Tuesday, January 12, 2016

မြန်မာ့ဆံရစ်ဝိုင်းများကို အညာဒေသတွင် ယနေ့တိုင်မြင်တွေ့နေရ
==============================================
နွားထိုးကြီး ဇန်နဝါရီ ၁၁
မြန်မာ့ယဉ်ကျေးမှုနှင့် အညာဓလေ့ကို ယခုထိ အညာဒေသကျေးရွာများ၌ တွေ့နေရဆဲဖြစ်ရာ မြန်မာအများစု နေထိုင်သော မန္တလေးတိုင်းဒေသကြီး နွားထိုးကြီးမြို့နယ်တွင် မြန်မာ့ဆံရစ် ဝိုင်းများကိုတွေ့နေရ၍ အညာသူတို့ ဂုဏ်ယူနေကြသည်။
နွားထိုးကြီးမြို့နယ် ခံစပ်ကုန်းရွာတွင် ဆံကေသာကို ထိန်းသိမ်းထားသော ဆံရစ်ဝိုင်းအမျိုးသမီးငယ် ၆ဝ ကျော် တွေ့နေရသည်။ ယနေ့ မြန်မာ မိန်းကလေးအများစု၏ ဆံပင်များသည် ဗျူတီပါလာ၊ အမျိုးသမီးသီးသန့် အလှပြုပြင်ရေး၏ ဈေးကွက်ဝင်များ ဖြစ်နေပြီး တူးစတပ်၊ ဖိုးစတပ် စသည်ဖြင့် တရုတ်စတိုင်၊ ကိုရီးယားစတိုင်ဖြင့် ဆံပင်တိုတိုဖြင့် ရိုးရာအမွေကို ဖျက်နေသည့်ကြားမှ မြန်မာမှုစရိုက်တွေ့ရ၍ ဝမ်းသာနေရသည်။
ဆံရစ်ဝိုင်း၊ အုပ်လုံးသိမ်းစသည်ဖြင့် အပျိုဖော်ဝင်မှ အိမ်ထောင်ကျသည်ထိ ဆံရစ်ဝိုင်းတို့ကိုတွေ့ရ၍ ခံစပ်ကုန်းရွာမှာ နာမည်ကြီးသည်။ အထူးသဖြင့် ဓာတ်ပုံဆရာများ အလှဓာတ်ပုံရိုက်ရာတွင် နှစ်သက်သောနေရာတစ်ခု ဖြစ်နေသည်။
ခင်ဇာမွန်မြင့်(ဥပဒေ)

No comments:

Post a Comment