တောင်ကိုရီးယားထိပ်တန်းမင်းသားတစ်ဦးဖြစ်တဲ့ ဟွန်ဘင်းက ပြီးခဲ့တဲ့ ၂ဝ၁၅နှစ်ကုန်မှာ သူ့ရဲ့အေဂျင်စီနဲ့ချုပ်ဆိုထားတဲ့ စာချုပ်သက်တမ်းပြည့်ခဲ့ပြီမို့ သူနဲ့အနုပညာလုပ်ငန်းတွေကို ရှေ့ဆက်ချင်တဲ့ ဒေသတွင်းအေဂျင်စီတွေက စာချုပ်ချုပ်ဆိုဖို့ အပြိုင်ကမ်းလှမ်းခဲ့ကြပါတယ်။ ဒါပေမယ့် ဟွန်ဘင်းက သူရဲ့ကိုယ်ပိုင်အေဂျင်စီတစ်ခုတည်ထောင်ပြီး အနုပညာ လုပ်ငန်းတွေကို ရှေ့ဆက်ချင်ခဲ့တာမို့ အခြားအေဂျင်စီတွေရဲ့ ကမ်းလှမ်းမှုကို လက်မခံခဲ့ပါဘူး။
ဇန်နဝါရီ ၂၈ရက်မှာတော့ ဟွန်ဘင်းနဲ့အလွန်ရင်းနှီးသူတစ်ဦးက မင်းသားဟာ သူရဲ့ကိုယ်ပိုင်အေဂျင်စီကို တည်ထောင်လိုက်ပြီဖြစ်ကြောင်းနဲ့ သူ့ရဲ့အေဂျင်စီကို ''VAST Entertainment''လို့ အမည်ပေးခဲ့ကြောင်း ပြောကြားခဲ့တယ်လို့ စွန်ပီဒေါ့ကွန်းက ဖော်ပြခဲ့ပါတယ်။ ဟွန်ဘင်းဟာ အဆိုပါအေဂျင်စီကို သူ့ဆရာကန်ကွန်တေးရဲ့အကူအညီနဲ့ တည်ထောင်ခဲ့တာဖြစ်ပြီး လတ်တလောမှာ အတူလက်တွဲလုပ်ကိုင်ဖို့ ကျွမ်းကျင်တဲ့ ပညာရှင်တွေကိုလည်း ရှာဖွေနေကြောင်း သိရပါတယ်။ ယခင်က ဟွန်ဘင်းဟာ တရုတ်နိုင်ငံအခြေစိုက်အေဂျင်စီတစ်ခုကို တည်ထောင်သွားမှာဖြစ်တယ်လို့ သတင်းတွေထွက်ခဲ့ပေမယ့်လည်း ယခုတည်ထောင်လိုက်တဲ့ အေဂျင်စီကတော့ ပြည်တွင်းအေဂျင်စီဖြစ်ပါတယ်။
လတ်တလောမှာ ဟွန်ဘင်းနဲ့ ''Girls' Generation''အဖွဲ့ဝင် ယွန်နတို့ ခေါင်းဆောင်ပါဝင်ထားတဲ့ ရုပ်ရှင်တစ်ခုကိုလည်း စမ်းသပ်ထုတ်လွှင့်ခဲ့ပါတယ်။
အေးပြည့် - စုစည်းသည်
No comments:
Post a Comment