Saturday, January 30, 2016

ပထမအကြိမ်နှင့်ဒုတိယအကြိမ် လွှတ်တော်ကိုယ်စားလှယ်များအား ဂုဏ်ပြုကြိုဆိုသည့် နေ့လယ်စာစားပွဲ အခမ်းအနားကျင်းပ



Myanmaalinn's photo.
 နေပြည်တော် ဇန်နဝါရီ ၂၉

ပထမအကြိမ် ပြည်ထောင်စု လွှတ်တော် (၁၃)ကြိမ်မြောက် ပုံမှန် အစည်းအဝေး ၄၁ ရက်မြောက် အစည်းအဝေးပြီးနောက် မွန်းတည့် ၁၂ နာရီတွင် လွှတ်တော်အဆောက် အအုံ ထမင်းစားခန်းမဆောင်ကြီး၌ ပထမအကြိမ်နှင့် ဒုတိယအကြိမ် လွှတ်တော်ကိုယ်စားလှယ်များအား ဂုဏ်ပြုကြိုဆိုသည့် နေ့လယ်စာ စားပွဲအခမ်းအနား ကျင်းပသည်။
အဆိုပါ အခမ်းအနားသို့ ဒုတိယသမ္မတ ဒေါက်တာ စိုင်းမောက်ခမ်း တက်ရောက်ခဲ့ပြီး ပြည်ထောင်စုလွှတ်တော် နာယက ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌ သူရ ဦးရွှေမန်း၊ အမျိုးသားလွှတ်တော် ဥက္ကဋ္ဌ ဦးခင်အောင်မြင့်၊ ပြည်ထောင်စု လွှတ်တော် ဒုတိယနာယက၊ ပြည်သူ့လွှတ်တော် ဒုတိယဥက္ကဋ္ဌ ဦးနန္ဒကျော်စွာ၊ အမျိုးသားလွှတ်တော် ဒုတိယဥက္ကဋ္ဌ ဦးမြညိမ်း၊ ပြည်ထောင်စုဝန်ကြီးများ၊ ဒုတိယ ဝန်ကြီးများ၊ ၂ဝ၁၅ ခုနှစ် လွှတ်တော် အစည်းအဝေးများ ကျင်းပရေး ဗဟိုကော်မတီနှင့် လုပ်ငန်းကော်မတီ များမှ တာဝန်ရှိသူများ၊ ပထမအကြိမ် လွှတ်တော်ကိုယ်စားလှယ်များနှင့် ဒုတိယအကြိမ် လွှတ်တော်သက်တမ်း အတွက် ရွေးကောက်ခံလွှတ်တော် ကိုယ်စားလှယ်များ၊ တိုင်းဒေသကြီး နှင့် ပြည်နယ်မှ ရွေးကောက်ခံ လွှတ်တော်ကိုယ်စားလှယ်များ တက် ရောက်ကြသည်။
အစီအစဉ်အရ အမျိုးသား လွှတ်တော်ဥက္ကဋ္ဌ ဦးခင်အောင်မြင့် နှင့် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည်တို့က အမှာစကားပြောကြားကြသည်။
ယင်းနောက် ဒုတိယသမ္မတ ဒေါက်တာ စိုင်းမောက်ခမ်း၊ ပြည်ထောင်စုလွှတ်တော် နာယက ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌ သူရ ဦးရွှေမန်းနှင့် အမျိုးသားလွှတ်တော် ဥက္ကဋ္ဌ ဦးခင်အောင်မြင့်တို့သည် တက်ရောက်လာကြသူများနှင့်အတူ ဂုဏ်ပြုနေ့လယ်စာကို သုံးဆောင် ကြသည်။
ဂုဏ်ပြုနေ့လယ်စာ သုံးဆောင် နေစဉ် ယဉ်ကျေးမှုဝန်ကြီးဌာန နှင့် လွှတ်တော်ကိုယ်စားလှယ်များက အဆို၊ အကများဖြင့် ဖျော်ဖြေ တင်ဆက်ကြသည်။
ထို့နောက် ပြည်ထောင်စု လွှတ်တော်နာယက ပြည်သူ့ လွှတ်တော်ဥက္ကဋ္ဌ သူရဦးရွှေမန်း နှင့် အမျိုးသားလွှတ်တော်ဥက္ကဋ္ဌ ဦးခင်အောင်မြင့်တို့က ဒုတိယ အကြိမ် လွှတ်တော်ကိုယ်စားလှယ် များ အသုံးပြုရန် လွှတ်တော်ဆိုင်ရာ ဥပဒေ၊ လမ်းညွှန်နှင့် လက်စွဲစာအုပ် ၁၃ မျိုးကို ပြည်ထောင်စုကြံ့ခိုင်ရေး နှင့် ဖွံ့ဖြိုးရေးပါတီ၊ ရှမ်းတိုင်းရင်းသား များ ဒီမိုကရေစီအဖွဲ့ချုပ်၊ ဇိုမီး ဒီမိုကရေစီအဖွဲ့ချုပ်၊ အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ်၊ ရခိုင် အမျိုးသားပါတီ၊ တအာင်း(ပလောင်) အမျိုးသားပါတီနှင့် ပအိုဝ်း အမျိုးသားအဖွဲ့ချုပ် ပါတီတို့မှ လွှတ်တော် ကိုယ်စားလှယ်များထံ ပေးအပ်သည်။
ယင်းနောက် ဒုတိယသမ္မတ ဒေါက်တာ စိုင်းမောက်ခမ်း၊ ပြည်ထောင်စုလွှတ်တော် နာယက ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌ သူရ ဦးရွှေမန်းနှင့် အမျိုးသား လွှတ်တော်ဥက္ကဋ္ဌ ဦးခင်အောင်မြင့် တို့က ဂုဏ်ပြုနေ့လယ်စာစားပွဲတွင် သီဆိုဖျော်ဖြေကြသည့် ယဉ်ကျေးမှု ဝန်ကြီးဌာနမှ အနုပညာရှင်များကို ဂုဏ်ပြုပန်းခြင်းနှင့် ဆုငွေများ ပေးအပ်ကြသည်။
ထို့နောက် ပြည်ထောင်စု လွှတ်တော်နာယက ပြည်သူ့လွှတ် တော်ဥက္ကဋ္ဌ သူရဦးရွှေမန်းက ဂုဏ်ပြု နှုတ်ဆက်စကား ပြောကြားသည်။
ဂုဏ်ပြုနေ့လယ်စာစားပွဲအပြီး တွင် ဒုတိယသမ္မတ၊ ပြည်ထောင်စု လွှတ်တော်နာယကနှင့် အမျိုးသား လွှတ်တော်ဥက္ကဋ္ဌတို့က တက်ရောက် လာကြသည့် လွှတ်တော်ကိုယ်စား လှယ်များကို ခင်မင်ရင်းနှီးစွာ နှုတ်ဆက်သည်။

(သတင်းစဉ်)

No comments:

Post a Comment