ပါရီ ဇန်နဝါရီ ၂၈
အီရန်သမ္မတ ဟတ်ဆန်ရို ဟာနီသည် ပြင်သစ်စီးပွားရေး လုပ်ငန်းရှင်များနှင့်
ဗုဒ္ဓဟူးနေ့က တွေ့ဆုံခဲ့ပြီး အီရန်နိုင်ငံသည် ရင်းနှီး
မြှုပ်နှံမှုလုပ်ငန်းများအတွက် ကြိုဆို ကြောင်း ပြောခဲ့သည်။
၎င်းသည် ပြင်သစ်နိုင်ငံသို့ ရောက်ရှိနေစဉ်အတွင်း သံတမန်ရေး ရာအရ သဘောထားကွဲလွဲမှုအနည်း ငယ်ရှိသော်လည်း စီးပွားရေးပူးပေါင်း ဆောင်ရွက်မှုများ ပြန်လည်စတင်ရန် ရည်ရွယ်ကြောင်း သိရသည်။
နျူကလီးယား စာချုပ်ချုပ်ဆို ပြီး သဘောထားပျော့ပြောင်းသော ကမ္ဘာ့အင်အားကြီးနိုင်ငံများ စီးပွား ရေးအရ ပိတ်ဆို့မှုများကို ဖယ်ရှား ပေးခဲ့ပြီးနောက် သမ္မတရို ဟာနီသည် ဥရောပသို့ခရီးထွက်ခဲ့သည်။
ယခု သီတင်းပတ်အတွင်း အီတလီနိုင်ငံကလည်း သဘောထား ပျော့ပျောင်းသော သမ္မတ ရိုဟာနီ နှင့်၎င်း၏ အဖွဲ့ဝင် ၁၂ဝ ကို ကြိုဆို လက်ခံခဲ့သည်။ အဖွဲ့ဝင် ၁၂ဝ တွင် စီးပွားရေးသမားများ၊ အစိုးရအဖွဲ့ မှ တာဝန်ရှိသူများ ပါဝင် သည်။
ကမ္ဘာ့အသိုင်းအဝိုင်းအတွင်းသို့ အီရန် ပြန်လည်ရောက်ရှိလာခြင်းကို ကြိုဆိုကြောင်း၊ သို့သော် ဆီးရီးယား အရေးနှင့်ပတ်သက်၍ အီရန်၏ပါဝင်ပတ်သက်မှုကိုမူ ထောက်ခံခြင်း မရှိကြောင်း ပြင်သစ်နိုင်ငံခြားရေး ဝန်ကြီးက ပြောသည်။ ပြင်သစ်နိုင်ငံ သည် ဇူလိုင်လကတည်းက တီဟီ ရန်သို့ သွားရောက်၍ ကုန်သွယ် ရေးနှင့် နိုင်ငံရေး ဆွေးနွေးမှုများ ပြုလုပ်ခဲ့သည်။

(ရိုက်တာ)
No comments:
Post a Comment