Wednesday, January 13, 2016

ဆဲလ်ဖုန်းတာဝါတိုင်များ မြို့ပေါ်ရပ်ကွက်အတွင်း တည်ဆောက်ထားမှုလူနေ အိမ်အနီးမှ ဖယ်ရှားပေးရန်လိုလား



The Mirror Daily's photo.
ပဲခူးတိုင်းဒေသကြီး ပဲခူးမြို့ပေါ်ရပ်ကွက်များအတွင်း ဆဲလ်ဖုန်းတာဝါတိုင်ကြီးများ တည်ဆောက်နေကြ၍ ယင်း တိုင်ကြီးများမှ တစ်ဆင့် ရရှိခံစားရမည့် ဆိုးကျိုးများကြောင့် ရပ်ကွက်အတွင်းရှိ ဒေသခံပြည်သူများ စိုးရိမ်ထိတ်လန့် နေကြကြောင်းသိရသည်။ ယခုအခါ ဆဲလ်ဖုန်းတာဝါတိုင်ကြီးများမှာ ပဲခူးမြို့ပေါ် ကျွန်းသာယာရပ်ကွက် နယ်မြေ(၁၅)၊ နယ်မြေ(၁၆)၊ နယ်မြေ(၈)တစ်ရပ်ကွက်တည်းတွင် သုံးပွင့်ဆိုင်တည်ဆောက်ထားရှိခြင်း၊ ကလျာဏီရပ်ကွက်၊ မဇင်းရပ်ကွက်တို့တွင် လည်းတွေ့ရှိရပြီး ယင်းဆဲလ်ဖုန်းတာဝါတိုင်များ လူနေရပ်ကွက်အတွင်း တည်ဆောက်ထားရှိနေမှုကြောင့် မိုးကြိုးပစ်ခြင်း၊ မုန်တိုင်းတိုက်ခတ်ခြင်း၊ ငလျင်လှုပ်ခြင်းစသည့် သဘာဝဘေးတို့ကြောင့် ပြိုလဲမှုရှိလာနိုင်ပြီး လူတို့၏ အသက်အန္တရာယ်ထိခိုက် စေနိုင်သလို၊ ယင်းတာဝါတိုင်မှ စက်သံသည် အသံမြည်ဟည်းမှုပြင်းထန်၍ ညအချိန် အိပ်စက်အနားယူကြမည့် ရပ်ကွက်နေပြည်သူများ၊ ဝန်ထမ်းများ အနားယူအိပ်စက်၍မရဖြစ်ကြရပါသည်။ ယင်းစက်ကြီး လျှပ်စစ်မီးပျက်ခဲ့လျှင် အင်ဂျင်ဖြင့် ချက်ချင်းလည်ပတ်နိုင်ရန် ဂါလန်ပေါင်းများစွာ သိုလှောင်ထားရှိသော စက်မောင်း ဆီကန်မှာ ရပ်ကွက်အတွင်း မီးအန္တရာယ်စိုးရိမ်နေရခြင်းတို့ကြောင့် လူနေအိမ်ရပ်ကွက်များထဲမှ ထိုဆဲလ်ဖုန်းတာဝါ တိုင်ကြီးများ သက်ဆိုင်ရာများက အမြန်ဆုံးဖယ်ရှားရှင်းလင်းပေးရန် ဒေသခံများ လိုလားလျက်ရှိနေကြသည်။
(၅၈၇)

No comments:

Post a Comment