Monday, January 11, 2016

တိုက်စစ်မှူး ဖယ်လ်ကာအိုအား မိုနာကို ပြန်ခေါ်မည် မဟုတ်ဟုဆို



The Mirror Daily's photo.


ပြင်သစ်ပထမတန်းကလပ် မိုနာကို အသင်းသည် ပရီမီယာလိဂ်ကလပ် ချယ်လ်ဆီးအသင်း၌ အငှားချထားသည့် တိုက်စစ်မှူး ဖယ်လ်ကာအိုအား မိုနာကိုအသင်းသို့ ပြန်လည်ခေါ်ယူမည်မဟုတ်ကြောင်း အတိအလင်းပြောကြားခဲ့သည်။

တိုက်စစ်မှူး ဖယ်လ်ကာအိုသည် အက်သလက်တီကို မက်ဒရစ်အသင်းမှ မိုနာကို အသင်းက ခေါ်ယူခဲ့ခြင်းဖြစ်သော်လည်း ပရီမီယာလိဂ်တွင် နှစ်ရာသီကြာ အငှားဖြင့်ကစားခဲ့ရသည်။ ၂ဝ၁၄-၂ဝ၁၅ ဘောလုံးရာသီတွင် မန်ယူအသင်း၌ ကစားခဲ့ရပြီး လက်ရှိတွင် ချယ်လ်ဆီးအသင်း အငှားစာချုပ်ဖြင့် ကစားလျက်ရှိသည်။

ကိုလံဘီယာတိုက်စစ်မှူး ဖယ်လ်ကာအိုသည် ပရီမီယာလိဂ်ချန်ပီယံ ချယ်လ်ဆီးအသင်းနှင့်အတူ လိဂ်ပွဲစဉ် ကိုးပွဲကစားခဲ့ပြီး ဒဏ်ရာပြဿနာကြောင့် အောက်တိုဘာလကတည်းက ချယ်လ်ဆီးအသင်းတွင် ပွဲထွက်မကစားနိုင်ခဲ့ပေ။ ဒဏ်ရာမသက်သာသေးသောကြောင့် အရန်ခုံတွင် နောက်ထပ်နှစ်လ ကြာအနားယူရဦးမည်ဖြစ်ပြီး ရာသီကုန်အထိ မိုနာကိုအသင်းသို့ ပြန်လည်ခေါ်ယူမည် မဟုတ်ကြောင်း မိုနာကိုအသင်းဒုတိယ ဥက္ကဋ္ဌ ဗက်ဆီးယက်ဗ်က ပြောကြားခဲ့သည်။

ဖယ်လ်အိုအား အသင်းသို့ ပြန်လည် ခေါ်ယူမည်မဟုတ်သည့်အပြင် ဘရာဇီးကလပ် ကိုရင်သီယန်အသင်းမှ ဗက်နာလာ့ဗ်အား စာချုပ်ချုပ်ဆို ခေါ်ယူသွားမည် ဖြစ်ကြောင်းနှင့် ယခုတစ်ပတ်အတွင်းမှာပင် မိုနာကိုအသင်းသို့ ရောက်ရှိလာနိုင်ကြောင်းမှာပင် ဗက်ဆီးယက်ဗ်က ပြောကြားခဲ့သည်။ မိုနာကိုအသင်းသည် လက်ရှိတွင် ပြင်သစ်ပထမတန်း အမှတ်ပေး ဇယားတွင် ပီအက်စ်ဂျီအသင်းနှင့် ၂၁ မှတ် အကွာအဆင့်(၃)နေရာ၌ ရပ်တည်လျက်ရှိသည်။
(ငွေကြယ်)

No comments:

Post a Comment