Tuesday, February 2, 2016

အမေရိကန်၏ ဒုံးကျည်ကာကွယ်ရေးစနစ် ဖြန့်ကြက်ရန်လိုအပ်ပုံ တောင်ကိုရီးယားပြော


The Mirror Daily's photo.
ဆိုးလ် ဖေဖော်ဝါရီ ၁
မြောက်ကိုရီးယားနိုင်ငံ၏ ပဲ့ထိန်းဒုံးကျည်နှင့် နျူကလီးယားခြိမ်းခြောက်မှုများကို ပိုမိုရင်ဆိုင်နိုင်စေရေးအတွက် ကိုရီးယားကျွန်းဆွယ်၌ အမေရိကန်၏ ဒုံးကျည်ကာကွယ်ရေးစနစ်ဖြန့်ကြက်ရန် လိုအပ်ပုံကို တောင်ကိုရီးယား ကာကွယ် ရေးဝန်ကြီးဌာနက ထပ်လောင်းပြောကြားကြောင်း ဒေသဆိုင်ရာသတင်းဌာနများက သတင်းထုတ်ပြန်သည်။
ကိုရီးယားကျွန်းဆွယ်THAADဒုံးကျည်(ယာပုံ)ကာကွယ်ရေးစနစ်ကို ဖြန့်ကြက်နိုင်မည်ဆိုပါက တောင်ကိုရီးယားနိုင်ငံ၏ ကာကွယ်ရေးနှင့် လုံခြုံရေးအခြေအနေ ပိုမိုတိုးတက်ကောင်းမွန်လာနိုင်ကြောင်း ကာကွယ်ရေးဝန်ကြီး ဌာန၏ ပြောရေးဆိုခွင့်ရှိသူအဖြစ် အသစ်ခန့်အပ်ခံရသူ မွန်ဆောင်ကွန်းက သတင်းစာရှင်းလင်းပွဲတွင် ပြောကြားသည်။
တောင်ကိုရီးယားနိုင်ငံသည် ပြည်တွင်းနည်းပညာဖြင့် ကိုရီးယားလေကြောင်းနှင့် ဒုံးကျည်ကာကွယ်ရေးစနစ်ဟု အမည်ပေးထားသော ဒုံးကျည်ကာကွယ်ရေး စနစ်တစ်ရပ်ကို ပြည်တွင်း၌ အပြီးတည်ဆောက်ရန်လည်း စီစဉ်လျက်ရှိသည်။
တောင်ကိုရီးယားနိုင်ငံသည် တာဝေးပစ်မြေပြင်မှ ဝေဟင်ပစ်ဒုံးကျည်နှင့် တာလတ်ပစ်မြေပြင်မှ ဝေဟင်ပစ် ဒုံးကျည်စနစ်များကိုလည်း သုတေသနပြုတည်ဆောက်လျက်ရှိသည်။ ယင်းဒုံးကျည်စနစ်များကို ဒုံးကျည်ကာကွယ်ရေး စနစ်သစ်အတွက် ရည်ရွယ်ထုတ်လုပ်မည်ဖြစ်သည်။
ဆင်ဟွာ။

No comments:

Post a Comment