Thursday, January 14, 2016

YCDC Cup Open Golf Championship 2016 ဂေါက်သီးရိုက်ပြိုင်ပွဲ ဖွင့်ပွဲအခမ်းအနား ကျင်းပ




The Mirror Daily's photo.


ရန်ကုန် ဇန်နဝါရီ ၁၃

ရန်ကုန်မြို့တော်စည်ပင်သာယာရေးကော်မတီ၏ ဦးဆောင်မှုဖြင့် မြန်မာပီဂျီအေ (Myanmar PGA)နှင့် မြန်မာနိုင်ငံ ဂေါက်သီးအဖွဲ့ချုပ် တို့မှကြီးမှူး၍ Yangon Triple Co., Ltd ကအဓိကကူညီပံ့ပိုးသော YCDC Cup Open Golf Championship 2016 Presented by Yangon Triple ဂေါက်သီးရိုက်ပြိုင်ပွဲ၏ ဖွင့်ပွဲအခမ်းအနားကို ဇန်နဝါရီ ၁၃ ရက် နံနက်ပိုင်းတွင် ရန်ကုန်မြို့ အင်းစိန်မြို့နယ်ရှိ မြို့တော်ဂေါက်ကွင်း (ငွေသော်တာ)အမှတ် (၁)တီခုံ၌ကျင်းပသည်။ အခမ်းအနားတွင် ရန်ကုန်မြို့တော် စည်ပင်သာယာရေးကော်မတီ ဥက္ကဋ္ဌ(မြို့တော်ဝန်)၊ မြန်မာနိုင်ငံဂေါက်သီးအဖွဲ့ချုပ် ဥက္ကဋ္ဌ ဦးကိုကိုအေး၊ မြန်မာပီဂျီအေ အတွင်းရေးမှူး ဦးချမ်းဟန်၊ Yangon Triple Co., Ltd rS Chairman ဦးခွန်နောင်မြင့်ဝေ(ကိုယ်စား)ဦးမြင့်ဝေနှင့် Yangon Triple Co., Ltd CEO ဦးစောလုလုထော်တို့မှ အလှည့်ကျ ဂေါက်သီးရိုက်၍ ပြိုင်ပွဲအား ဖွင့်လှစ်ပေးကာ ပထမနေ့ (၁၈)ကျင်း ပြိုင်ပွဲကို စတင်ကျင်းပသည်။

ပြိုင်ပွဲပထမနေ့အပြီး Professional အဆင့်တွင် မျိုးဝင်းအောင် (PRGR) ကသတ်မှတ်ရိုက်ချက်ထက် (၃)ချက်လျော့ရိုက်ကာ(၆၉)ချက်ဖြင့် ပထမ၊ သိန်းဇော်မြင့်(KMG Centre)နှင့် ဘိုဘို (HAN Golf Academy)တို့က သတ်မှတ်ရိုက်ချက်ထက်(၁)ချက်လျော့ရိုက်ကာ (၇၁)ချက်ဖြင့် ဒုတိယလိုက်နေကြပြီး၊ ဝါသနာရှင်အဆင့် အမျိုးသား ပြိုင်ပွဲတွင် ခင်ဇော်ဝင်းကသတ်မှတ်ရိုက်ချက်ထက်(၅)ချက်လျော့ရိုက် ကာ (၆၇)ချက်ဖြင့်ပထမ၊ မောင်မဲကသတ်မှတ်ရိုက်ချက်ထက်(၁)ချက် လျော့ကာ(၇၁)ချက်ဖြင့် ဒုတိယနှင့် ကျော်ဇင်ထွန်းက(၇၂)ချက်ဖြင့် တတိယလိုက်နေကြသည်။

ပြိုင်ပွဲတွင် Professional အဆင့် (၂၄)ဦး၊ ဝါသနာရှင်အဆင့် အမျိုးသား(၅၁)ဦး စုစုပေါင်းအားကစားသမား (၇၅)ဦးဝင်ရောက် ယှဉ်ပြိုင်ကြသည်။
ဖိုးသော်ဇင်

No comments:

Post a Comment