Monday, February 1, 2016

ချင်းတွင်းမြစ်သွားရေယာဉ်များ ကုန်ချိန်အပိုတင်ဆောင်မှုကြောင့် အန္တရာယ်ရှိ



Myanmaalinn's photo.
ထင်သာမြင်သာပြုပြင်စရာ

စစ်ကိုင်းတိုင်းဒေသကြီးအတွင်း ချင်းတွင်း မြစ်ကမ်း ဘေးရှိ ခရိုင်နှင့်မြို့နယ်များမှ ပြည်သူများသည် အချို့ နေရာများတွင် ကုန်းလမ်းခရီးသွားရေးလာရေးခက်ခဲ မှုကြောင့် ရေလမ်းခရီးဖြစ်သည့် အမြန်ရေယာဉ်များကို အဓိကထားအားကိုးပြီး သွားလာနေကြ၍ ရေလမ်းခရီးတွင် မမျှော်မှန်းရဲသင့်ဖြစ်ရပ်များ မကြုံတွေ့စေရေး စိုးရိမ်ပူပန် လျက်ရှိသည်။
ခရီးသွားပြည်သူတစ်ဦးက ''ကျွန်တော်တို့က လမ်းပန်း ဆက်သွယ်ရေးခက်ခဲမှုကြောင့် လူစီးအမြန် ရေယာဉ် တွေကိုပဲ အားထားရတယ်။ တချို့ လူစီးအမြန် ရေယာဉ် တွေမှာ သတ်မှတ်ကုန်ချိန်ထက်ကျော်လွန်ပြီး တင်ကြပါ တယ်။ လိုက်ရတဲ့ ခရီးသည်တွေမှာလည်း ရင်တထိတ် ထိတ်နဲ့ စီးနင်းရပါတယ်။ တစ်နှစ်မှာ နှစ်စင်း သုံးစင်းခန့် အမြန်ရေယာဉ်နှင့် ကုန်တင်အမြန်ရေယာဉ်များ နစ်မြုပ် တာတွေကြားနေရပါတယ်။ သက်ဆိုင်ရာကစစ်ဆေးရင်လည်း စစ်ဆေးတုန်းခဏပါပဲ ပြီးရင် စည်းကမ်းဖောက်ဖျက်မြဲ ဖောက်ဖျက်နေတာတွေ တွေ့ရှိနေရပါတယ်။ ဒါကြောင့် သက်ဆိုင်ရာက စည်းကမ်းပျက် အမြန်ရေယာဉ်များကို စနစ်တကျစစ်ဆေးပြီး တင်းတင်းကျပ်ကျပ် အရေးယူ ဆောင်ရွက်ပေးစေချင်ပါတယ်''ဟု ပြောကြားခဲ့သည်။

(မြို့နယ် ပြန်/ဆက်)

No comments:

Post a Comment