Sunday, February 28, 2016

နိုင်ငံတော်သမ္မတ ဦးသိန်းစိန် ၂၃၀ ကေဗွီ ဂန့်ဂေါ-ကလေး မဟာဓာတ်အားလိုင်းနှင့်၆၆/၁၁ ကေဗွီ ကလေးဓာတ်အားခွဲရုံဖွင့်ပွဲတက်ရောက်


နေပြည်တော် ဖေဖော်ဝါရီ ၂၇

၂၃ဝ ကေဗွီ   ဂန့်ဂေါ-ကလေး မဟာဓာတ်အားလိုင်းနှင့် ၆၆/၁၁ ကေဗွီ ကလေးဓာတ်အားခွဲရုံ ဖွင့်ပွဲ အခမ်းအနားကို ယနေ့ညနေပိုင်းက စစ်ကိုင်းတိုင်းဒေသကြီး  ကလေးမြို့၌ ကျင်းပရာ     နိုင်ငံတော်သမ္မတ ဦးသိန်းစိန် တက်ရောက်၍ စက်ခလုတ် နှိပ် ဖွင့်လှစ်ပေးသည်။
အဆိုပါ     အခမ်းအနားသို့ ပြည်ထောင်စုဝန်ကြီးများ၊ တိုင်းဒေသ ကြီး ဝန်ကြီးချုပ်၊ တပ်မတော်အရာရှိ ကြီးများ၊ ဒုတိယဝန်ကြီးများ၊တိုင်းဒေသ ကြီးဝန်ကြီးများ၊ခရိုင်နှင့် မြို့နယ်အဆင့် ဌာနဆိုင်ရာများ၊ မြို့မိမြို့ဖများနှင့် ဒေသခံပြည်သူများ တက်ရောက်ကြ သည်။
အခမ်းအနားတွင်  ပြည်ထောင်စု ဝန်ကြီး ဦးခင်မောင်စိုးက ဓာတ်အား ပေးစက်ရုံဖွင့်လှစ်ရခြင်းနှင့် ပတ်သက် ၍ ရှင်းလင်းပြောကြားရာ၌ နိုင်ငံ တော်သမ္မတကြီးသည် ၁၉၈၈ ခုနှစ်မှ ၁၉၉၁ ခုနှစ်အထိ ကလေးဒေသတွင် တပ်ရင်းမှူးတာဝန်ထမ်းဆောင်ခဲ့ရာ နိုင်ငံတော်သမ္မတကြီးက   ကလေး ဒေသအတွက်  လက်ဆောင်အဖြစ် လျှပ်စစ်ဓာတ်အားရရှိအောင် ဆောင် ရွက်ပေးခဲ့ခြင်းဖြစ်ပါကြောင်း။
ထိုစဉ်ကာလက  ကလေးမြို့၏ လျှပ်စစ်မီးရရှိမှုကို  ပြန်ကြည့်ပါက တစ်နေ့ နှစ်နာရီ၊ သုံးနာရီလောက်ပဲ ရရှိခဲ့ပါကြောင်း၊ ကလေးမြို့ကို ၁၉၅၅ ခုနှစ်က ကီလိုဝပ်  ဒီဇယ်ဓာတ်အား ပေးစက်ဖြင့်လျှပ်စစ်ဓာတ်အား စတင် ဖြန့်ဖြူးပေးခဲ့ပါကြောင်း၊    ၁၉၆၇ ခုနှစ်ကဆိုလျှင်  တည်ဆောက်ပြီး (ကျောက်အုံ)  ကျောက်မီးသွေးသုံး ရေနွေးငွေ့စက်ရုံ ၂  မဂ္ဂါဝပ်  တည် ဆောက်ပြီး ကလေးမြို့နှင့် ကလေးဝ မြို့များသို့ ဓာတ်အားပိုမိုဖြန့်ဖြူးပေးထားခဲ့ပါကြောင်း။
၁၉၈၇ ခုနှစ်တွင် ကျောက်မီးသွေး သုံးရေနွေးငွေ့တာဘိုင်စက် ချွတ်ယွင်း သွားသည့်အတွက် ဒီဇယ်ဓာတ်အား ပေးစက်များနှင့် ဓာတ်အားဖြန့်ဖြူး ပေးခဲ့ပါကြောင်း၊       နိုင်ငံတော်က ဇီးချောင်းရေအားလျှပ်စစ်ဓာတ်အားပေးစက်ရုံ ၁ ဒသမ ၂၆ မဂ္ဂါဝပ်ကို ၁၉၉၆ ခုနှစ်တွင် တည်ဆောက်ပေး ခဲ့ပြီး မီးသုံးစွဲသူ ၂၈၁၂ ဦးသို့ လျှပ်စစ် မီး   ဖြန့်ဖြူးပေးနိုင်ခဲ့ပါကြောင်း၊ သို့သော် ကလေးဒေသဖွံ့ဖြိုးတိုးတက် လာသည့်အတွက်ကြောင့် လျှပ်စစ်မီး လုံလောက်မှု မရှိခဲ့ပါကြောင်း။
နိုင်ငံတော်သမ္မတကြီး၏ လမ်း ညွှန်မှုဖြင့် ၂ဝ၁၂ခုနှစ် မေ ၁၉ ရက် တွင် ၅ဝဝ ကေဗွီအေ ဒီဇယ်ဓာတ်အား ပေးစက်တစ်လုံးနှင့်  ၂ဝ၁၄ ခုနှစ် စက်တင်ဘာ ၉ ရက်တွင်  ၁၂၅ဝ ကေဗွီအေ ဒီဇယ်ဓာတ်အားပေးစက် တစ်လုံးတို့   ထပ်မံတိုးချဲ့ပေးနိုင်ခဲ့ပါ ကြောင်း၊ လျှပ်စစ်စွမ်းအားဝန်ကြီးဌာန အနေဖြင့် စစ်ကိုင်းတိုင်းဒေသကြီး ကလေးဒေသ လျှပ်စစ်မီးရရှိရေး စီမံ ချက်ကို ၂ဝ၁၅-၂ဝ၁၆ ဘဏ္ဍာရေးနှစ် တွင် စတင်ဆောင်ရွက်ရန် စီမံခဲ့ပြီး ၂ဝ၁၆-၂ဝ၁၇  ဘဏ္ဍာရေးနှစ်တွင် လုပ်ငန်းအားလုံး    အပြီးသတ်၍ လျှပ်စစ်မီးရရှိအောင်လျာထားရေးဆွဲ ဆောင်ရွက်ခဲ့ရပါကြောင်း။
လျှပ်စစ်   ဓာတ်အားပေးသည့် လုပ်ငန်းတွင် ဓာတ်အားလိုင်းသွယ် တန်းခြင်း၊ ဓာတ်အားထုတ်လုပ်ခြင်းလုပ်ငန်းများကို  ဝန်ကြီးဌာနအနေ ဖြင့် ခက်ခက်ခဲခဲ  ဆောင်ရွက်ရပါ ကြောင်း၊ ရွှေလီ(၁)ရေအားလျှပ်စစ် စက်ရုံမှ မန္တလေးမြို့အနီး ရွှေစာရံသို့ သွယ်တန်းသည့် မဟာဓာတ်အားလိုင်း ကို ငါးနှစ်ကျော်  တည်ဆောက်ခဲ့ ရသကဲ့သို့ တောင်ကုတ်-မအီ-အမ်း-မြောက်ဦး-ပုဏ္ဏားကျွန်းသို့ သွယ်တန်း သည့် မဟာဓာတ်အားလိုင်းကိုလည်း နှစ်နှစ်ခွဲကျော် တည်ဆောက်ခဲ့ရပါ ကြောင်း၊ သို့သော် ယနေ့ဖွင့်လှစ်သည့် ဂန့်ဂေါ-ကလေး မဟာဓာတ်အား လိုင်းနှင့်  ဓာတ်အားခွဲရုံများကို ၂ဝ၁၅ ခုနှစ် ဇန်နဝါရီ ၆ ရက်က လုပ်ငန်းများ စတင်ခဲ့ပြီး ၂ဝ၁၆ ခုနှစ် ဖေဖော်ဝါရီ ၈ ရက်တွင် ဓာတ်အားပို့လွှတ်နိုင်ခဲ့သည့်အတွက်    တစ်နှစ်အတွင်း ပြီးအောင် မနားမနေêကြိုးပမ်းဆောင်  ရွက်ခဲ့ခြင်းဖြစ်ပါကြောင်း။
ယခု စီမံကိန်းလုပ်ငန်းအတွက် ပစ္စည်းတန်ဖိုး အမေရိကန်ဒေါ်လာ ၂ဝ ဒသမ ၃၃၃ သန်းနှင့် တည် ဆောက်ရေးစရိတ် ငွေကျပ် ၃၈၅ဝ ဒသမ ၂၆၈ သန်း  ကုန်ကျခံ ဆောင် ရွက်ခဲ့ခြင်း ဖြစ်ပါကြောင်း။
ဓာတ်အားတစ်ယူနစ် ထုတ်လုပ်မှု ကုန်ကျစရိတ်သည် ရေအားဆိုလျှင် ၅၃ ကျပ်၊ သဘာဝဓာတ်ငွေ့ဆိုလျှင် ၁၄၂ ကျပ်၊ ကျောက်မီးသွေးဆိုလျှင် ၈၆ ကျပ် ကုန်ကျသဖြင့်  ဓာတ်အား တစ်ယူနစ်ထုတ်လုပ်မှု ပျမ်းမျှကုန်ကျ စရိတ်သည် ၉၃ ကျပ်ဖြစ်ပါကြောင်း၊ တစ်ယူနစ်ရောင်ဈေးသည် အိမ်သုံး ၃၅ ကျပ်၊ စက်မှုသုံး ၇၅ ကျပ်ဖြစ်၍ ပျမ်းမျှရောင်းဈေး ၇၁ ကျပ်သာ ရရှိ သဖြင့် ဓာတ်အားတစ်ယူနစ်ရောင်း တိုင်း နိုင်ငံတော်က ၂၂ ကျပ် စိုက် ထုတ်ကျခံရပါကြောင်း၊  ကလေးမြို့ ပြည်သူများအနေဖြင့်  ဓာတ်အား တစ်ယူနစ်သုံးတိုင်း      ၃၅ ကျပ် ပေးဆောင်ရသော်လည်း တစ်ယူနစ် တိုင်း နိုင်ငံတော်က  ၂၂ ကျပ် စိုက် ထုတ်ကျခံပေးရသည့်   စေတနာကို သိရှိနားလည်ပြီး စနစ်တကျ အသုံးပြု ကြရန်ဖြစ်ပါကြောင်း  တိုက်တွန်း ပြောကြားသည်။
ယင်းနောက်   တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးသာအေးက ကလေး ဓာတ်အားခွဲရုံ   ဖွင့်လှစ်ရခြင်းနှင့် စပ်လျဉ်း၍  ရှင်းလင်းပြောကြားပြီး မြို့မိမြို့ဖ  ဦးလှဝင်းက   ဒေသခံ ပြည်သူများကိုယ်စား  ကျေးဇူးတင် စကား ပြန်လည်ပြောကြားသည်။
ယင်းနောက်   ဘက်စုံပညာ ထူးချွန်လူငယ်၊ ကင်းထောက်လူငယ် နှင့် ကြက်ခြေနီလူငယ်တို့က ကလေး ဓာတ်အားခွဲရုံကို   ဖဲကြိုးဖြတ်၍ ဖွင့်လှစ်ပေးကြသည်။
ထို့နောက် နိုင်ငံတော်သမ္မတက ကလေးဓာတ်အားခွဲရုံ    ကမ္ပည်း ကျောက်စာတိုင်ကို စက်ခလုတ်နှိပ် ဖွင့်လှစ်ပေးပြီး   တက်ရောက်လာကြ သူများနှင့်အတူ စုပေါင်း၍ မှတ်တမ်း တင်ဓာတ်ပုံရိုက်သည်။
စစ်ကိုင်းတိုင်းဒေသကြီး ကလေး ဒေသသည် အိန္ဒိယနယ်စပ်ကုန်သွယ် ရေးလမ်းကြောင်းနှင့် ချင်းပြည်နယ် ၏ အဓိကဝင်ပေါက်တို့ ဆုံတွေ့သည့် နေရာတွင် တည်ရှိသော်လည်း နိုင်ငံ တော် ဓာတ်အားစနစ်မှ   ဓာတ်အား ဖြန့်ဖြူးပေးနိုင်ခဲ့ခြင်း   မရှိသဖြင့်  အရှိန်အဟုန်ရှိသည့်အတိုင်း ဖွံ့ဖြိုး တိုးတက်ခွင့်    မရရှိခဲ့ခြင်းဖြစ်ရာ နိုင်ငံတော်ဓာတ်အားစနစ်မှ ကလေး ဒေသသို့ ဓာတ်အားဖြန့်ဖြူးပေးနိုင် ရန် ၂ဝ၁၄-၂ဝ၁၅ ဘဏ္ဍာရေးနှစ်မှ စတင်၍ ၂၃ဝ ကေဗွီ ဂန့်ဂေါ-ကလေး ဓာတ်အားလိုင်း၊ ၆၆ ကေဗွီ ကလေး ဓာတ်အားလိုင်းနှင့် ၆၆ ကေဗွီ ကလေး ဓာတ်အားခွဲရုံတို့ကို အကောင်အထည် ဖော် ဆောင်ရွက်ခဲ့ခြင်းဖြစ်သည်။
ယခုအခါ စီမံကိန်းများအားလုံး တည်ဆောက်ပြီးစီးခဲ့သဖြင့်၂ဝ၁၆ခုနှစ်  ဖေဖော်ဝါရီ ၈ ရက်တွင် ဓာတ်အား စတင်ပို့လွှတ်နိုင်ခဲ့ပြီး ၂၃ဝ ကေဗွီ  ဂန့်ဂေါ- ကလေး မဟာဓာတ်အား လိုင်းနှင့်  ၆၆/၁၁ ကေဗွီ  ကလေး ဓာတ်အားခွဲရုံတို့ကို ဖွင့်လှစ်နိုင်ခဲ့ခြင်း ဖြစ်သည်။
၁၉၄၈ ခုနှစ် နောက်ပိုင်းတွင် နိုင်ငံတော်   မဟာဓာတ်အားလိုင်းမှ လျှပ်စစ်ဓာတ်အားကို  ကလေးဒေသ သို့ ပထမဦးဆုံး ဖြန့်ဖြူးပေးနိုင်ခြင်း ဖြစ်ပြီး စတင်အသုံးပြုနိုင်ခြင်းဖြစ်ရာကလေးဒေသရှိ ဒေသခံပြည်သူတို့၏ လူမှုစီးပွားဘဝမှာ ပိုမိုဖွံ့ဖြိုးတိုးတက် လာတော့မည်ဖြစ်သည်။ 

သတင်းစဉ်)

No comments:

Post a Comment