ရီးယဲလ်မက်ဒရစ်အသင်းနှင့် ဒီပို့တီဗိုအသင်းတို့ ယှဉ်ပြိုင်ကစားခဲ့သည့် စပိန်လာလီဂါပွဲစဉ်(၁၉)တွင် တိုက်စစ်မှူး ဘင်ဇီမာသည် ရီးယဲလ်မက်ဒရစ် အသင်းအတွက် ဂိုးသွင်းယူနိုင်ခဲ့ခြင်းကြောင့် ရီးယဲလ်မက်ဒရစ်အသင်းနှင့် အတူ လိဂ်သွင်းဂိုး ၁ဝဝ ပြည့်သွားခဲ့ပြီဖြစ်သည်။
အဆိုပါပွဲစဉ်တွင် ရီးယဲလ်မက်ဒရစ်အသင်းက ဒီပို့တီဗိုအသင်းအား ငါးဂိုးပြတ်ဖြင့် အနိုင်ရရှိခဲ့ခြင်းဖြစ်ပြီး ရီးယဲလ်မက်ဒရစ်အသင်းအတွက် သွင်းဂိုးများကို ဂါရတ်ဘေးလ်နှင့် ဘင်ဇီမာတို့က သွင်းယူပေးခဲ့ခြင်းဖြစ်သည်။ ယင်းပွဲစဉ်တွင် ဂါရတ်ဘေးလ်က သုံးဂိုး၊ ဘင်ဇီမာက နှစ်ဂိုးသွင်းယူပေးခဲ့သည်။
တိုက်စစ်မှူး ဂါရတ်ဘေးလ်သည် ယခုပွဲစဉ်တွင် ဟက်ထရစ်ဂိုးသွင်းယူ နိုင်ခဲ့ခြင်းအပါအဝင် ရီးယဲလ်မက်ဒရစ်အသင်းအတွက် သွင်းဂိုး ၅ဝ ပြည့်မြောက်ခဲ့ပြီဖြစ်သည်။
တိုက်စစ်မှူးဘင်ဇီမာသည် နည်းပြရာဖေးလ်ဘင်နီတက်ဇ်မရှိတော့သည့် နောက်ပိုင်း ပထမဆုံးအကြိမ် ပြန်လည်ပွဲထွက်လာခဲ့ခြင်းဖြစ်ပြီး ရီးယဲလ် မက်ဒရစ်အသင်းသည်လည်း ယခုပွဲစဉ်နိုင်ပွဲရရှိခဲ့ခြင်းကြောင့် အမှတ်ပေးဇယား၏ ထိပ်ဆုံး၌ရပ်တည်နေသည့် ဘာစီလိုနာအသင်းနှင့် နှစ်မှတ်အကွာတွင် ရပ်တည်နိုင်ခဲ့သည်။
သို့ရာတွင် ဘာစီလိုနာအသင်းက အိမ်ကွင်းနျူးကမ့်၌ ဂရန်နာဒါအသင်းကို လေးဂိုးပြတ်နိုင်ပွဲရရှိခဲ့ခြင်းကြောင့် ရီးယဲလ်မက်ဒရစ်အသင်းအတွက် ဖိအားတိုးသွားစေခဲ့သည်။ သို့သော် နည်းပြသစ်ဇီဒန်းလက်ထက်တွင် အကောင်းဆုံး ပုံစံဖြင့် ပြန်လည်တုံ့ပြန်မည်ဟု ဆိုထားသည်။
(ငွေကြယ်)
No comments:
Post a Comment