Saturday, January 2, 2016

နှစ်သစ်မှာ ပြန်လည်ဆုံစည်းကြမယ့် " Guns N’ Roses"




The Mirror Daily's photo.

အမေရိကန်ရော့ခ်တေးဂီတအဖွဲ့တစ်ဖွဲ့ဖြစ်တဲ့ " Guns N’ Roses" မှ အဖွဲ့ဝင်တွေဖြစ်ကြတဲ့ အဆိုတော် အက်ဇယ်လ်ရို့စ်နဲ့ ဂီတပညာရှင် စလက်ရှ် တို့ဟာ လွန်ခဲ့တဲ့ နှစ်(၂ဝ)ကျော်အတွင်း ပထမဦးဆုံးအကြိမ်အဖြစ် ၂ဝ၁၆ ခုနှစ်ထဲမှာ ပြန်လည်ဆုံစည်း ဖျော်ဖြေတင်ဆက်သွားမှာဖြစ်ကြောင်း နယူးစ် ဒေါ့ကွန်းမှာ ဖော်ပြခဲ့ပါတယ်။

သူတို့နှစ်ဦးဟာ ၂ဝ၁၆ ဧပြီလအတွင်းမှာ အမေရိကန်နိုင်ငံ ကယ်လီဖိုးနီး ယားပြည်နယ် အင်ဒီရိုမြို့၌ ကျင်းပသွားမယ့် ''ကို့ခ်ျချယ်လာတေးဂီတနှင့် အနုပညာဖျော်ဖြေပွဲ''မှာ အတူပါဝင်ဖျော်ဖြေသွားမှာ ဖြစ်ပါတယ်။ အက်ဇယ်လ် နဲ့ စလက်ရှ်တို့ဟာ ဧပြီ ၆ ရက်၌ လက်စ်ဗီးဂတ်စ်မှာ အတူဖျော်ဖြေသွားမယ့် အစီအစဉ်တစ်ခုလည်း ရှိပါတယ်။

အဆိုပါတေးဂီတအဖွဲ့ဟာ ၁၉၈၅ ခုနှစ်မှာ စတင်ဖွဲ့စည်းခဲ့တာဖြစ်ပြီး အက်ဇယ်လ်နဲ့ စလက်ရှ်တို့ဟာ ၁၉၉၃ ခုနှစ်မှာ နောက်ဆုံးအနေနဲ့အတူ ဖျော်ဖြေခဲ့ကာ ယင်းနောက်ပိုင်းမဆုံစည်းဖြစ်တော့ဘဲ ယခုအကြိမ်မှသာ ပြန်လည် ဆုံစည်းကြမှာ ဖြစ်ပါတယ်။
အေးပြည့် - ရေးသားသည်

No comments:

Post a Comment