ရှန်ဟိုင်း ဖေဖော်ဝါရီ ၂၇
တရုတ်နိုင်ငံ ရှန်ဟိုင်းမြို့တွင် ကျင်းပသည့် ဂျီ ၂ဝ နိုင်ငံများ၏ စီးပွားရေးဝန်ကြီးများနှင့် ဗဟိုဘဏ်ဥက္ကဋ္ဌများ၏ ဒုတိယနေ့အစည်းအဝေးတွင် ကြေညာချက်တစ်ရပ် ထုတ်ပြန်ရန် မျှော်လင့်ရကြောင်း ဒေသန္တရသတင်းများကဆိုသည်။
နှစ်ရက်တာကျင်းပသည့် ဂျီ ၂ဝ အစည်းအဝေးကို ယခုနှစ် စပိုင်း ကမ္ဘာ့စီးပွားရေးပျက်ကပ်ကြုံခဲ့ပြီးနောက် ပထမဆုံးအကြိမ် ကျင်းပခြင်းဖြစ်သည်။
အစည်းအဝေးတက်ရောက်သူများက ကမ္ဘာ့အခြေခံအဆောက် အအုံဆိုင်ရာ ရင်းနှီးမြှုပ်နှံမှုများအပါအဝင် အခြားသောမဟာဗျူဟာ ကျစီမံကိန်းများနှင့်ပတ်သက်ပြီး အဓိကဆွေးနွေးခဲ့ကြောင်း သိရသည်။
အလုပ်သမားဈေးကွက်တည်ငြိမ်စွာထွက်ပေါ်လာရေးနှင့် လွတ်လပ်စွာ ကူးသန်းရောင်းဝယ်မှုများအပါအဝင် ဂျီ ၂ဝ အဖွဲ့ဝင်နိုင်ငံ များက ထိန်းချုပ်ညှိနှိုင်းပေးရန်လိုအပ်သည့် ဖွဲ့စည်းတည်ဆောက်ပုံ ဆိုင်ရာ ပြုပြင်ပြောင်းလဲရေးလုပ်ငန်းစဉ်များကိုလည်း ဆွေးနွေးခဲ့ကြသည်။ တရုတ်နိုင်ငံအပါအဝင် အခြားစီးပွားရေးလုပ်ငန်းများမှ စီးဝင် လာသောငွေကြေးများကြောင့် ဈေးကွက်တည်ငြိမ်မှုကို ထိခိုက်စေမည့် အကြောင်းရင်းများကို ကာကွယ်နိုင်ရေးအတွက် လုပ်ငန်းအခြေအနေ များအား လေ့လာမှုပြုရန် အစည်းအဝေးတက်ရောက်သူများက သဘောတူညီခဲ့ကြသည်။
ထုတ်ပြန်မည့်ကြေညာချက်တွင် အဖွဲ့ဝင်နိုင်ငံများအား ကမ္ဘာ့စီးပွားရေးတည်ငြိမ်မှုကို ဆက်လက်ထိန်းထားရန်နှင့် ပို့ကုန်တင်ပို့သည့် နိုင်ငံများအား ကူညီသည့်အနေဖြင့် ၎င်းတို့၏ငွေကြေးများကို အပြိုင်အဆိုင် တန်ဖိုးလျှော့ချခြင်းများ မပြုလုပ်ရန် တိုက်တွန်းထားကြောင်း သိရသည်။
အင်န်အိတ်ခ်ျကေ။
No comments:
Post a Comment