို့ကို ရင်ဆိုင်ရမယ့်ပွဲစဉ် တွေအတွက် ရည်ရွယ်ကြိုးပမ်းနေတာမဟုတ်ပါဘူးလို့ ရှင်းလင်းပြော ကြားလိုက်ပါတယ်။ရွန်းနီက လက်ရှိ အချိန်မှာ ဒူးဒဏ်ရာကြောင့် သိုင်းကြိုးနဲ့သာ လှုပ်ရှားသွားလာနိုင် သေးပေမယ့် ဗန်ဟားလ်ကတော့ နောက်နှစ်ပတ်ခွဲအကြာမှာ ရွန်းနီ ပြန်လည်ကစားနိုင်မှာ သေချာ တယ်လို့ ဆိုခဲ့ပါတယ်။


ရွန်းနီအနေနဲ့ မတ် ၂၆ ရက် ဘာလင်မြို့မှာကစားမယ့် ဂျာမနီနဲ့ ပွဲစဉ်၊ မတ်၂၉ ရက် ဝင်ဘလေကွင်းမှာ ယှဉ်ပြိုင်မယ့် ဟော်လန်အသင်းတို့နဲ့ ပွဲစဉ်များကို ဝင်ရောက်ကစားပေးဖို့ အင်္ဂလန်ပရိသတ်တွေက မျှော်လင့်နေ တာဖြစ်ပါတယ်။



မေလဲ့သင်း-စုစည်းရေးသားသည်

No comments:

Post a Comment