Wednesday, January 13, 2016

ဘိန်းဖြူ၊ ဘိန်းစိမ်းနှင့် စိတ်ကြွရူးသွပ်ဆေးပြားများ သိမ်းဆည်းရမိ


The Mirror Daily's photo.
နေပြည်တော် ဇန်နဝါရီ ၁၂
နမ္မတူမြို့မရဲစခန်းမှ တပ်ဖွဲ့ဝင်များသည် ဇန်နဝါရီ ၉ ရက်က နမ္မတူမြို့ ပန်ဟိုက်(၈) ရပ်ကွက်နေ ဟုန်ရီပေါင်၏ နေအိမ်ကိုရှာဖွေ ရာ စိတ်ကြွရူးသွပ်ဆေးပြား ၁ဝဝဝ၊ ဘိန်းဖြူ ဆပ်ပြာခွက် ၈ ခွက်(ဘိန်းဖြူ သုည ဒသမ ၁၂ ကီလို)နှင့် ဘိန်းစိမ်း ၂ ကီလိုတို့ကို သိမ်းဆည်းရမိခဲ့သည်။
အလားတူ ယင်းနေ့က မူးယစ်တပ်ဖွဲ့စု (၂၂)မူဆယ်မှ တပ်ဖွဲ့ဝင်များပါဝင်သော ပူးပေါင်းအဖွဲ့သည် နမ့်ခမ်း-မုံးဝီးသွားကားလမ်း နမ့်ခမ်းမြို့နယ် ငွမ်အင်ကျေးရွာ လမ်းမပေါ်တွင် လွယ်လင်ကန်ကျေးရွာဘက်မှ ဆိုင်ကယ်မောင်းနှင်လာသူ ညီကျော်လှိုင်အားရှာဖွေရာ ဘိန်းဖြူဆပ်ပြာခွက်တစ်ခွက် (ဘိန်းဖြူ သုည ဒသမ ဝ၁၃ ကီလို)နှင့် စိတ်ကြွရူးသွပ်ဆေးပြား ၆ဝဝ တို့ကို သိမ်းဆည်းရမိခဲ့သည်။
မိုးညှင်းခရိုင် ရဲတပ်ဖွဲ့မှူးရုံးမှ တပ်ဖွဲ့ဝင် များသည် ဇန်နဝါရီ ၉ ရက်က ဖားကန့်မြို့နယ် ဆိပ်မူကျေးရွာအုပ်စု အောက်မက်လင်ချောင် ကျေးရွာနေ မိုးဆန်းဦး၏နေအိမ်ကိုရှာဖွေရာ ဘိန်းဖြူဆပ်ပြာခွက် ၁၁ ခွက် (ဘိန်းဖြူ အလေးချိန် သုည ဒသမ ၁၃၂ ကီလို)နှင့် စိတ်ကြွရူးသွပ်ဆေးပြား ၆ဝဝ တို့ကို သိမ်းဆည်းရမိသဖြင့် ၄င်းတို့အား မူးယစ် ဆေးဝါးနှင့် စိတ်ကိုပြောင်းလဲစေသော ဆေးဝါး များဆိုင်ရာဥပဒေအရ အရေးယူထားကြောင်း သိရသည်။
(ကြေးမုံ)

No comments:

Post a Comment