Monday, January 11, 2016

CCTV ရုပ်သံလိုင်းရဲ့ နှစ်သစ်ပွဲတော်ကို တက်ရောက်ခွင့်ရခဲ့တဲ့ တစ်ခုတည်းသော ကေပေါ့ပ်တေးဂီတအဖွဲ့ The Mirror Daily's photo.


တောင်ကိုရီးယားရဲ့ ထိပ်တန်းအမျိုးသမီးပေါ့ပ်တေးဂီတအဖွဲ့တွေထဲက တစ်ခုဖြစ်တဲ့ "Girls' Generation" ဟာ ဖေဖော်ဝါရီ ၈ ရက်မှာ ကျင်းပမယ့် တရုတ်ထိပ်တန်းရုပ်သံလိုင်းတစ်ခုဖြစ်တဲ့ CCTV ရုပ်သံလိုင်းရဲ့ နှစ်သစ်ကူး တွေ့ဆုံပွဲကို တက်ရောက်ဖို့ ဖိတ်ကြားခံခဲ့ရပါတယ်။
အဆိုပါ ပွဲတော်ဟာ တရုတ်အနုပညာရှင်များအနက် ကျော်ကြားတဲ့သူတွေကိုသာ ဖိတ်ကြားတက်ရောက်စေတဲ့ပွဲဖြစ်ပြီး တောင်ကိုရီးယားအနုပညာရှင်များအနက် "Girls' Generation" အဖွဲ့ကို ပထမဦးဆုံး ဖိတ်ကြားခဲ့တာပါ။ အခြားသော အာရှအနုပညာရှင်တွေကိုတော့ ဖိတ်ကြားထားခြင်းရှိ၊ မရှိ ဖော်ပြ ထားခြင်း မရှိပါဘူး။
"Girls' Generation"က ယင်းတွေ့ဆုံပွဲမှာ အဖွဲ့ရဲ့ နာမည်ကျော်တေး သီချင်းတွေဖြစ်ကြတဲ့ "Gee"eJU "Lion Heart" ကဲ့သို့သော တေးသီချင်းတွေ ကို ဖျော်ဖြေသွားရန်စီစဉ်ထားတယ်လို့လည်း အောလ်ကေပေါ့ပ်ဒေါ့ကွန်းက ဖော်ပြခဲ့ပါတယ်။
အေးပြည့် - စုစည်းသည်။

No comments:

Post a Comment