Wednesday, January 13, 2016

မုံရွာ-မြင်းမူ-မန္တလေးကားလမ်းပေါ် က မြင်းမူတိုးဂိတ်




The Mirror Daily's photo.


မြန်မာနိုင်ငံ၏ လမ်းပန်းဆက်သွယ်ရေးများတွင် မုံရွာ-မန္တလေးလမ်းမကြီးသည်လည်း အဓိကကျသော ဆက်သွယ်ရေးလမ်းကြောင်း တစ်ခုဖြစ်သည်။ ထိုလမ်းမကြီးမှတစ်ဆင့် မန္တလေးမှနေ၍ တိုင်းဒေသကြီးနှင့်ပြည်နယ် အသီးသီးသို့ ဆက်သွယ်နိုင်သည့်အပြင် တရုတ်ပြည်အထိ ခရီးပေါက်သော လမ်းကြောင်းတစ်ခုဖြစ်ပါသည်။ ထို့အတူမုံရွာမှတစ်ဆင့် ချင်းပြည်နယ်နှင့် အိန္ဒိယအထိ ဆက်သွယ်နိုင်သော ခရီးလမ်းကြောင်း လည်းဖြစ်သည်။

နိုင်ငံတော်အတွက် လိုအပ်သောတိုးဂိတ်အသီးသီးကိုလည်း ဤလမ်းကြောင်းတွင်တွေ့နိုင်သည်။ မိုင် ၅ဝတွင် တိုးဂိတ်တစ်ခုနှုန်းဖြင့် လုံခြုံရေးနှင့်သွားလာရေး လွယ်ကူစေရန်အတွက် ဆောင်ရွက်ထားသည်မှာကျေနပ်အားရဖွယ်ရာဖြစ်ပါသည်။

သို့သော် မန္တလေးနှင့်စစ်ကိုင်း ၁၂ မိုင်သာရှိသော ခရီးလမ်းကြောင်းတွင် တိုးဂိတ်တစ်ခုရှိပါသည်။ ၃၆ မိုင်ဝေးသည့် စစ်ကိုင်းနှင့် မြင်းမူကြားတွင်တိုးဂိတ်နှစ်ခုရှိနေသည်မှာ ခရီးသွားလုပ်သားပြည်သူများနှင့် အဝေးပြေးကားများ၊ ကိုယ်ပိုင်ကားများ ကုန်သည်များအတွက် စိတ်အနှောင့်အယှက်ဖြစ်ရပါသည်။ တိုးဂိတ်သည် သင့်တော်သောအနေအထားဖြင့် တည်ရှိနေသော်လည်း မြင်းမူတိုးဂိတ်သည် မလိုအပ်ဘဲ တည်ဆောက်ထားသည့် တိုးဂိတ်အဖြစ် အများပြည်သူက ယုံကြည်နေသည်။

ထို့ကြောင့် ပြည်သူကို အခြေပြုသောဒီမိုကရေစီနိုင်ငံတော်ကိုတည်ဆောက်ရာတွင် ပြည်သူ့အသံကို အလေးအနက်ထားပြီး ပြည်သူ့လိုအပ်ချက်ကို ဖြည့်ဆည်းပေးခြင်းဖြင့် နိုင်ငံတော်၏အနာဂတ်မျှော်မှန်းချက်များသည် ပိုမိုအောင်မြင်လာလိမ့်မည်ဟုအကြံပြုတင်ပြလိုက်ပါသည်။
(၆၂၄)

No comments:

Post a Comment