Friday, January 29, 2016

ဇီကာဗိုင်းရပ်ထိန်းချုပ်ရေး အစီအမံများဆောင်ရွက်



Myanmaalinn's photo.
ဂျီနီဗာ ဇန်နဝါရီ ၂၈

ကုလသမဂ္ဂအေဂျင်စီက ဘရာဇီး နိုင်ငံမှ လက်တင်အမေရိကန်နှင့် ကရစ်ဘီယံ နိုင်ငံတို့တွင် ပျံ့နှံ့ဖြစ်ပွား လျက်ရှိသော ထောင်ပေါင်းများစွာ သောကလေးများ ဇီကာဗိုင်းရပ် ရောဂါဖြစ်ပွားမှုကို လျင်မြန်စွာကိုင်တွယ်လုပ်ဆောင်သွားရန် ဖိအားပေး လုပ်ဆောင်နေချိန် ကမ္ဘာ့ကျန်းမာ ရေးအဖွဲ့ကြီးကလည်း ကြာသပတေး နေ့တွင် ဇီကာဗိုင်းရပ်နှင့် ပတ်သက် သော အထူးညီလာခံတစ်ရပ် ကျင်းပ လျက်ရှိသည်။
ကလေးမွေးဖွားရာတွင် ထိခိုက် အန္တရာယ်ဖြစ်စေနိုင်သည့် ခြင်မှ တစ်ဆင့် ကူးစက်ပျံ့နှံ့သော အဆိုပါ ဗိုင်းရပ်ကို ရပ်တန့်သွားအောင် နိုင်ငံ အားလုံးက ဝိုင်းဝန်း ကြိုးပမ်းကြရန် ဗုဒ္ဓဟူးနေ့မှစတင်ကာ စီမံချက်အသစ် များ ချမှတ်လုပ်ဆောင်နေပြီဖြစ် ကြောင်း ဒဗလျူအိတ်ခ်ျအိုညွှန်ကြားရေးမှူးချုပ် မာဂရက်ချန်းက ပြော ကြားလိုက်သည်။
အဆိုပါ ရောဂါပျံ့နှံ့မှုကို ထိန်း ချုပ်သွားနိုင်ရန် အမေရိကန်အစိုးရက ရောဂါဖြစ်ပွားရာနိုင်ငံနှင့် ဒေသ များသို့သွားရောက်ခဲ့သူများ သွေးလှူ ဒါန်းခြင်းကို ပိတ်ပင်ထားသည်။
ဘရာဇီးနိုင်ငံအနေဖြင့် အဆိုပါ ရောဂါကိုတိုက်ဖျက်ရန် အေးဒိစ်ခြင် နှိမ်နင်းရေးကို စစ်ဆင်ရေးတစ်ရပ် အဖြစ် ဆောင်ရွက်ရမည်ဖြစ်ကြောင်း သမ္မတ ဒီမာရိုဆက်ဖ်က ပြောကြား လိုက်သည်။
အဆိုပါခြင်သည် အပူပိုင်းဒေသ ရှိ မြို့ကြီးများတွင် ရှင်သန်ပေါက်ပွား မှု အားကောင်းလျက်ရှိရာ ခြင်ပေါက် ပွားနိုင်သော ရေအိုး၊ ရေခွက်၊ ရွှံ့ ဗွက်နေရာများကို ရှင်းလင်းသွားရန် လည်း သမ္မတက ညွှန်ကြားလိုက် သည်။

(ရိုက်တာ)

No comments:

Post a Comment