မင်းတပ် ဇန်နဝါရီ ၁၃
မင်းတပ်မြို့ နေပြည်သူများအတွက် ရေသွယ်ယူလျက်ရှိသော ၉ မိုင်ရှိ ရေသည် နွေရာသီအချိန်တွင် ရေခန်းခြောက်လာမည် ဖြစ်သောကြောင့် ယခင်သွယ်ယူခဲ့သည့် နေရာများဖြစ်သော ၁၄ မိုင်ရှိ ရေသွယ်ယူရာ နေရာများသို့ နွေရာသီ၌မြို့နေပြည်သူများ ရေဖူလုံစွာ ရရှိရေးအတွက် စည်ပင်သာယာရေး ဝန်ထမ်းများ၊ ရဲတပ်ဖွဲ့ဝင်များ၊ မီးသတ် တပ်ဖွဲ့ဝင်များနှင့် ပြည်သူများသွားရောက်၍ ရေပိုက်လိုင်းများ ပြန်လည်ပြုပြင်ခဲ့ကြကြောင်း သိရသည်။
ယင်းသွယ်ယူသော နေရာများသည် ၂ဝ၁၅ ခုနှစ် ဇူလိုင်လနှင့် သြဂုတ်လတို့တွင် မိုးသည်းထန်စွာ ရွာသွန်းခဲ့မှုကြောင့် မြေပြိုပြီး ရေသွယ်စဉ် အသုံးပြုခဲ့သည့် ရေပိုက်များနှင့် ရေစုကန်များ ပျက်စီးခဲ့သည်။ ထို့ကြောင့် မင်းတပ်မြို့မှ ၁၄ မိုင်ဝေးသော နေရာမှပျက်စီးသည့် ရေပိုက်များ၊ မြေပြိုကျ၍ မြေစာများပြည့် နေသည့် ရေစုကန်များကို သွားရောက်ရှင်းလင်း ခဲ့ကြခြင်းဖြစ်ကြောင်း သိရသည်။
လိန်းဟုန်းမာန်(ပြန်/ဆက်)
No comments:
Post a Comment