Tuesday, January 12, 2016

မြန်မာ-ဗြိတိန် တပ်မတော်နှစ်ရပ်အကြား ဆက်ဆံရေးတိုးမြှင့်ဆောင်ရွက်ရေးဆိုင်ရာကိစ္စရပ်များဆွေးနွေး




The Mirror Daily's photo.

နေပြည်တော် ဇန်နဝါရီ ၁၁

ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် ဒုတိယသမ္မတ ဦးဥာဏ်ထွန်းသည် ဗြိတိန်နိုင်ငံ တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်ကြီးဂျွန်နီကိုလက်စ် ရေနော့ဒ်စ် ဟော့တန် ဦးဆောင်သည့် ကိုယ်စားလှယ်အဖွဲ့အား ယနေ့ နံနက် ၁ဝ နာရီတွင် နေပြည်တော်ရှိ နိုင်ငံတော်သမ္မတအိမ်တော် သံတမန်ဆောင် ဧည့်ခန်းမ၌ လက်ခံတွေ့ဆုံသည်။

ထိုသို့တွေ့ဆုံစဉ် မြန်မာနိုင်ငံ၏ ရွေးကောက်ပွဲအောင်မြင်စွာကျင်းပ နိုင်ခဲ့ခြင်းဆိုင်ရာကိစ္စရပ်များ၊ မြန်မာ့ငြိမ်းချမ်းရေးလုပ်ငန်းစဉ်ဆိုင်ရာကိစ္စရပ်များနှင့် မြန်မာ-ဗြိတိန် တပ်မတော်နှစ်ရပ်အကြား ဆက်ဆံရေးတိုးမြှင့်ဆောင် ရွက်ရေးဆိုင်ရာကိစ္စရပ်များကို ဆွေးနွေးခဲ့ကြသည်။

အဆိုပါတွေ့ဆုံပွဲသို့ ဒုတိယသမ္မတနှင့်အတူ ဒုတိယဝန်ကြီး ဗိုလ်မှူးချုပ် အောင်သော်၊ ဦးတင်ဦးလွင်တို့ တက်ရောက်ကြပြီး ဗြိတိန်နိုင်ငံ တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဦးဆောင်သည့်ကိုယ်စားလှယ်အဖွဲ့နှင့်အတူ မြန်မာနိုင်ငံဆိုင်ရာ ဗြိတိန်နိုင်ငံသံအမတ်ကြီး မစ္စတာ အင်ဒရူးပက်ထရစ်လည်း တက်ရောက်သည်။
(သတင်းစဉ်)

No comments:

Post a Comment