Saturday, January 30, 2016

SS301 ၏ ပထမဦးဆုံးသော တေးဗီဒီယို စမ်းသပ်ထုတ်လွှင့်



The Mirror Daily's photo.



တောင်ကိုရီးယား၏ ပေါ့ပ်တေးဂီတ လောကတွင် တစ်ချိန်က လျှမ်းလျှမ်းတောက်အောင်မြင်ခဲ့သော အမျိုးသား ပေါ့ပ်တေးဂီတ အဖွဲ့တစ်ဖွဲ့ ဖြစ်သည့် ''SS501'' ၏ အဖွဲ့ခွဲတစ်ခုဖြစ်သော '' SS301''၏ ပထမဦးဆုံးသော တေးဗီဒီယိုကို ဇန်နဝါရီ ၂၉ ရက်က ထုတ်လွှင့်ပြသခဲ့သည်။

ယင်းတေးဗီဒီယိုသစ်ကို ''Pain''ဟု အမည်ပေးထားပြီး အဖွဲ့ဝင်တစ်ဦးဖြစ်သော ကင်မ်ကြူဂျုံကို အဓိကထား ရိုက်ကူးထားသည်ကို တွေ့ရသည်။ အဆိုပါတေးဗီဒီယိုသည် လာမည့် ဖေဖော်ဝါရီ ၁၆ ရက်တွင် ထုတ်လွှင့်ဖြန့်ချိသွားမည့် အဖွဲ့၏ ပထမဦးဆုံးသော တေးအယ်လ်ဘမ် ''ETERNAL5''တွင် ပါဝင်သည့်တေးသီချင်းတစ်ပုဒ်ဖြစ်သည်။

'' SS501''သည် ခုနစ်နှစ်တာကာလအတွင်း အနုပညာလှုပ်ရှားမှုများ မရှိခဲ့ဘဲ ယခုအချိန်မှ အဖွဲ့ခွဲ '' SS301''အဖြစ် ပြန်လည်စတင်ခဲ့ခြင်းဖြစ်သည်။ ယခုအဖွဲ့တွင် ကင်မ်ယွန်ဂျွန်၊ ကင်မ်ကြူဂျုံနှင့် ဟိုယန်ဆင်းတို့ သုံးဦးပါဝင်သည်။

ယခုတေးအယ်လ်ဘမ်မတိုင်မီ ''SS501''၏ နောက်ဆုံးသော အနုပညာ လှုပ်ရှားမှုမှာ ၂ဝဝ၉ ခုနှစ်က ထုတ်လွှင့်ခဲ့သော ''Boys Over Flowers'' (F4)ရုပ်ရှင်၏ ဇာတ်ဝင်တေးသီချင်း '' Because I’m Stupid''ကို သီဆိုထုတ်လွှင့် ခဲ့ခြင်းဖြစ်သည်။
အေးပြည့် - စုစည်းသည်

No comments:

Post a Comment