ပထမအကြိမ် အမျိုးသားလွှတ်တော် ပုံမှန်အစည်းအဝေး အောင်မြင်စွာကျင်းပပြီးစီး
နေပြည်တော် ဇန်နဝါရီ ၂၈
ပထမအကြိမ် အမျိုးသား လွှတ်တော် (၁၃)ကြိမ်မြောက် ပုံမှန် အစည်းအဝေး ၂၈ ရက် မြောက်နေ့ကို ယနေ့မွန်းလွဲ ၁ နာရီခွဲတွင်ကျင်းပရာ မေးခွန်းလေးခု မေးမြန်းဖြေကြားခြင်း ကို ဆောင်ရွက်ကြသည်။
အစီအစဉ်အရ ရန်ကုန်တိုင်း ဒေသကြီး မဲဆန္ဒနယ်အမှတ်(၁)မှ ဒေါ်ခင်ဝိုင်းကြည်၏ လုပ်သက်ခွင့် ခံစားပိုင်ခွင့်တစ်လကို အမြဲတမ်း စုဆောင်းခံစားပိုင်ခွင့် ပြင်ဆင် သတ်မှတ်ပေးနိုင်ရန် အစီအစဉ် ရှိ၊ မရှိ မေးခွန်းနှင့်စပ်လျဉ်း၍ ပြည်ထောင်စု ရာထူးဝန်အဖွဲ့ဝင် ဦးခင်မောင်အေးက နိုင်ငံ့ဝန်ထမ်းတစ်ဦး၏ လုပ်သက်ခွင့် ကို ခံစားခွင့်ပြုရာတွင် နိုင်ငံ့ဝန်ထမ်း နည်းဥပဒေ ၈၇ နှင့်အညီ ပြက္ခဒိန် တစ်နှစ်အတွင်းတွင် ခံစားခွင့်ပြု ပေးထားသည့်အပြင် နည်းဥပဒေ ၈ဝ ၌ ပြက္ခဒိန်နှစ်အတွင်း ခွင့်စာရင်း ၌ကျန်ရှိသော လုပ်သက်ခွင့်ရက်များ အတွက်ကိုလည်း ဆုကြေးအဖြစ် ပျှမ်းမျှလစာဖြင့် ခံစားခွင့်ပြုရန် ထည့်သွင်းရေးဆွဲ ပြဋ္ဌာန်းထားပါ ကြောင်း၊ သို့ရာတွင် နိုင်ငံ့ဝန်ထမ်း များနှင့် အငြိမ်းစားဝန်ထမ်းများ၏ လစာကို လေးကြိမ်တိုင်တိုင် တိုးမြှင့် ပေးခဲ့ခြင်းနှင့် ဘဏ္ဍာရေးအခြေအနေ အရ အဆိုပါနည်းဥပဒေ ၈ဝ ကို ကျင့်သုံးရန် လတ်တလောဆိုင်းငံ့ ထားပါကြောင်း။
ထို့ပြင် ပြက္ခဒိန်နှစ်အစပိုင်းတွင် မလွဲမရှောင်သာသည့် လူမှုရေး၊ ကျန်းမာရေး စသောကိစ္စရပ်များ အတွက် အမှန်တကယ်လိုအပ်၍ လုပ်သက်ခွင့်တောင်းခံပါက ဝန်ထမ်း စုဆောင်းထားသော လုပ်သက်ခွင့်ရက် လက်ကျန်နည်းနေပါက ရှောင်တခင် ခွင့်၊ ဆေးလက်မှတ်ခွင့်ကဲ့သို့ အခြား ခံစားခွင့်ရှိသည့် ခွင့်အမျိုးအစားများ ကို နိုင်ငံ့ဝန်ထမ်းနည်းဥပဒေများပါ ပြဋ္ဌာန်းချက်များနှင့်အညီ သက် ဆိုင်ရာဝန်ကြီးဌာနနှင့် အဖွဲ့အစည်း ၏စီမံခန့်ခွဲမှုနည်းလမ်းအရ ပြင်ဆင် သတ်မှတ်ခွင့်ပြုပေးနိုင်ပါကြောင်း၊ ဝန်ကြီးဌာနနှင့် အဖွဲ့အစည်းများ အနေဖြင့် လုပ်သက်ခွင့်နှင့်စပ်လျဉ်း ၍ နိုင်ငံ့ဝန်ထမ်း နည်းဥပဒေများပါ ပြဋ္ဌာန်းချက်များနှင့်အညီ အဆင်ပြေ စွာဖြင့် ကျင့်သုံးဆောင်ရွက်လျက်ရှိပါ ကြောင်း ဖြေကြားသည်။
မန္တလေးတိုင်းဒေသကြီး မဲဆန္ဒ နယ်အမှတ်(၃)မှ ဦးတင်မောင်ဝင်း ၏ မန္တလေးတိုင်းဒေသကြီးအတွင်း လီဆူတိုင်းရင်းသားလူဦးရေစာရင်း ကောက်ယူပေးရန် အစီအစဉ် ရှိ၊ မရှိ မေးခွန်းနှင့်စပ်လျဉ်း၍ လူဝင်မှု ကြီးကြပ်ရေးနှင့် ပြည်သူ့အင်အား ဝန်ကြီးဌာန ‘ ဒုတိယဝန်ကြီး ဦးဝင်းမြင့်က ၂ဝ၁၄ ခုနှစ် လူဦးရေနှင့် အိမ်အကြောင်းအရာ သန်းခေါင် စာရင်းအရ တိုင်းရင်းသားလူမျိုး စာရင်းအကြမ်း ထွက်လာချိန်တွင် ပြည်ထောင်စုအစိုးရအဖွဲ့သို့တင်ပြ၍ သက်ဆိုင်ရာဌာန၊ အဖွဲ့အစည်း၊ လူပုဂ္ဂိုလ်များနှင့် အဆင့်ဆင့် အကြေ အလည် ညှိနှိုင်းဆွေးနွေးမှုများ ပြုလုပ်၍ တိုင်းရင်းသားလူမျိုးအမည် များ သတ်မှတ်ပြီးမှသာလျှင် အတည်ပြုချက်ရယူ၍ ထုတ်ပြန်သွား မည်ဖြစ်ပါကြောင်း၊ ထို့ကြောင့် မန္တလေးတိုင်းဒေသကြီးအတွင်း လီဆူ တိုင်းရင်းသား လူဦးရေစာရင်းကို ထပ်မံကောက်ယူပေးရန် အစီအစဉ် မရှိပါကြောင်း ဖြေကြားသည်။
ထို့နောက် အမျိုးသား လွှတ်တော်ဥက္ကဋ္ဌ ဦးခင်အောင်မြင့်က ပထမအကြိမ် အမျိုးသားလွှတ်တော် သက်တမ်းကာလအတွင်း ဆောင်ရွက် ချက်များနှင့်စပ်လျဉ်း၍ ရှင်းလင်း ပြောကြားပြီး ပထမအကြိမ် အမျိုး သားလွှတ်တော် အစည်းအဝေးကို အောင်မြင်စွာကျင်းပပြီးစီးကြောင်း ကြေညာသည်။
ဒုတိယအကြိမ် အမျိုးသား လွှတ်တော် ပထမပုံမှန်အစည်းအဝေး ကို ဖေဖော်ဝါရီ ၁ ရက်တွင် စတင် ကျင်းပသွားရန် လျာထားကြောင်း သိရသည်။
(သတင်းစဉ်)
No comments:
Post a Comment