Monday, February 1, 2016

ဧရာဝတီတိုင်းဒေသကြီး ငပုတောမြို့နယ် ငရုတ်ကောင်းတောင် ဓာတ်အားခွဲ ရုံနှင့် ငပြေမဓာတ်အားခွဲရုံ ဖွင့်ပွဲအအခမ်းအနားများကျင်းပ




နေပြည်တော် ဇန်နဝါရီ ၃၁

ဧရာဝတီတိုင်းဒေသကြီး ငပုတောမြို့နယ်ရှိ ၆၆/ ၃၃/၁၁ ကေဗွီ ၁၀ အမ်ဗွီအေ ငရုတ်ကောင်းတောင် ဓာတ်အားခွဲရုံ ဖွင့်ပွဲအခမ်းအနားကို ယနေ့မွန်းလွဲ ၁ နာရီခွဲတွင် အဆိုပါ ဓာတ်အားခွဲရုံနေရာ၌ ကျင်းပသည်။ အခမ်းအနားသို့ လျှပ်စစ်စွမ်းအားဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးအောင်သန်းဦး၊ ဧရာဝတီတိုင်းဒေသကြီး လျှပ်စစ်နှင့် စက်မှုဝန်ကြီး ဦးစောမြသိန်း၊ လျှပ်စစ်စွမ်းအား ဝန်ကြီးဌာနမှ တာဝန်ရှိသူများ တက်ရောက်ကြပြီး တိုင်း ဒေသကြီး ဝန်ကြီး၊ အမြဲတမ်းအတွင်းဝန်နှင့် ငရုတ်ကောင်း တောင်ကျေးရွာမှ ရပ်မိရပ်ဖတစ်ဦးတို့က ဓာတ်အားခွဲရုံ မုခ်ဦးကို ဖဲကြိုးဖြတ်ဖွင့်လှစ်ပေးသည်။


ဆက်လက်၍ ဒုတိယဝန်ကြီးက ငရုတ်ကောင်းတောင် ဓာတ်အားခွဲရုံဆိုင်းဘုတ်အား စက်ခလုတ်နှိပ်၍ ဖွင့်လှစ် ပေးသည်။
ဧရာဝတီတိုင်းဒေသကြီး ပုသိမ်ခရိုင်အတွင်းရှိ ဓာတ်အားစနစ်မှ ဓာတ်အားမရောက်ရှိသေးသည့် ငရုတ် ကောင်းမြို့၊ ဟိုင်းကြီးကျွန်းမြို့၊ ငွေဆောင်ဒေသ၊ ချောင်းသာ ဒေသနှင့် ငပုတောမြို့နယ်အတွင်းရှိ ကျေးရွာများအတွက် ပုသိမ်(ကန်ကြီးထောင့်) ၂၃၀/၆၆/၁၁ ကေဗွီ ၁၀၀ အမ်ဗွီအေ ဓာတ်အားခွဲရုံနှင့် ၆၆ ကေဗွီ ပုသိမ်-ငရုတ် ကောင်းတောင်-ငပြေမဓာတ်အားလိုင်း ၇၆ ဒသမ ၅ မိုင်အား မြန်မာ့လျှပ်စစ်ဓာတ်အား လုပ်ငန်းမှ တာဝန်ယူ တည်ဆောက်ခဲ့ရာ ၂၀၁၅ ခုနှစ် အောက်တိုဘာလတွင် ပြီးစီးခဲ့ပြီး အောက်တိုဘာ ၁၀ ရက်တွင် ၂၃၀/၆၆/၁၁ ကေဗွီ ၁၀၀ အမ်ဗွီအေ ပုသိမ် ပင်မဓာတ်အားခွဲရုံမှ ၆၆ ကေဗွီ ပုသိမ်-ငရုတ်ကောင်းတောင်-ငပြေမဓာတ်အားလိုင်းသို့ ဓာတ်အားစမ်းသပ်ပို့လွှတ်ခဲ့ပြီး အောက်တိုဘာ ၁၂ ရက်တွင် ငရုတ်ကောင်းတောင် ကျေးရွာအား ဓာတ်အား စတင်ဖြန့်ဖြူးပေး ခဲ့သည်။


ထို့နောက် ဒုတိယဝန်ကြီးနှင့် တာဝန်ရှိသူများသည် ငပြေမ ၆၆/၃၃/၁၁ကေဗွီ (၂၀+၅)အမ်ဗွီအေ ငပြေမ ဓာတ်အားခွဲရုံဖွင့်ပွဲအခမ်းအနားသို့ရောက်ရှိပြီး တိုင်း ဒေသကြီးဝန်ကြီး၊ လျှပ်စစ်ဓာတ်အားဖြန့်ဖြူးရေးလုပ်ငန်း ဦးဆောင်ညွှန်ကြားရေးမှူးနှင့် ငပြေမကျေးရွာမှ ရပ်မိရပ်ဖ တစ်ဦးတို့က ဓာတ်အားခွဲရုံမုခ်ဦးအား ဖဲကြိုးဖြတ်ဖွင့်လှစ်ပေးသည်။

ယင်းနောက် ဒုတိယဝန်ကြီးက ဓာတ်အားခွဲရုံ ဆိုင်းဘုတ်အား စက်ခလုတ်နှိပ်ဖွင့်လှစ်ပေးပြီး ဓာတ်အား ခွဲရုံ Switch Yard နှင့် ဓာတ်အားခွဲရုံအတွင်း ဓာတ်အား ပို့လွှတ်နေမှုအခြေအနေများကို လှည့်လည်ကြည့်ရှု စစ်ဆေးသည်။

အဆိုပါ ငပြေမဓာတ်အားခွဲရုံမှတစ်ဆင့် ၃၃/၁၁ ကေဗွီ ၅ အမ်ဗွီအေ ကျုံကူးဓာတ်အားခွဲရုံတည်ဆောက်ခဲ့ ပြီး ကျုံကူးကျေးရွာ၊ ပျဉ်းမကွင်းကျေးရွာ၊ ရဲခေါင်ကြီး (တောင်)ကျေးရွာ၊ ရဲခေါင်ကြီး(မြောက်)ကျေးရွာ၊ ရေကျော် ကျေးရွာတို့ကို ဓာတ်အားဖြန့်ဖြူးပေးနိုင်ခဲ့ပြီး ငပြေမ ဓာတ်အားခွဲရုံအနီးရှိ စန်းနားစုကျေးရွာ၊ အပေါ်စုကျေးရွာ၊ေ အာက်စုကျေးရွာများ ဓာတ်အား ရရှိရေး ဆက်လက် အကောင်အထည်ဖော်ဆောင်ရွက်လျက်ရှိသည်။ ထို့ပြင် ဟိုင်းကြီးကျွန်းမြို့နယ်အတွင်း ဟိုင်းကြီး ကျွန်းမြို့ မော်တင်စွန်းဘုရားနှင့် ဇီးချိုင့်ကျေးရွာများ လျှပ်စစ်ဓာတ်အား ရရှိရေးအတွက် ငပြေမ-ရေနောက်အိုင်မော်တင်စွန်း ၃၃ ကေဗွီ ဓာတ်အားလိုင်း ၁၃ ဒသမ ၄ မိုင်၊ ဇီးချိုင့်-ရေနောက်အိုင်-ဟိုင်းကြီးကျွန်း ၃၃ ကေဗွီ ဓာတ်အားလိုင်း ၆ ဒသမ ၈ မိုင်အား တည်ဆောက်လျက်ရှိပြီး ၂၀၁၆ ခုနှစ် ဖေဖော်ဝါရီလအတွင်း ဓာတ်အားစတင်ပို့လွှတ် သွားမည်ဖြစ်ကြောင်းသိရသည်။

(သတင်းစဉ်)

No comments:

Post a Comment