အစ္စလာမ္မာဘတ် ဖေဖော်ဝါရီ ၂၆
ပြီးခဲ့သည့် သီတင်းပတ်နှစ်ပတ်အကြာက အစ္စလာမ္မာဘတ်၌ ပျောက်ဆုံးနေ သည့်
သြဇာတိက္ကမကြီးမားသူ အာဖဂန်မှ ပြည်နယ်အုပ်ချုပ်ရေးမှူးဟောင်း
စေရဒ်ဖက်ဇ်လူလာဝါဟီဒီကို ပြန်လည်တွေ့ရှိခဲ့ပြီဖြစ်ကြောင်း ၄င်း၏မိသားစု
ဝင်များက သောကြာနေ့တွင် ပြောကြားခဲ့သည်။
တောင်ပိုင်း ဟီရတ်ပြည်နယ်နှင့် အရှေ့ပိုင်း ကူနားပြည်နယ်များတွင် အုပ်ချုပ်ရေးမှူးအဖြစ် တာဝန်ထမ်းဆောင်ခဲ့သည့် ဝါဟီဒီသည် ဖေဖော်ဝါရီ ၁၂ ရက်က အစ္စလာမ္မာဘတ်ရှိ ဈေးတစ်ခုတွင် အမည်မသိအဖွဲ့တစ်ဖွဲ့၏ အတင်းအကျပ်ခေါ်ဆောင်သွားခြင်းကို ခံခဲ့ရသည်ဟု အာဖဂန်သံရုံးမှ ပြောပြ ချက်အရ သိရသည်။
ဝါဟီဒီကို သောကြာနေ့အစောပိုင်းတွင် ပါကစ္စတန်နိုင်ငံ ပတ်ရှ်ဝါမြို့ရှိ အာဖဂန်သံအမတ်များလက်သို့ ပြန်လည်ပို့ဆောင်ခဲ့သည်ဟု ပါကစ္စတန်ရှိ ၄င်း၏သမက်ဖြစ်သူ စေရဒ်အီကရန်က ပါကစ္စတန်၌ ပြောခဲ့သည်။ စေရဒ်အီကရန်သည် အာဖဂန်ပါလီမန်လွှတ်တော်ကိုယ်စားလှယ်တစ်ဦးအနေ ဖြင့် အစ္စလာမ္မာဘတ်၌ တာဝန်ဆောင်ရွက်ရန် ရောက်ရှိနေသည်။
၎င်းက ဝါဟီဒီ၏ ကျန်းမာရေးအခြေအနေမှာ ကောင်းမွန်လျက်ရှိကြောင်း ဖွင့်ဟပြောဆိုခဲ့သည်။ ပြန်ပေးဆွဲသည့်အဖွဲ့မှာ မည်သည့်အုပ်စုဖြစ်ကြောင်း မသိရှိရသေးပေ။

(ဆင်ဟွာ)
No comments:
Post a Comment