Saturday, January 2, 2016

ဂျနီဖာလောရန့်စ်၏ နှစ်သစ်ကူးညကို မုန်းရခြင်းအကြောင်းရင်း




The Mirror Daily's photo.


ဟောလိဝုဒ်ရုပ်ရှင်လောကမှာ လတ်တလောအောင်မြင်နေတဲ့ ထိပ်တန်းမင်းသမီး တစ်ဦးဖြစ်တဲ့ ဂျနီဖာလောရန့်စ်က အခြားသူတွေနဲ့မတူ ထူးခြားစွာ နှစ်သစ်ကူးနေ့တွေကို မုန်းတဲ့သူဖြစ်ကြောင်း ဖွင့်ဟခဲ့ပါတယ်။ အကြောင်းကတော့ သူ့ရဲ့လွန်ခဲ့တဲ့ နှစ်သစ်ကူး ညတွေမှာ အရက်သောက်ရင်း စိတ်ပျက်စရာတွေကို ကျော်ဖြတ်ခဲ့ရတဲ့ အမှတ်တရတွေပဲ ရှိခဲ့တာကြောင့်ဖြစ်တယ်လို့ မင်းသမီးက ဘီဘီစီရုပ်သံကထုတ်လွှင့်ခဲ့တဲ့ နှစ်သစ်ကူးအထူး အစီအစဉ်တစ်ခုမှာ ပြောကြားခဲ့ပါတယ်။

နှစ်သစ်ကူးနှင့်ပတ်သက်တဲ့ သူရဲ့အမှတ်တရ အားလုံးမှာလည်း အရက်သောက်ခဲ့ ခြင်းနှင့် စိတ်ပျက်စရာများပင်ရှိနေကြောင်း လောရန့်စ်က ဆိုခဲ့ပါတယ်။

ဆက်လက်ပြီး မင်းသမီးက သူ့အနေနှင့်လည်း အခြားသူများကဲ့သို့ နှစ်သစ်မှာ ကောင်းမွန်တဲ့ အရာတွေနောက် တောက်လျှောက်လိုက်ခဲ့ပေမယ့် ကောင်းတဲ့အရာဟူ၍ တစ်စုံတစ်ခုမျှမကြုံရဘဲ နောက်ဆုံးမှာ စိတ်ပျက်စရာတွေနဲ့သာ အဆုံးသတ်ခဲ့ရတယ် လို့လည်း ရင်ဖွင့်ခဲ့ပါတယ်။

လောရန့်စ်ဟာ နှစ်သစ်ကူးမတိုင်မီက ကလေးဆေးရုံတစ်ခုသို့ သွားရောက်ကာ ကလေးတွေနဲ့ တွေ့ဆုံနှုတ်ဆက်ပြီး လက်ဆောင်တွေလည်း ပေးအပ်ခဲ့ပါတယ်။
အေးပြည့် - ရေးသားသည်

No comments:

Post a Comment