Saturday, January 2, 2016

မန်ယူကို ယခုထက်ရလဒ်ကောင်းမွန်အောင် ကြံဆောင်နိုင်မည်မဟုတ်ဟု ဗန်ဟားလ်ဆို



The Mirror Daily's photo.
မန်ယူနည်းပြ ဗန်ဟားလ်က လက်ရှိအသင်း၏ အနိုင်ရလဒ် ပျောက်ဆုံး နေမှုကို ကြံဆောင်ရန် မှော်ဆန်သည့် နည်းလမ်းမျိုး၎င်းတွင်မရှိဟု ဇန်နဝါရီ ၁ ရက်က ဘီဘီစီသတင်းဌာနသို့ ပြောကြားခဲ့သည်။ မန်ယူသည် ပရီမီယာ လိဂ်ပွဲစဉ် ခြောက်ပွဲ အပါအဝင် နောက်ဆုံးကစားခဲ့သည့် ပွဲစဉ်ရှစ်ပွဲတွင် အနိုင်မရရှိခဲ့ဘဲ ပရီမီယာလိဂ်အဆင့်(၆)နေရာသို့ရောက်ရှိသွားခဲ့သလို ချန်ပီယံလိဂ်ပြိုင်ပွဲမှလည်း ထွက်ခွာခဲ့ရသည်။ ထို့ကြောင့် ချယ်လ်ဆီးနည်းပြ မော်ရင်ဟို ထုတ်ပယ်ခံခဲ့ရအပြီး ဗန်ဟားလ်မှာ ပရီမီယာလိဂ်မှ နောက်ထပ် ထုတ်ပယ်ခံရမည့် နည်းပြအဖြစ် ထိပ်ဆုံးမှ ရေပန်းစားနေခြင်းဖြစ်သည်။

ဗန်ဟားလ်က'' ကလပ်အသင်း တိုးတက်လာဖို့ မှော်ဆန်တဲ့ နည်းလမ်း ရှိမနေပါဘူး။ ကစားသမားတစ်ဦးတစ်ယောက်ချင်းရဲ့ ခြေစွမ်းပိုင်းအပြင် ကလပ်အသင်းရဲ့ တိုးတက်မှု ကိစ္စရပ်အပါအဝင်ပေါ့'' ဟုပြောကြားခဲ့သည်။ဗန်ဟားလ်သည် ဇန်နဝါရီ ၂ ရက်တွင် ဆွမ်ဆီးအားရင်ဆိုင်ရမည် ဖြစ်သော်လည်း ခက်နေသည်မှာ ဗန်ဟားလ်လက်ထက်တွင် ဆွမ်ဆီးအား အကြိမ်တိုင်း ရှုံးနိမ့်နေခဲ့ခြင်းဖြစ်သည်။ သို့သော် နောက်ဆုံးကစားခဲ့ သည့် ချယ်လ်ဆီးအားရင်ဆိုင်ရမည့် ပရီမီယာလိဂ်ပွဲစဉ်တွင် မန်ယူ အသင်း၏ ပုံစံကောင်းတစ်ရပ်ကို ပြန်လည်မြင်တွေ့ခဲ့ရသည်။
ဗန်ဟားလ်က မန်ယူအသင်း ရလဒ်ပြန်လည် ကောင်းမွန် လာအောင် ကြိုးပမ်းရာတွင် ကစားသမားများမှာ အရေးအကြီးဆုံး ဖြစ်ကြောင်း၊ ရလဒ်အတွက် ကစားသမားများအပေါ်တွင်သာ အလုံးစုံမှီတည် နေရကြောင်း၊အနိုင်ရလဒ်ကို မဖော်ဆောင်နိုင်ချိန်တွင် ဖိအားများမည်ဖြစ်ပြီး ယင်းကိစ္စရပ်မှာ ဘောလုံးလောကအတွက် အဆန်းတကြယ်မဟုတ်ကြောင်း ဆိုခဲ့သည်။ ထို့ပြင် ဒီဇင်ဘာအတွင်းမှ ရလဒ်နှင့်ခြေစွမ်းပိုင်းကို ထည့်သွင်း မစဉ်းစားလျှင် ၂ဝ၁၅မှာ မန်ယူအတွက် ကောင်းမွန်သည့် နှစ်တစ်နှစ် ဖြစ်ခဲ့မည်မှာ သေချာကြောင်းလည်း တစ်ဆက်တည်းပင် ပြောကြားခဲ့ သည်။
မေလဲ့သင်း - စုစည်းရေးသားသည်

No comments:

Post a Comment